လေနုအေးတို့
ရင်ကို အဝှေ့
တိုးတိတ်စွာဖြစ်
ခိုးလို့တွေးမိတယ်ကွယ် .........
တချိန်က
နွေးထွေးခဲ့တဲ့.....
ကိုယ့်အတွက် .. မင်းရဲ့ရင်ခွင်
အခုမှာတော့....
တစိမ်းသဖွယ်ဖြစ်ခဲ့ပြီမို့
ဝေးဝေးကပဲ.... လွမ်းလို့နေတော့မယ်ကွယ် .... ချစ်သူ၇ယ်။ ။
လွင့်မျောနေတဲ့တိမ်
တိုက်ခိုက်စဲလေညှင်း
ပျံ့လွင့်နေတဲ့ ရနံ့တို့ နှင့်အတူ
မျောလွင့်နေတဲ့ကိုယ့်စိတ်ကူး
ရူးရူးမူးမူးနှင့်
တစ်သက်တစ်ယောက်တွက်
ရည်စူးပြီးခူးတဲ့ပန်းမို့
ကိုယ်ကတော့ မခြွေရက်
တစ်ပါးသူအတွက်သာ
ဖြစ်စေခဲ့တယ်ကွာ။ ။
ရင်မှာ အသစ်ဝင်ရင်
အဟောင်းကို အပြစ်မြင်ပြီမို့
စွန့်ခွါလိုသူ အတွက်
တရစ်ပြီးတရစ်
အမုန်းနွယ်ဆင့်ကာ
အချစ်ပြယ်ပြီမို့
ကျန်ရစ်သူမှာ
အလွမ်းတွေတောင်လိုဖြစ်
ငါ့မှာတော့... ကျန်ရစ်ဖြစ်ပြီကွာ။ ။
အပြစ်မတင်ရစ်အောင်
အချစ်စိတ်ဝင်ကာ
နားလည်ခွင့်လွှတ်ရင်းဖြစ်
ပေးဆပ်နေမယ့်
ကျောက်ဆစ်နဲ့ဖွဲ့တဲ့
နှလုံးသားတစ်စုံနှင့်
လူသားရယ်ပါကွယ်။ ။
ကြမ်းတမ်းခက်ထန်တဲ့ လက်တစ်စုံကို
မင်းမေ့မသွားပါနဲ့ချစ်သူ
ရိုးသားဖြူစင်တဲ့အသည်း
ရဲဝံ့တဲ့သစ္စာနဲ့ချစ်ရဲသူ
မင်းလက်နုဖြူဖြူကိုဖေးကူလို့
ဘ၀တစ်လျှောက်တွဲထူချင်လိုက်ပါရဲ့ …………။
လွမ်းလဲဘဲမနေနဲ့
မလွမ်းဘဲလဲမနေနဲ့
ဘ၀ရဲ့အခြားတစ်ဘက်
အနန္တသစ္စာတွေကိုငဲ့
မင်းပြန်လာခဲ့တော့်ကွယ်………….။ ။
အပြစ်လိုသူစွန့်ခွါသွားတော့
အချစ်လိုသူရင်မှာ
ဒဏ်သင့်ရာနှလုံးသားတစ်ခုနှင့်
ဆိပ်သင့်ရာခံစားမှုတို့စု
ခွန်အားတို့လည်းကုန်
နလန်ထူနိုင်စွမ်းတို့မဲ့ပြီမို့……..
ချစ်နိုင်သူများသိခဲ့လျှင်
အရှင်ရဲ့မေတ္တာမိုးစက်
ဖြန်းပက်မှသာလျှင်
လန်းနိုင်မှာမို့
ချစ်တတ်သူတစ်ယောက်အား
မျှော်ကိုးစောင့်မျှော်ရင်းဖြင့်
မနက်ဖြန်များစွာအား
အသက်သွင်းစေခဲ့တာ
ချစ်နိုင်မယ့်သူတစ်ယောက်သိနိုင်စေသား ။ ။
မင်းနဲ့တို့
ကံမပေးလို့
ဝေးခဲ့ကြစဉ်
ဒဏ်သင့်ရာ
နှလုံးသားတို့၌
အမာရွတ်တို့
စွဲကျန်၇စ်ခဲ့လေပြီ။
သို့သော်.............ချစ်သူရေ
ခါးသီးတဲ့ အလွမ်း
မုန်းတီးမှု...ကြာရှည်လည်း
ချိုမြိန်တဲ့....အတိတ်ကအရိပ်တို့
ယနေ့ထက်တိုင်
ရင်၌စွဲကျန်
အမှတ်ရစဲပါလေ.............ချစ်သူရေ။ ။
ဖားတေးဆိုတဲ့
ချစ်ခဲ့ဖူးသူတစ်ယောက်.....
အချစ်တွေနဲ့ပေးဆပ်
နားလည်မှုနဲ့တည်ဆောက်
သစ္စာတ၇ားနဲ့ဘ၀တည်
စာနာမှုကိုမျှော်လင့်ရင်း
သူဆိုသောသူရယ်.........
တို့အတွက်ပေးခဲ့တာတော့
လမ်းခွဲမှုဟာ ... ရင့်ကျက်ခြင်း
အမုန်းကို....အစစ်ပေးရင်း
စွန့်ခွါခြင်းဆိုသော... ဘ၀သစ်တစ်ခုကို.....ဖန်တီးရှာသူအတွက်
ပေးဆပ်ခဲ့သူတစ်ယောက်ရဲ့....ဆုတောင်းကား
ပန်းခင်းလမ်းရဲ့.... ဖဲမွေ့ရာပေါ်မှာ
ပျော်နိုင်ခြင်းဖြင့်...
ပေးဆပ်သူတစ်ယောက် ....မဖြစ်ပါစေနဲ့သူရယ်။ ။
တဂျုန်းဂျန်းနှင့်
ပြင်းထန်တဲ့မိုး
အငြိုးနဲ.များ
ညှိုးလေသလား
၇ွာကာချနေ
တစ်ကိုယ်၇ည်မှာ
ဖော်မဲ့ဝေးကာ
ဒုက္ခဝေလို.
ဖြေသိမ့်မှုဝေး
အိမ်နဲ.ဝေးချိန်
ဒီအချိန်မှာ
လောကတ၇ား
ငါ့အတွက်ကို
မညှာတာပါ
ဒါ...........မျှတမှုလား။ ။
အတွေးတူ
ဖေးကူမယ့်
ချစ်၇သူကို
အေ၇းတယူ
မျှော်၇င်းဖြင့်
ချိန်တွေလင့်
ကျန်၇စ်ဖြစ်
ဆန်.ကျင်ခဲ့၇ှာ
သဘာဝမှာ.............။ ။
တစ်၇က်ပြီးတစ်၇က်
စိတ္တဇတွယ်ဖက်ကာ
၇င်အစုံကိုကွယ်ဝှက်
လွမ်းချင်းနှစ်အိပ်မက်တွေဟာ
loneliness ...... စွာဖြင့်
စိတ်တိုက်ပွဲများစွာကို
Ceasar..... ၇ဲ.နှလုံး
Patra ......၇ဲ.အပြုံးဖြင်.
ကျန်စစ်လိုအောင်ပွဲဆင့်၇င်း.....
ဖြတ်ကျော်ခဲ့၇ှာ
ဒီ.. ဘဝလှေကားများ။ ။
အတွေးနယ်ချဲ.
ဆွေးဖွယ်တွေဖွဲ.
စိတ်အစဉ်ဟာ
ကမ္ဘာကိုလှည်.
ညကမ္ဘာမှာ
တို.အဖော်မဲ့။ ။



