Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

Showing posts with label Missing Home Poem. Show all posts
Showing posts with label Missing Home Poem. Show all posts

တောင်ကမ်းပါးရံမှာ

ပန်းတွေဝေတော့.....

တစ်ဆောင်းသစ်ပြန်ပေါ့လည်း

ဆောင်းအကုန်နွေအကူး

လေအရူးကြောင့်

ချစ်သောမြေမှာ

ပန်းတို့များလည်း

မြေခကုန်သလို

တပြည်ခြားသူရင်မှာလဲ

လွမ်းဆွေးကြေကွဲတမ်းတနေဆဲပါလေ

ချစ်သောအမိမြေရယ်။ ။


၇င်ကိုနွေးစေတာ “အိမ်”
ဘဝကိုလုံခြုံမှုပေးတာ အိမ်
မေတ္တာတွေစုဝေးရာ အိမ်
မေတ္တာတွေပေးဝေတာ အိမ်
ခိုမှီကာနေထိုင်မှုပေးတာ အိမ်
ဘေးများကိုကာကွယ်တာလည်း အိမ်
အေးချမ်းမှုတွေစုဝေးရာ အိမ်
နားလည်မှုတွေရှိရာ အိမ်
အိမ် အိမ် အိမ်
လူသားတို့တွက် လောကနိဗ္ဗာန်ဟာ “အိမ်” ။ ။

အချိန်တန်လို့
အိမ်ပြန်ရမယ့်
ဆိုတဲ့အသိ....
မိုင်တွေထောင်ချီဝေးလည်း.....
အားမာန်ကိုချီ
ခွန်အားတွေ
ကိုယ်စီစုလို့
ရေဟုန်ကိုဆန်
လှိုင်းဒဏ်ကိုအံတုလို့.....
သင်းဖွဲ့လို့ချီ
အသက်ကိုစတေးခြင်းဖြစ်
ခရီးကြမ်းနှင်ရင်း
ုငါးဆယ်(လ်)မွန်တို့
မွေးရပ်ဌာနီ
အိမ်ပြန်လမ်းဆီ......။ ။

အနေတွေဝေးလို.
ဘဝအရေးအတွက်......
အချိန်မပေးနိုင်ကာ
အိမ်ဝေးသူတွေအတွက်...........
“အိမ်” .....ဆိုတဲ့ စကား
ကြားရရင်ဖြင့်
ရင်ထဲမှာနွေးလို.
အတိတ်ကို......ပြန်ကြည်နူး
စိတ်ကူး......အပြည့်တို.ဖြင့်
မိသားစုဘဝကို........ပုံဖေါ်
အနာဂတ်မှာ....ပြန်ဆုံကြမယ်လို.
စိတ်ကူရင်းဖြစ်
အချိန်တွေ.........ကုန်စေခဲ့တာ
အိမ်ဝေးသူတိုင်းရဲ. ..........
အိမ်မက်လေးပါ.............။ ။

၇င်မှာ အလွမ်း
စိတ်ကမှန်းလည်း
ေ၇ာက်နိုင်ခဲမို.
ဝဋ်ကြွေး၇ှိက
ကျေဖို.၇ာမှာ
ဘု၇ားေ၇ှ.သို.
ကြိမ်ကြိမ်ဦးခိုက်
ဆုတောင်းလိုက်သည်
မိသားစုများ
မဝေးလိုပြီ။ ။


ကြေကွဲစွာဖြင့်
မေ့နိုင်အားကို
ရင်မှာကုစားရင်း
ခရီးဆက်ခဲ့
လုပ် ချင်တာလုပ်
နေချင်သလိုနေ
ပျော်နေပေမဲ့
အချိန်တိုင်းမှာ
အိမ်အားလွမ်းစိတ်
မေ့မရခဲ့ပါ။ ။

Search This Blog

Blog Archive

Visitor

-