သီချင်းလေးက မြန်မာဘုရင် `ဘုရင့်နောင်´အတွက် ယိုးဒယားနိုင်ငံကစပ်ဆိုထားတာရယ် မြန်မာလိုဝတ်ပြီး ဆိုထားတာရယ်ကြောင့် အတတ်နိုင်ဆုံးနှင့် အနီးစပ်ဆုံးဖြစ်အောင် မြန်မာလိုဘာသာ ပြန်ထားပါတယ်။ ဒီသီချင်းလေးရဲ့ စာသားလေးက မြန်မာတိုင်းအတွက်ဂုဏ်ယူဝံ့ကြွားနိုင်တာမို့ .....
`ဆယ်ဆအောင်နိုင်သူ´
မာကျောသူတစ်ယောက်ကို မွေးဖွါးခဲ့ပေမယ့် ပြာလဲ့လဲ့ညကောင်းကင်အောက်ရဲ့ လင်းလက်နေသော ကြယ်များအောက်မှာ တိုက်ပွဲတွေအောင်နိုင်သူဖြစ်ပေမယ့် အခုချိန်မှာတော့ အနီးအနားမှာ ကြင်ဖော်မဲ့နေသော အထီးကျန်ဆန်လှသော ကိုယ့်ဘ၀ကို နာလည်းခဲ့ကာ စိတ်ဓါတ်ကျဆင်းခဲ့ရပါတယ်။ ကိုယ့်ဘ၀ဟာ တကယ်တမ်းပင်ပန်းခဲ့ပေမယ့် ဘုရားတရားဂုဏ်ကျေးဇူးကြောင့် ကျွန်တော်သေဆုံးခဲ့လျှင် ဂုဏ်သတင်းလေးတော့ကျန်ခဲ့မှာပါ။
ထိုသူ့အတွက် ကျွန်တော်တို့တွေ ချီးမွှမ်းလိုက်ပါတယ်။ အချစ်နဲ့ ပတ်သက်လို့ ကံမကောင်းခဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ရင်ထဲမှာ မြတ်နိုးစွာဖြင့် သင့်ကို နှစ်ခြိုက်စွာ ဦးညွှတ်လိုက်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်က သူ့ရဲ့စစ်မက်ကျူးကျော်မှုကို အမေတွေက ပြောပြခဲ့လည်း ကျွန်တော်တို့ ရင်ထဲမှာတော့ သူရဲ့ လုပ်ဆောင်ချက်များ၊ သူ့ရဲ့လက်ရုံးရည် ၊နှလုံး၇ည်ပြည့်ဝမှုတွေအတွက် ပျက်စီးခဲ့တဲ့ မြို့တော်ကိုကြည့်ပြီး အတိတ်ကို ပြောင်းလဲမေ့ပျောက်ခဲပါတယ်။ သူ့အတွက်လူတွေ သေခဲ့၇ပေမယ့် ၊ ကျန်ခဲ့သောလူတွေရဲ့ ပါးစပ်ဖျားမှာ သူ့ရဲ့နာမည် (ဆယ်ဆအောင်နိုင်သူ အနေဖြစ်) ကို တမ်းတစွာ ခေါ်နေဆဲပါ။ ။

0 comments:
Post a Comment