Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

Showing posts with label General Knowledge. Show all posts
Showing posts with label General Knowledge. Show all posts

ဘ၀ဆိုတာ...........
နောင်တတွေ ကြားမှ နိုးထဖို့ဆိုတဲ့ အခွင့်အရေးလေး ပေးဖို့အတွက်တောင်မှ
တိုတောင်းလွန်းလှပါတယ်။
တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ
သင့်ဘ၀အတွက်.....
မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ပေးခဲ့သူတွေကို
မေတ္တာတရားတွေ ပြန်ဝေမျှရင်း၊
သင့်ဘ၀အတွက်.....
အနာတရတွေနှင့် ဒဏ်ဖြစ်စေခဲ့သူတွေကိုအား
မေတ္တာတွေနဲ့ ပေးဆပ်လိုက်ရင်း...
ခွင့်လွှတ်လိုက်ခြင်းသည်သာ
ဘ၀ ရဲ့ စစ်မှန်တဲ့ အနှစ်သာရလေးပါ။ ။

ဘ၀မှာ........အရိပ်တွေဖြစ်တဲ့
ချိုမြိန်မှုဟာ.....ပျော်ရွှင်ခြင်းကိုပေးကာ
အားမာန်မှာတော့....ရွေးချယ်နိုင်မှု
ဝမ်းနည်းကျေကွဲမှုက...လူ့သရုပ်ပီပြင်စေကာ
အောင်မြင်ခြင်းက....လူ့ဘ၀ရဲ့ ခမ်းနားမှု
ခမ်းနားမှုတွက်...အောင်မြင်ခြင်းဖြစ်ရပ်တည်ကာ
ကျဆုံးမှုက......အညတရဖြစ်စေခဲ့လည်း..............


ဘ၀ဆိုတဲ့.............အရာမှာ
ဘုရားရဲ့လမ်းညွှန်မှုအောက်မှသာ
သင့်အား..... လမ်းမှန်လျှောက်နည်းကို
ပေးမှာဖြစ်တာကြောင့် ...........။ ။

လောကမှာ အခက်ခဲဆုံးအရာတစ်ခုဟာ လူဖြစ်ရဖို့ ဖြစ်မယ်ထင်ပါတယ်။ ထိုခက်ခဲခြင်းကို လူတို့က `လူ့ပြည်ကအပ်တစ်စင်းနှင့် ဗြဟ္မာပြည်ကအပ်တစ်စင်း ထိဖို့လွယ်ပေမယ့်၊ လူရယ်လို့ ဖြစ်ဖို့က ခဲယဉ်းတယ်´ လို့ ပြောတတ်ကြပါတယ်။

ဤမျှရတောင့်ရခဲလှသော လူ့ဘ၀မှာ လူသားတို့အကြောက်ဆုံးသောအရာမှာ သေမင်းနှင့် ရင်ဆိုင်ရခြင်းပင်ဖြစ်ပါလိမ့်မယ်။ လူသားတို့သာမက သက်ရှိသတ္တ၀ါတိုင်း မည်မျှပင် စိုးစိတ်ရှိရှိ၊ သေခြင်းဆိုသောအရာကို မလွှဲဧကန် တချိန်ချိန်မှာ ဖြတ်ကျော်ရခြင်းဟာ သဘာဝတရားကပေးသော သတ္တ၀ါတိုင်းအတွက် မျှတမှုကြီးတစ်ခုပါ။

အမှန်စင်စစ် သေခြင်းဆိုသည်မှာ ခန္ဓာ့ဝန်ကို ခြွေချသောအရာလေးတစ်ခုပါ။ ဥပမာပေးရမယ်ဆိုလျှင် လိပ်ပြာငယ်တစ်ကောင်ဟာ အမိပိုးအိမ်ငယ်လေးမှ ထွက်ခွါလာပြီးနောက် လိပ်ပြာလေးဟာ မြင့်မားသောအသိတရားများကို လောကအလယ်ကျင်လည်ရာမှ ရရှိလာပြီး၊ ထိုမှတဆင့် နားလည်မှု၊ ပျော်ရွှင်ရယ်မောမှု ဟူသောစိတ်အာရုံများ၊ ကိုယ်ခန္ဓာကြီးထွားဖွံဖြိုးမှုများနှင့် နောက်ဆုံးအနေဖြင့် ဆန္ဒနှင့် ကိုယ်ခန္ဓာဆုံးရှုံးမှုတွေကို ဆက်တိုက်လက်ခံရရှိလာတာဟာ သဘာဝတရားပါ။ အဆုံးမှာတော့ အရာအားလုံးကို စွန့်ခွါသွားရခြင်းပါ။

လူတွေ စိုးရွံကြောက်လန့်နေတဲ့ သေခြင်းဟာ ဥပမာပေး၇လျှင် နွေဦးရာသီရောက်ပြီဆိုလျှင် လူတွေဟာ သူ့တို့ ၀တ်သော ဆောင်းရာသီအ၀တ်ထူထူကို မလိုလားတော့ဘဲ ဖယ်ရှားလိုက်ခြင်းပါ။ သေခြင်းဆိုတာဟာလည်း ရှိပြီးသား ခန္ဓာကိုယ်ကို အ၀တ်လဲသလိုမျိုးစွန့်လိုက်ခြင်းပါ။ သို့ပေမယ့် ထိုကဲ့သို့ ခန္ဓာကိုယ်အား စွန့်လွှတ်ရမှာကို လူတို့ အမတန်အမတန် အလွန့်အလွန်ကိုဝန်လေးနေကြပါတယ်။ ထိုကြောက်၇ွံ့နေမှုကို ကျော်လွှားနိုင်ဖို့အတွက်ကို ငယ်၇ွယ်စဉ်ကတည်းက၊ ကျန်းမာစဉ်ကပင် ဖြစ်၊ပျက်တရားရှုမှတ်ရင်း ရုပ်ဆိုသော ခန္ဓာမှာ နာမ်ဆိုသောစိတ်ကို ကွာချခြင်းသာ ဖြစ်သောကြောင့် လူတွေအားလုံးကြောက်ရွံ့နေသော သေခြင်းတရားကိုတည်ငြိမ်စွာ ဖြစ်ကျော်နိုင်ပါစေ ဆန္ဒပြုသည့်အနေဖြစ် ရေးသားလိုက်ခြင်းပါ။ ။

" Death is simply a shedding of the physical body...................it is like putting away your winter coat when spring come" written by " Elisabeth Kubler_Ross" ရေးသားချက်ကို ကိုးကားထားခြင်းပါ။


တစ်ခါက ဘု၇ားသခင်က လူတစ်ယောက်ကို " မင်းကမ္ဘာကြီးကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သင့်တယ်" လို့ပြောသတဲ့။ ထိုအခါ ထိုလူပြန်ပြောလိုက်တာက " ဘယ်လို တည်ဆောက်၇မှာလဲ ခင်ဗျာ။"လို့မေးသတဲ့။ "ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးက တော်တော်ထူးဆန်းးပါတယ်။ ကျွန်တော်မျိုးဟာ ငယ်၇ွယ်ပြီး၊ အသုံးမကျတဲ့ လူသားတစ်ဦးပါ။ ဒီလို ဆန်းပြားတဲ့ ကမ္ဘာထဲမှာ ကျွန်တော်မျိုးလုပ်ဆောင်နိုင်တာ ရှိမယ်မထင်ပါဘူး" လို့ ဆက်လက်ဖြေကြားတာပေါ့လေ။

ဒီတော့ ဘု၇ားသခင်ဟာ ဥာဏ်အမြော်အမြင်ကြီးစွာဖြစ့် သနားသဖြင့် ဖြေကြားလိုက်တာကတော့ "မင်းကိုယ်ကိုယ်မင်း အရင်ဆုံး ကောင်းလာအောင် လုပ်ဆောင်ပေါ့" ဟု ဖြေကြားလိုက်သတဲ့။

ဒီပုံပြင်လေး ဆိုလိုတာက လူတွေဟာ သူများကိုယ် ကူညီပံ့ပိုးမှုအတွက် ကိုယ်ကိုယ်တိုင်အ၇င်ဆုံး စံပြတိုးတက်အောင်လုပ်နေသူဖြစ်၇ပါမယ် (သို့) ကိုယ်တိုင်တိုးတက်မှုကို လုပ်ဆောင်နေသူဖြစ်ရပါမယ်။ ဘ၀ရဲ့ အရာရာတိုင်း လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းရည်တိုးတက်မှုကသာလျှင် ထိုလူကို လူတော်လူကောင်းတစ်ဦးြ ဖစ်လာစေနိုင်တာပါလေ။ ။

translating from "Quintessence of self-improvement" (Inspring Stories) by Dr. G. Francis Xavier.


Not once in a thousand times is it possible to achieve anything worth achieving except by labour, by effort, by serious purpose and by willingness to take risk.
(Theodore Roosevelt)


တစ်ခါက တပည့်တစ်ယောက်ဟာ ဆရာတစ်ဦးထံ ၀င်ရောက်တွေဆုံရာ တပည့်က ဆရာအား သူ ဆရာအား ဂါရာဝလာပြု၇ာတွင် သူ့လက်ထဲတွင် မည်သည့်အရာမှ မပါဝင်ခဲ့ကြောင်းပြောဆိုကာ ကန်တော့လေတယ်။ ထိုအခါ ဆရာက တပည့်အား `မင်း အခုချက်ခြင်း ပစ်ချခဲ့´ဟု ပြောလေရာ တပည့်က `ဘာမှ မရှိတော့ဘူးဆရာ´ဟုပြန်ဖြေလိုက်လေတယ်။ ထိုအခါ ဆရာက တပည့်အား ထပ်မံပြောကြားလိုက်သည်မှာ `ဒါဆို မင်းအနားမှာ ရှိတာကိုပြန်သယ်သွားတော့ကွာ´။ ။

translates from "world inspiring stories" of "story of nothing" by Dr.G. Francis Xavier

လာလာသမျှသော တပည့်တိုသည် ဆရာ အတွက် တန်စို့လက်ဆောင်များဝယ်ကာ သူတို့အလိုအတွက် ချဉ်းကပ်ကြသူများသာ ဖြစ်ပြီး ယခုတပည့်ကား ပညာတွေတတ်မြောက်သွားသော်လည်း မည်သည့်အရာမှ မပါဝင်ဘဲ အစဉ်အမြဲ ဆရာ့အား ဂါရာဝတရားဖြစ်လာရောက် ကန်တော့လေ့ရှိပါတယ်။

ဆရာက သူ့အား ပစ်ချခိုင်းခြင်းသည် ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်း ၊ ပစ္စည်းဂုဏ်မောက်သော အယူအဆများကို စွန့်လွှတ်ခိုင်းတာဖြစ်ပြီး တပည့်လုပ်သူပြန်ဖြေလိုက်တာကတော့ သူ ထိုအယူအဆများကို စွန့်လွှတ်ထားပြီးဖြစ်ကြောင်းကို `ဘာမှ မရှိတော့ဘူးဆရာ´ဟုပြန်ဖြေခဲ့တယ်။ ဆရာက သူ့အား `ပြန်သယ်သွား´ ဟု ပြောကြားခြင်းသည် `စွန့်လွှတ်တတ်သော သဘောထားကို ပြန်လည်သယ်ဆောင်သွား´ဟု သတိပေးစကားပြောကြားခြင်းပင် ဖြစ်လေတယ်။

ဒီဝတ္ထုလေးက `ဘာမှမရှိခြင်းဆိုသည်´ မှာ လူတိုင်းလူတိုင်းဟာ မိမိကိုယ်ကို နှိမ့်ချသော စိတ်သဘောထား ထားရှိကာ အရာရာကို `စွန့်လွှတ်နားလည်တတ်သော သဘောထားဖြင့် ဂုဏ်ပကာသန ကင်းစင်စွာ နေထိုင်တတ်လျှင် ဘ၀သည် ပူလောင်မှုတွေကင်းစင်မည်မှာ အမှန်ပင်ဖြစ်ကြောင်းကို သတိပေးထားသော စာပိုဒ်ကောင်းလေးတစ်ခုအား တင်ပြလိုက်ပါတယ်။ ။


`ဗျာ၊ ဘယ်သူလဲအမေ၊ သားမကြား၇ဘူး၊ ပြန်ပြောပေးပါအုံး´ လို့မေးလိုက်တဲ့အခါမှာ `..........လေ´ တဲ့။ ကိုယ့်နားကို ကိုယ်မယုံသလိုတောင်ဖြစ်သွားတယ်။ ပထမအကြိမ်တုံးက မကြားလိုက်ဘူးထင်တာ ဘယ်ဟုတ်မလဲ သေချာသွားပါပြီ။ အမေကလည်း ဖုံးထဲမှာ အသံတွေတုန်လို့ဆိုတော့ `ဪ အမေရယ် လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပါ၊ သူေ၇ှ့ကသွားတော့ ကိုယ်လုပ်ပေးစရာ လုပ်ပေးနိုင်တာပေါ့ အမေရယ်။ အမေသာနေကောင်းအောင်နေနော်။ ဒါမှ အမေသူ့ကို ပြုစုပေးနိုင်မှာပေါ့ အမေရယ်´ လို့ တရားသာ တစ်ဖက်က ချနေရတာ ကိုယ့်ရင်ထဲမှာတော့ မချီဘူးပေါ့ဗျာ။

ဖုံးချပြီးတော့လည်း ဘာလုပ်ရမှန်းမသိအောင် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေတာကိုယ်တာအသိပါ။ သိပ်မကြာသောကာလမှ ကိုယ့်အချစ်ဆုံးအဒေါ် လူလောကကထွက်ခွါတော့မှာကို သိ၇တယ်။ အဒေါ်က ငယ်ငယ်လေးပါ။ လူတိုင်းအပေါ် သဘောကောင်းစွာ၊ တာဝန်ကျေပြွန်းလွန်သူ၊ ကျောသားရင်သားမခွဲခြားဘဲ လူတိုင်းကို ချစ်တတ်၊ လုပ်ကိုင်ပေးတတ်သူပါ။ ဘာသာတရားဆိုလျှင်လည်း သူ့လောက်၇ိုသေသူ၊ တရားမျှတသူတစ်ယောက်ပါ။ အားလုံးကို တာဝန်ဝတ္တရားအရ လုပ်ပေးခဲ့တာမဟုတ်ဘဲ စေတနာပါပါ သူတစ်ပါးအကျိုးကိုဆောင်နိုင်သူ တစ်ယောက်ပါ။ ဒီလိုလူမျိုးကို လောကကြီးက စောစောထွက်ခွါခွင့်ပေးသတဲ့ဗျာ။

ငရဲမင်းက လူကောင်းတွေကိုဘဲ တမင်တကာ စောစောလူ့လောကထဲက ခေါ်ထုတ်နေသလားဗျာ။ မတရားလိုက်တာ၊ ဘာလို့များမျက်နှာသာမပေးတာလဲ။ လူတော်လူကောင်းတွေကို လောကမှာ ကြာကြာမထားချင်လို့လား (သို့) လူတွေကို အကျိုးပြုမှာဆိုးလို့လားဟင်။ သူတို့တွေကို လူတွေပိုချစ်လာမှာ၊ အားကိုးလာမှာဆိုးလို့လားဟင်။ ပြောပြစမ်းပါ ငရဲမင်းကြီး၇ယ်လို့ အဓိပ္ပါယ်မဲ့စွာတောင်းဆိုမိတယ်။ လူဆိုးတွေကျတော့ လူလောကထဲမှာ တမုန်းနေပြီး လူတွေကို ဒုက္ခတွေပေး၊ သောကတွေပေးပြီးတော့ ဘ၀ကို ကုန်ဆုံးခွင့်တွေပေးခဲ့တယ်။ သူတို့ ဘ၀ကို သူတို့ဖန်တီးပြီး ကျန်သောသူများအတွက် ၇တက်ပွေစေခဲ့တယ်။ ဒါတွေဟာဘာကြောင့်လဲဗျာ။

အချိန်တော်တော်ကြာသည်အထိ အိပ်စက်လို့မ၇တာကြောင့် ဘုရားကို အာရုံပြုပြီး စိတ်ပုတီးလေးစိတ်အပြီးမှာတော့ အသိလေးတစ်ခုကပ်လာပါတယ်။ လူကောင်းတွေကို လောကထဲမှာ ဘာကြောင့်ကြာကြာမထားဘဲ၊ ဆိုးသွမ်းသူများကို နေခွင့်ပေးထားသလဲဆိုတာပေါ့လေ။ လောကကြီးမှာ အပြစ်တွေလုပ်ထားတာတွေ့မိရင်၊ တားမိမှာ၊ ဟန့်တားမိမှာဆိုးတာကြောင့် အကုသိုလ်ဖြစ်မှာဆိုးလို့ လောကကြီးမှာ ကြာကြာမနေခိုင်းတာဖြစ်မှာ သေချာတာပေါ့ဗျာ။ `တစ်ဘ၀စံ´ ဖြစ်တဲ့ ဆိုးသွမ်းလူမိုက်များအတွက်ကတော့ လူ့ဘ၀ကို နောက်တစ်ကြိမ်ထပ်မံ ရောက်ရှိတော့မှာ မဟုတ်တဲ့အတွက် လူလောကမှာ ကြာကြာနေခွင့်ပေးကာ ၊ သူတို့ကို လမ်းပြပေးမယ့်သူ လူသူတော်ကောင်းများကိုလည်း လူ့လောကထဲမှ စောစီးစွာ၇ှင်းလင်းထားခြင်း ဖြစ်ပေမယ်။ ဒီလို လူလောကကို အကောင်းမြင်တတ်အောင် ကြည့်မိ၇င်တော့ လောကကြီးက လူတွေအပေါ်တရားတယ်လို့ ကျွန်တော်မြင်လာတယ်။ ကျွန်တော်လိုဘဲ လူတိုင်းတွေးမိကြမယ် ဆိုရင်ဖြင့် လူတော်လူကောင်းတွေကို ခဏတာနေခွင့်ပြုပြီး၊ တစ်ဘ၀စံ လူဆိုးလူမိုက်လူ၇မ်းကားတွေကို အသက်၇ှည်ခွင့်ပေးထားခြင်းဟာ လူ့လောကရဲ့ မျှတသော စီရင်ခြင်းဘဲလို့ မြင်မှာသေချာပါတယ်ဗျာ။ ။


မြူခိုးတွေဝေနေတဲ့ နံနက်ခင်းလေးဟာ ကျွန်တော့်စိတ်ကို အမှန်တကယ်ကြည်နူးသာယာမိပါတယ်။ လူဘ၀ဟာုတိုတောင်းတဲ့အချိန်မှာ လူအချင်းချင်း ပြိုင်ဆိုင်မှုတွေနဲ့ဘဲ ကုန်ဆုံးနေကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုတွေ လုပ်ရင်း အချိန်တွေကုန်မှန်းမသိကုန်၊ ဘ၀တွေအိုမှန်းမသိအိုရင်း၊ လက်ရှိဘ၀အတွက် ရုန်းကန်ရင်းဖြတ်သန်းခဲ့ကြတယ်။ အပျော်အတွက်တော့ ဟိုဟိုဒီဒီသွားကာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိတဲ့ loneliness ဖြစ်စွာဖြင့် သဘာဝအလှတရားကို မခံစားနိုင်ကြတာဟာ လူတွေရဲ့အလွန်လဲမဟုတ်ဘူးဗျာ။ ခေတ်ကိုက စက်ရုပ်ခေတ်ဆိုတော့ လူသားတွေလည်း စက်ရုပ်လို သက်ဝင်လှုပ်ရှားနေကြတာဟာ မဆန်းလှပါဘူး။

ခေတ်ကအရမ်းတိုးတက်လာလေလေ ခေတ်ကိုဆန်အောင်၊ ခေတ်ကိုလွန်အောင် လုပ်ရင်း လူတွေဟာပြိုင်ဆိုင်မှုတွေကြားမှာ နှစ်မြှပ်နေကြတာပါ။ ခေတ်ပြိုင်ဖြစ်လာလေလေ သဘာဝတရားကို လစ်လျှုရှုရင်း သဘာဝတရားတွေဟာလည်း ပျက်စီးလာနေပါပြီ။ ဘာလိုပဲ ခေတ်မှီမှီလေ သဘယတရားတွေ မျိုးပြုန်းတော ရာသီတွေ ဖောက်ပြန်ကာ၊ သဘာဝကပ်တွေ၊ ရောဂါဆန်းတွေပေါလာလိုက်နဲ့ သေလိုက်ကြတဲ့ လူတွေဗျာ။

အားကစားဆိုရင်လည်း Gym ကို တကူးတက သွားကစားနေကြတယ်။ အခုလို လှပတဲ့ နံနက်ခင်းမှာ အိပ်ယာကစောစောထပြီး သန့်ရှင်းလတ်ဆတ်တဲ့လေနဲ့ သာယာလှပတဲ့လောကအလှကို ခံစားရင်း လမ်းလျှောက်ထွက်ခြင်းဟာ မနက်စောစောထခြင်းမှလွဲ၍ လူကိုလန်းဆန်းတက်ကြွကာ ကျန်းမာရေးလည်းကောင်းကာ ကိုယ်ရည်စစ်စေတယ်ဗျာ။ ဒါ့အပြင် အရောင်တွေခြယ်သမထားတဲ့ လောကကြီးကို တ၀ခံစားနိုင်ပါတယ်။

ဒီလိုကောင်းမွန်တဲ့ အကျိုးတရားများစွာရှိတဲ့ နံနက်ခင်းအလှကို လက်လွတ်သွားမှာဆိုးလို့ အသိပေးလိုက်ပါတယ်ဗျာ။ ။

February ရဲ့လလေးမှာ ကမ္ဘာတ၀ှမ်းရှိ နေရာတော်တောများများမှာ ဆောင်းလရာသီဖြစ်တာကြောင့် နှစ်စဉ်နှစ်တိုင်း ဒီအချိန်လေးဟာ အအေးလရာသီလေးပါ။

ဒါပေမယ့် ဒီတစ်နှစ်မှာတော့ ထူးထူးခြားခြား အနောက်နိုင်ငံတော်တော်များများမှာ အဆမတန်အေးချမ်းကာ နှင်းတွေကျနေပေမယ့် ကမ္ဘာ့အရှေ့ ပိုင်းဒေသတော်တော်များများမှာ အပူချိန် 30 ဒီဂရီ ဖာရင်ဟိုက်တောင်ကျော်နေပြီး နွေရာသီလို ပီပီပြင်ပြင်ပူနေလေပြီ။

ဟိုးအရင်တုန်းကဆို ဒီလိုရာသီဥတုဖောက်ပြန်မှုဆိုတာဟာ အင်မတန်နည်းပါးပါတယ်။ အခုဆို ရာသီဥတုသာဖောက်ပြန်လာတာ မဟုတ်ပါဘူး၊ ရောဂါဆန်းတွေနဲ့ လူတွေဟာ ဖောက်ပြန်လာကြပါတယ်။ ဆန်းပြားလာမှုတွေဟာ လူတွေကြောင့်လားလို့တောင် အတွေးဝင်လာမိတယ်။ ရာသီနဲ့မလိုက်ဖက်တဲ့ အ၀တ်များကို သူများတွေဝတ်တာကြောင့် လိုက်ဝတ်တတ်တဲ့လူတွေရဲ့စိတ်၊ လူအချင်းချင်း လိုက်နာလေးစား၇မယ့် လူ့ကျင့်ဝတ်တွေကို လိုက်နာမှုမဲ့သောစိတ်၊ ကာမဂုဏ်မှာ ရစ်တွယ်လို့ ကိုယ်ကျင့်ပျက်တဲ့စိတ်တွေကြောင့် ဖြစ်တာလို့ ကျွန်တော်ထင်မိတယ်။

ဒီလိုပျက်ပြားလာတဲ့ လူ့စိတ်တွေ၊ အကျင့်စရိုက်တွေ၊ အစားအသောက်အနေအထိုင်တွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ သဘာဝတရားကို လျစ်လျှူရှုကာ၊ ဥပက္ခာပြုမှုတွေ၊ ဆန်းသစ်တီထွင်မှုတွေကြောင့် ရာသီတွေဆန်း၊ ရောဂါဆန်းတွေ ဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်လေ။ ဒါပေမယ့် ကိုယ့်အတွေးဟာဆန်းလို့ဘဲ ဒီလိုလွဲမှားတဲ့ အတွေးတွေဝင်နေတာပဲဖြစ်မှာပါဗျာ။ ။

အသက်တွေကြီး၇င်းလာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့အခါမှာ ဘ၀ရပ်တည်မှု၊ ဘ၀လုံခြုံမှု၊ ဘ၀အာမခံမှုတို့ ၇ှိစေရန်တအားကြိုးစားလာမှဘဲ (သို့) သူတစ်ပါးနှင့် အစစအရာရာ နှိုင်းယှဉ်ကြည့်မှဘဲ ကိုယ့်ရဲ့လိုအပ်ချက်၊ အားနည်းချက်၊ မပြည့်စုံချက်တွေကို ကိုယ်ကိုယ်တိုင် မြင်လာသလို (သို့) သူတစ်ပါးထောက်ပြမှ တွေ့လာ၇တာတွေလည်း ရှိတယ်လေ။ အလုပ်ခွင်မှာဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာဖြစ်ဖြစ်၊ အစစအရာရာမှာ အားနည်းချက်ရှိသူက မျက်နှာငယ်ရ၊ အောက်ကျို့ ရစမြဲပါ။ ကြာလာတော့ လူဆိုတာ အများနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်လာ၊ အားငယ်လာ၊ ရှက်လာတယ်ဗျာ။

ဒါကို တစ်ဘက်မှာ ကြိုးစားအားထုတ်ရင်တော့ ဘယ်သူမဆို တိုးတက်လာစမြဲပါ။ ဒါပေမယ့် လူတိုင်းက လမ်းလျှောက်နေသူမဟုတ်ဘူး။ သူတို့လည်း ခေတ်ကိုလိုက်ပြီး ပြေးနေကြတာဆိုတော့ သူတို့ကို မသာနိုင်၊ မမှီနိုင်ပေမယ့် ခေတ်ကိုအမှီလိုက်နိုင်လာပါတယ်။

ဒီလိုမှမဟုတ်ဘဲ နေရာတစ်ခုမှာ အမှီမလိုက်ဘဲ ရပ်ကျန်နေမယ်ဆိုရင် မပင်ပန်းပေမယ့် ခေတ်နောက်ကျန်နေသူသာဖြစ်မှာသေချာတယ်ဗျာ။ ဘယ်လောက်ပဲ ဥစ္စာပစ္စည်းပေါပါစေ ထိုလူဟာ လူ့အသိုင်းအ၀ိုင်းထဲဝံ့ဆန့်နိုင်တဲ့ စွမ်းအားနည်းပါးသွားသူပါ။ ကျန်လူတွေကိုဝေဖန်နေမယ့်အစား အားလပ်ချိန်မှာ ဘ၀တိုးတက်မှုကိုရှာရင်း တိုတောင်းလှတဲ့ လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိလေးဖြတ်သန်းနိုင်မှာပါ။

ငယ်ရွယ်စဉ်က မိဘတွေပေးနေပါလျှက် မယူမိခဲ့စဉ်ကအချိန်များ၊ အခွင့်မရ၍မယူနိုင်တဲ့အချိန်များကို နောင်တရတမ်းတမိလျှင် ယခုအချိန်ကျမှာ သူတစ်ပါးအားဝေဖန်မှုမပြုဘဲ ကြိုးစားအားထုတ်ရင် ကျွန်တော်အပါအ၀င် လူတိုင်းခေတ်ကိုအမှီလိုက်နိုင်ပါသေးတယ်။ ထိုအတူ မျိုးဆက်သစ်လူငယ်များကိုလည်း အရွယ်လွန်နောင်တမျိုးမရစေ၇န် တိုက်တွန်းရအောင်ဗျာ။ ။
( ဒီနေ့ ကလေးလေးတွေ ကျောင်းမတက်ဘဲ အပြင်မှာထိုင်ပြီး အချိန်ဖြုန်းနေတာကိုတွေ့လို့ အမှတ်တရလေး ရေးလိုက်မိတယ်။)


Christmas ဆိုသော အဓိပ္ပါယ်ဟာ လူတိုင်းအတွက် အမျိုးမျိုးသက်ေ၇ာက်စေပါတယ်။ သို့သော်လည်း လူအများစုသည် Christmas (သို့) ထင်းရှူးပင်လေးဧ။ိ မူလဖြစ်ပေါ်မှုလေးကို သိရှိသူ တော်တော်နည်းပါးလှပါတယ်။ ဒါကြောင့် ကျွန်တော်ဖတ်မိသော စာလေးထဲက အတိုင်း ကောက်နှုတ်တင်ပြလိုက်၇ပါတယ်။

AD ၃၅၄ ကပေါ့၊ (Catholic) ဗ၇င်ဂျီ ဘုန်းတော်ကြီးတစ်ပါးဟာ Jesus ရဲ့ မွေးနေ့ပွဲကို ကျင်းပ၇န်အတွက် စဉ်းစား၇ာမှာ God ရဲ့ Bible ကို ယုံကြည်မှုမ၇ှိသူ၊ ဘုရားမရှိသူ Romans တို့ရဲ့ ဆောင်း၇ာသီဧ။ိအအေးဆုံးအချိန်မှာ ကျင်းပလေ့ရှိတဲ့ The unconquered Sun (မအောင်မြင်သောနေမင်း) ရဲ့ မွေးနေ့ပွဲ ကိုသတိ၇မိတယ်။

ဆောင်း၇ာသီဧ။ိအအေးဆုံးအချိန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အဓိပ္ပါယ်၇ှိတဲ့အပြင်၊ တစ်နှစ်လုံးမှာ ၇ရှိချိန်ဟာ အတိုဆုံးလည်းဖြစ်တာပေါ့။ ဒါ့အပြင် ၇ှည်လျားလှသော နွေရက်များကို တဖန်ပြန်လည်မွေးဖွားပေးခဲ့တယ်။ ဖတ်မိတဲ့စာထဲမှာ ဆိုထားတာကတော့ ၇ှိရှိသမျှသော ရှေးဟောင်းသမိုင်း သုတေသနပြုလုပ်ထားမှုတွေဟာ ရှုပ်ထွေးမှုတွေရှိနေပါတယ်လို့ ဆိုထားတယ်။

ဘာသာတ၇ားမဲ့သူတွေ၊ ဘု၇ားမဲ့သူတွေရဲ့ အေးချမ်းလှတဲ့ ဆောင်း၇ာသီဧ။် ပွဲတော်မှာ ဝက်သစ်ချပင်ကို အသုံးပြုခဲ့ပါတယ်။ နှစ်တွေကြာတော့ ဝက်သစ်ချပင်လေးဟာ အမြဲစိမ်း သစ်ပင်လေးအဖြစ်ပြောင်းလာပြီး ဘာသာတ၇ားမဲ့၊ ဘု၇ားမဲ့သူ ဂျာမန်လူမျိုးတွေက စတင်တွေ့၇ှိသတဲ့။ ဒီနေ့မှာရှိတဲ့ Christmas သစ်ပင်လေးတွေဟာ ဂျာမနီကစတင်ခဲ့တာဖြစ်ပြီး၊ ၁၈၃၂ လောက်မှ အင်္ဂလန်သို့ထပ်မံပျံ့နှံ့သွားကာ ထိုမှတဖန် အမေ၇ိကားသို့ေ၇ာက်၇ှိသွားခြင်းဖြစ်တယ်။ ဒါလေးကတော့ Christmas သစ်ပင်လေးတွေရဲ့ အစပေါ့ဗျာ။ ။

Translates from “ The Christmas Tree” by Bettey Johnson


၁။ သင့်တော်သော်သူကိုသာ လက်ထပ်ခြင်း။ (ဒီဆုံးဖြတ်ချက်က သင်ဧ။်ဘဝ ပျော်ရွှင်ခြင်း၊ စိတ်ဆင်းရဲခြင်း
၉၀% ကိုဖြစ်စေပါတယ်)
၂။ သင့်ဧ။် လေးစားထိုက်သောအချိန်နှင့် စွမ်း၇ည်ကို ပြစေသော ပျော်၇ွှင်ဖွယ်ကောင်းသော
အလုပ်ကိုလုပ်ခြင်း။
၃။ လူတိုင်းကို သူတို့မျှော်လင့်ထားသည်ထက်ပို၍ ရွှင်ပြလန်းဆန်းမှုကို ပေးခြင်း။
၎။ သင့်ဘဝကို လက်ရှိထက်ပို၍ စိတ်အားထက်သန်ကာ၊ အကောင်းမြင်ဝါဒများရရှိအောင်မြင်တတ်ခြင်း။
၅။ သင့်ကိုယ်ကိုယ့်ေ၇ာ၊ သူတစ်ပါးကိုပါ ခွင့်လွှတ်တတ်ခြင်း။
၆။ မွန်မွန်မြတ်မြတ်နှင့် ရက်ေ၇ာတတ်ခြင်း။
၇။ သူတစ်ပါးဧ။ိ ကျေးဇူးကိုသိတတ်ခြင်း။
၈။ ခံနိုင်၇ည်ရှိခြင်း။
၉။ ငွေကိုစနစ်တကျ သုံးစွဲတတ်ခြင်း။
၁၀။ သူတစ်ပါးကို ကိုယ်လိုသဘောထားကာ ဆက်ဆံခြင်း။
၁၁။ အမြဲမပြတ် တိုးတက်အောင် ကြိုးစားနေခြင်း။
၁၂။ အ၇ည်အချင်ပြည့်အောင်ကြိုးစားနေခြင်း။
၁၃။ ပစ္စည်း၊ အာဏာ နှင့် ဂုဏ်သိက္ခာတို့သည် ပျော်၇ွှင်ခြင်း အစစ်အမှန်မဟုတ်၊ လူသားအချင်းချင်း
လေးစားမှုနှင့် ချစ်ခြင်းမေတ္တာဖြစ်သာဆက်ဆံခြင်း။
၁၄။ သစ္စာရှိခြင်း။
၁၅။ ရိုးသားခြင်း။
၁၆။ ကိုယ်အားကိုယ်ကိုးခြင်း။
၁၇။ ဆုံးဖြတ်ချက်ချတတ်ခြင်း (တခါတရံ အမှားတွေ့သည့်တိုင် ဆုံးဖြတ်နိုင်ခြင်း)။
၁၈။ သူတစ်ပါးအားအပြစ်မတင်ခြင်း၊မရှုံ့ချခြင်း (ကိုယ့်တာဝန်ကိုယ်ယူတတ်ခြင်း)။
၁၉။ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ အတိတ်အတွက်နောင်တမ၇ခြင်း။
၂၀။ သူတစ်ပါးကိုဂရုတစိုက်ချစ်တတ်ခြင်း။
၂၁။ မိဘတွေ ဂုဏ်ယူတတ်အောင် မလုပ်ပြခြင်း သည် သင့်အတွက်အနာဂတ်မှာအောင်မြင်ခြင်း။

translates from "21 Suggestions for Success" by H. Jackson Brown, Jr.

(လူတိုင်းအောင်မြင်မှုရရှိပါစေ၊)

သူငယ်ချင်းတစ်ယောက်ပို့လိုက်တာလေးကို ဖတ်ပြီးသဘောကျတာကြောင့် ယောကျာ်းနှင့် မိန်းမလေးတို့၏ ကွာခြားချက်လေးတွေကို ကြည့်ကြည့်နော်။ ဒီနေ့က အမျိုးသားနေ့ဆိုတော့ အမျိုးသားနဲ့အမျိုးသမီး ဘာကွာခြားသလဲဆိုတာ ဖတ်ကြည့်ပေါ့ဗျ။


လူ့ဘဝဆိုတာ ရှုပ်ထွေပွေလီလွန်းကာ ဒုက္ခတွေနှင့် မွေးဖွားလာတာပါ။ ဒုက္ခဆိုတာ လူတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကို စမ်းတာပါ။ ဘယ်လောက်စိတ်၇ှည်ရှည်ထားကာ၊ တည်တည်ငြိမ်ငြိမ်နဲ့ အ၇ာတွေကို ဖြေ၇ှင်းနိုင်မလဲ ဆိုတာပါဘဲ။ စိတ်၇ှည်ရှည်ထားနိုင်ကာ၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနေသူတွေသာ ဒီနေ့မှာ အောင်မြင်နေကြသူတွေပါ။ ဒုက္ခကို လွယ်လွယ်နဲ့ အရှုံးပေးလိုက်တဲ့သူတွေဟာ ဘဝကို စိန်ခေါ်နိုင်စွမ်း မရှိသူတွေပါ။ တစ်ခါ အရှုံးပေးလိုက်၇င် ဘယ်တော့မှ သူ့ကို အနိုင်မ၇တော့ဘူး။ ထာဝရ ရှုံးပြီ သာမှတ်လိုက်ပါ။ ဒါပေမယ့် နောက်တစ်နေရာမှာ ကြိုးစားကြည့်သေးရင်တော့ အချိန်မှီသေးတာပေါ့နော်။ တကယ်လည်းဘဲ ဒုက္ခ၊ သောကဆိုတာဟာလည်း အပေါင်းအဖော်နဲ့ လာတာပါ။ မထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်ဘဲ အပြုံလိုက်ရောက်တဲ့ ဧည့်ဆိုးတွေပါပဲ။ လူဘဝဟာ သင်္ချာတွက်နေရသလိုပါဘဲ။ တဖြည်းဖြည်းအဆင့်မြင့်တဲ့၊ ခက်ခဲတဲ့၊ ရှုပ်ထွေးတဲ့ ပုစ္ဆာတွေကို အသက်နှင့် ဥာဏ်ရည်ပေါ်မူတည်ပြီး တွက်နေသလိုမျိုးပါပဲ။ ဒီအခက်ကို မကျော်လွှားနိုင်သ၍ နောက်ထပ်ကြီးမားတဲ့ အခက်မှန်သမျှကိုလည်း မကျော်လွှားနိုင်တော့ပါဘူး။ ဒါပေမဲ့ အခက်တစ်ခုတွေ့ပြီးလျှင် နောက်ထပ်အခက်တွေလာအုန်းမှာ အမှန်ပါ။

လူတွေက အားနေ၇င်စိတ်ဆင်းရဲတယ်၊ စိတ်ပျက်တယ်နဲ့ ပြောပြောနေကြတာ ကျွန်တော် အပါအဝင်ပေါ့လေ။
လာသမျှ အပူတွေကို သေသေချာချာ စဉ်းစားရင် ဘယ်အ၇ာမှ အသက်ကိုထိခိုက်လောက်အောင် ဒုက္ခမပေးပါဘူး။

သူများကိုပူပန်ခြင်း

ပထမအပူက သူများကို ပူပန်ခြင်းပါ။ လူတွေက ငါမရှိ၇င် ဒုက္ခပါဘဲလို့သာ တွေးနေတာ၊ ပူပန်နေတာပါ။ တကယ်မရှိလျှင်လည်း သူတို့ဘာသာ သူတို့ ရပ်တည်နေနိုင်ပါတယ်။ ကိုယ်မျှော်မှန်းသလောက်ပဲ ဖြစ်မလာတာ ရှိမှာပါ။ တကယ်တမ်းတော့ လူတွေဟာ သူဟာသူချစ်သူတွေပါ။ ကိုယ်ဒုက္ခရောက်မယ့် အဖြစ်ကို မလုပ်ကြပါဘူး။ ပူပန်နေသူရှိလို့သာေ၇သာခိုနေကြတာပါ။

သူများအတွက်အပူသောကကို ရှုင်းနည်း

ကိုယ်ကပူနေတော့ကော သူတို့က ပြင်ကြမှာတဲ့လား။ ဒါကတော့ ဆိုးတဲ့သူကို ပူပန်တာလေ။ လောလောလတ်လတ် မပြင်ကြပါဘူး။ မြတ်စွာဘုရားတောင်မှ ချွတ်လို့၇သူကိုသာ ချွတ်ခဲ့တာပါ။ ဘုရားရှင် ချွတ်မ၇သူတွေ အများကြီးပါ။ ဒါတောင် အချိန်အခါကိုစောင့်စားပြီးမှ သင့်လျော်၇ာ တရားနှင့်သာ ချွတ်ခဲ့တာပါ။ ဒါကြောင့် ပုထုစဉ်လူသား ကျွန်တော်တို့က တော်တော်ကြိုးစားမှသာလျှင် ကျွန်တော်တို့ဘက်ကို ရောက်လာမှာပါ။

မိသားစု ကျန်းမာေ၇း၊ လူမှုေ၇း၊ စီးပွါးေ၇း အတွက် ပူပန်ခြင်းပါ။ သူတို့နဲ့ အနီးကပ်နေစဉ်မှာ သူတို့ကို တတ်နိုင်သလောက် လုပ်ကျွေးပြုစုမယ်၊ သူတို့ စိတ်ချမ်းသာအောင် ကိုယ်၊စိတ်နှစ်ပါးနှစ်ကာ ငွေအား၊ လူအား၊ စိတ်အား ဖြင့်ထောက်ပံ့ပေးရမယ်။ ကိုယ်ကအဝေးရောက်နေရင်တော့ ငွေအား၊ စိတ်ဓာတ်အားဖြင့် ထောက်ပံ့ပေး၇မယ်ဗျာ။ အဝေးမှာ ကိုယ်ကလည်း သူတို့ မပူပန်တတ်သူ၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာသူ တစ်ယောက်ဖြစ်အောင်နေရတော့မှာဗျ။ ဒါမှ သူတို့ကလည်း ကိုယ့်အတွက်စိတ်အေးရမှာလေ။
ဒါကိုမှ သူတို့အတွက် လှမ်းပူနေရင်လည်း သူ့ကိုကိုယ်မကူနိုင်၊ ကိုယ့်ကိုသူမကူညီနိုင်တဲ့ အနေအထားပဲ ရှိပြီး နှစ်ဖက်စလုံး သောက၊ ဒုက္ခတွေ့ရမှန် အမှန်ပါ။ ကိုယ်လုပ်စရာရှိတာကို သောကကြားမှ စိတ်အေးအေးမှန်မှန်နဲ့ မြန်မြန်လုပ်ပါမှ သူတစ်ပါးကို ကိုယ်က ကူညီနိုင်မှာလေ။ ဒါကြောင့် ကိုယ်လုပ်စရာရှိတာကို အမှားအယွင်းမရှိ လုပ်နိုင်ဖို့ကသာ အဓိကပါ။ ကိုယ့်မှာ ပြည့်မှသာ သူများကို ကူညီနိုင်မယ်လေဗျ။ မြတ်စွာဘုရားဟာ တရားသိပြီး ဘုရားရှင်ဖြစ်ပြီးမှသာ သူတစ်ပါးကို တရားဒေသနာတော်ဟောကြားတော်မူခဲ့တာပါ။

ကိုယ့်အတွက်ပူခြင်း

နောက်တစ်ချက်က ကိုယ့်အပူ၊ ကိုယ့်လောဘကြောင့် စိတ်ညစ်တာပေါ့ ဗျာ။ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ၊ ကျန်းမာေ၇းမကောင်းတာတွေ၊ စိတ်တိုင်းမကျတာတွေကြောင့်လေ။ ဒါကလည်း စဉ်းစားကြည့်ရင် လွယ်လွယ်လေးပါဗျာ။ ဘယ်အ၇ာမှ ကိုယ်လုပ်တိုင်းမ၇တာကို စိတ်ထဲမှာထည့်ထားရမယ်။ ဒါကိုသိမှ ကိုယ့်စိတ်ကို ကိုယ်ဖြေနိုင်မှာပေါ့။ ကိုယ်လုပ်တိုင်းသာ ဖြစ်နေမယ်ဆိုရင်မြတ်စွာဘုရားဟာ အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူမှာ မဟုတ်ဘူးလေ။ လုပ်တိုင်းမ၇တာ အနတ္တပေါ့ဗျ။ ဒါပေမယ့် ကိုယ်လုပ်စရာရှိတာကိုသာ သတိရှိရှိနဲ့ ဆက်လုပ်ဆောင်နေရမှာပေါ့ဗျာ။ အစကတည်းက ဘာသာတရားလုပ်တယ်ဆိုတာ သောက၊ ဒုက္ခ၊ သုခတွေ တွေ့ကြုံလာလျှင် အေးငြိမ်းစွာ ကျော်ဖြတ်ဖို့ပါ။
ဘာသာတရားလုပ်သူတိုင်းဟာ heaven (သို့) နိဗ္ဗာန်ကို ၇ည်စူးနေကြတယ်။ အခုလက်၇ှိအကျိုးဆက်ကို အသုံးချဖို့ကို မေ့လျော့နေကြတယ်ဗျ။

ဖြေရှင်းနည်း

ဒီအပူသောက၊ ဒုက္ခတွေကို ဖြေရှင်းနည်းက အဓိကကတော့ စိတ်ဓာတ်ထားတတ်ဖို့ပါ။ ပုထုစဉ်ဆိုတော့ စိတ်ညစ်တာကို ဘယ်သည်းခံနိုင်မလဲ။ ဒါကြောင့် ထွက်ပေါက်ဖြစ်တဲ့ သီချင်းနားတောင်၊ အပြင်ထွက်၊ ငို၊ သူတစ်ပါးကိုရင်ဖွင့်လိုက်တာ၊ သီချင်းအော်ဆိုတာ၊ ဂိမ်းကစားတာ၊ ဘု၇ားရှိခိုးတာ၊ အ၇က်သောက်တာ၊ night club တက်တာ စသည် စိတ်ထွက်ပေါက်တွေကို လိုက်ကြပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ စိတ်ထွက်ပေါက်၊ ကိုယ့်အတွက် အန္တရယ်မဖြစ်စေတဲ့ ထွက်ပေါက်ကိုသာလုပ်သင့်တယ်။ လုပ်ပြီးလို့ စိတ်ပေါ့သွားပြီလို့ ခံစား၇တာနှင့် ကိုယ်ပူနေလည်း ဖြေရှင်းနည်းကောင်းထွက်မှာမဟုတ်ဘူးလို့ စိတ်ထဲမှတ်ကာ လုပ်သင့်တဲ့နည်းလမ်းကောင်းများကို စာအုပ်ပေါ်မှာ ချရေးပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ကာ လုပ်သင့်ပါတယ်။ ဒီအတောအတွင်းမှာ တရားမထိုင်ပါနှင့်၊ စိတ်ကိုအနားမပေးဘဲ တစ်ခုခုကို လုပ်နေတာမျိုးကိုလုပ်ပေးပါ။ ကိုယ်ကိုအနားမပေးမှ အတွေးဆိုတာ ဝင်ရောက်မလာနိုင်ပါဘူး။ ဘာမှလုပ်စရာမရှိလျှင် ပျော်၇ွှင်စ၇ာ စာအုပ်တို့၊ အလုပ်တို့ကို concentration ရအောင်လုပ်နေတာဟာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။ ထိုနောက်မှာ အချိန်ဆိုသော အတိုင်းအတာတစ်ခုအောက်မှာ အားလုံးဟာ မကြာခင်ပြီးဆုံးသွားပါလိမ့်မယ်။ နောင်အနာဂတ်မှာတော့ ဒါတွေဟာ အမှတ်၇စရာ၊ ရီစရာ၊ သင်ခန်းစာယူစရာ အဖြစ်အပျက်လေးတွေသာ ဖြစ်နေမှာ အမှန်ပင်ဖြစ်ပါတော့သည်။ ။

(ဒါတွေကတော့ ကျွန်တော်အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသလဲ ဆိုတာပေါ့ဗျာ။ လူတစ်ယောက်မှာရှိတဲ့ လက်ချောင်းတွေတောင် အတိုအရှည်မတူကြသေးတာ၊ တစ်ယောက်နဲ့ တစ်ယောက်ဖြေရှင်းပုံခြင်းလည်း ဘယ်တူမလဲနော်။ ဒီစာကို ဖတ်အပြီးမှာ စိတ်ရွှင်မှု အနည်းငယ်ရတယ်၊ နည်းလမ်းတစ်ခုခုရသွာတယ် ဆိုရင်ပဲ ကျွန်တော်ကျေနပ်လှပါပြီ။ ထပ်ပြီး ကျွန်တော့်ရဲ့ အသိဥာဏ်နည်းပါးမှု၊ အားနည်းမှုတွေကို ဝေဖန်မယ်ဆိုရင်တော့ ဝမ်းသာစွာဖြင့် လက်ကမ်းနေပါတယ်။ )

ကျွန်တော် အပြင်သွားခါနီး ဘာဝတ်ရမလဲဆိုတာကို စဉ်းစားစရာမလိုဘဲ ဝတ်နေကျ ဟောင်းနွမ်းနွမ်း ဂျင်းပြာလေးကိုပဲ ထုတ်ဝတ်ရင်း လူတိုင်းသဘောကျတဲ့ စတိုင်ကျတဲ့ ဒီဂျင်းလေးရဲ. ရာဇဝင်လေးကို webမှာ ရှာဖတ်ကြည့်ရင်း ကိုယ်ကိုယ်တိုင် စိတ်ဝင်စားတာကြောင့် တင်လိုက်မိတယ်။



The history of jeans



Denim and jeans - where do the names come from?

The word jeans comes from a kind of material that was made in Europe. The material, called jean, was named after sailors from Genoa in Italy, because they wore clothes made from it. The word 'denim' probably came from the name of a French material, serge de Nimes: serge (a kind of material) from Nimes (a town in France).





The 18th century

At first, jean cloth was made from a mixture of things. However, in the eighteenth century as trade, slave labour, and cotton plantations increased, jean cloth was made completely from cotton. Workers wore it because the material was very strong and it did not wear out easily. It was usually dyed with indigo, a dye taken from plants in the Americas and India, which made jean cloth a dark blue colour.

The 19th century – The California Gold Rush

In 1848, gold was found in California (not too far from San Francisco) and the famous Gold Rush began. The gold miners wanted clothes that were strong and did not tear easily. In 1853, a man called Leob Strauss left his home in New York and moved to San Francisco, where he started a wholesale business, supplying clothes. Strauss later changed his name from Leob to Levi.

Rivets

A big problem with the miners' clothes were the pockets, which easily tore away from the jeans. A man called Jacob Davis had the idea of using metal rivets (fasteners) to hold the pockets and the jeans together so that they wouldn't tear. Davis wanted to patent his idea, but he didn't have enough money, so in 1872, he wrote to Levi Strauss and offered Strauss a deal if Strauss would pay for the patent. Strauss accepted, and he started making copper-riveted 'waist overalls' (as jeans were called then).

In 1886, Levi sewed a leather label on their jeans. The label showed a picture of a pair of jeans that were being pulled between two horses. This was to advertise how strong Levi jeans were: even two horses could not tear them apart.

“သူငယ်ချင်းတစ်ယောက်ပို.လိုက်တာကို စိတ်ဝင်စားသွားတာကြောင့် သူငယ်ချင်းအားလုံးကို ဖတ်စေချင်၍ တင်ပြလိုက်ပါတယ်။ ”


BLOOD GROUP O
In a nutshell [အတွင်းစိတ်]
-Cannot stand people who hide the truth
အမှန်ကိုဖုံးကွယ်တတ်သူတွေကို သည်းမခံ

Basic Behavior[အခြေခံအပြုအမူ]
- Make objectives clear
ရည်မှန်းချက် ဖြစ်အောင်လုပ်တတ်
-Possess great deal of confidence
ကိုယ့်ကိုယ်ကို ယုံကြည်ချက် ကောင်းကောင်းရှိတတ်
- Honest, optimistic and energetic
ရိုးသား၊ အကောင်းမြင်၊ ထက်မြက်

Tolerance[သည်းခံနိုင်စွမ်း]
-Strength and endurance depend on their aim
ရည်ရွယ်ချက်ပေါ်မူတည်ပြီး အားထုတ်နိုင် အကြမ်းခံနိုင်
-Give up easily if they find the job meaningless
သူတို့အဓိပ္ပါယ်မရှိတော့ဘူး ထင်တာနဲ့ အလွယ်တကူ လက်လွှတ်တတ်

How do they see their future and past?[အတိတ်နဲ့ အနာဂတ်အပေါ် သူတို့ရဲ့သဘောထား]
-Positive about the past, thus do not regret about the past
အတိတ်ကို အကောင်းမြင်လို့ ပြီးခဲ့တာတွေ အတွက် နောင်တမရတတ်
-Seek financial stability for the future
အနာဂတ်အတွက် ဘဏ္ဌာရေး တည်ငြိမ်အောင် ပြင်ဆင်တတ်

How do they express their emotions?[ခံစားချက်ကို ပြတတ်ပုံ]
--Usually stable and calm
အမြဲတမ်း တည်ငြိမ် အေးဆေး
-Sensitive towards sincerity
ရိုးသားဖြူစင်မှုနဲ့ ပက်သက်ရင် သည်းသည်းလှုပ် ခံစားတတ်
- Give frank, direct opinions
ပွင့်လင်းပြီး တည့်တည့် ပြောတတ်

How do they work?[လုပ်ရည်ကိုင်ရည်]
-Ability to concentrate vary from time to time, depending on aim
ရည်ရွယ်ချက် ပေါ်မူတည်ပြီး တချိန်နဲ့ တချိန် အာရုံစူးစိုက်နိုင်မူက ပြောင်းလဲ
-Mostly prefer to lead
ဦးဆောင်ချင်
-Can overlook details
အသေးအဖွဲလေးတွေကို ကျော်ကြည့်တတ်၊ သတိမထားမိတတ်



BLOOD GROUP A
In a nutshell [အတွင်းစိတ်]
-Pessimistic and too sensitive [အဆိုးမြင်၊ အထိမခံ]

Basic Behavior[အခြေခံအပြုအမူ]
-Careful about decision-making
ဆုံးဖြတ်ချက်ချရာတွင် ဂရုစိုက်တတ်
- Make things clear in black and white
အဖြူအမဲ ကွဲပြားရှင်းလင်း အောင်လုပ်တတ်
-Care too much about social rules and standards
လူမှု စည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားတတ်

Tolerance[သည်းခံနိုင်စွမ်း]
-High tolerance for physical or repetitive work
ထပ်ကာထပ်ကာလုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေ အပေါ် ကောင်းကောင်း သည်းခံနိုင်
-Cannot take changes easily
အပြောင်းအလဲကို အလွယ်တကူ လက်မခံနိုင်
-Lose interest in a hobby easily
ဝါသနာတခုကို အလွယ်တကူ စိတ်ဝင်စားမူ လျော့တတ်

How do they see their future and past?[အတိတ်နဲ့ အနာဂတ်အပေါ် သူတို့ရဲ့သဘောထား]
--Try hard to forget the past
အတိတ်ကို လွယ်လွယ် မမေ့တတ်
-Pessimistic about the future
ရှေ့ရေးကို အဆိုးမြင်တတ်

How do they express their emotions?[ခံစားချက်ကို ပြတတ်ပုံ]
-Able to display cool outlook even though angry
စိတ်ဆိုးနေလျှင်တောင် အေးအေးဆေးဆေး နေပြနိုင်
-Short-tempered
စိတ်တိုတတ်
-Take longer to heal a broken heart
အသည်းကွဲ ဒဏ်ရာ ပြန်ကောင်းဖို့ အချိန်ကြာတတ်
-Sensitive to others' opinions

သူတပါးရဲ့ ထင်မြင် ယူဆချက်ကို ထိခိုက် ခံစားတတ်

How do they work?[လုပ်ရည်ကိုင်ရည်]
-Perfectionist
ပြည့်စုံသူ
-Handle one thing at a time
တချိန်မှာကိစ္စတခုသာကိုင်တွယ်
-Work a line between work and personal affairs
ကိုယ်ရေးကိုယ်တာနဲ့ အလုပ် ကို ခွဲခြားနိုင
-Highly responsible
တာဝန်ယူနိုင်
-Tend to choose hobbies which help them release stress
စိတ်ဖိစီးမူ ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို ရွေးချယ်နိုင်



BLOOD GROUP B
In a nutshell [အတွင်းစိတ်]
-Cannot take orders easily[ပြောစကား လွယ်လွယ်လက်မခံ]

Basic Behavior[အခြေခံအပြုအမူ]
-Make decisions fast
ဆုံးဖြတ်ချက် မြန်မြန်ချတတ်
- Can be flexible
လိုက်လျော ညီထွေရှိသည်
-Do not care about rules
စည်းမျဉ်းစည်းကမ်း တွေ စိတ်မ၀င်စား
-Respect scientific and practical findings
သိပ္ပံပညာ နဲ့ လက်တွေ့ ရှာဖွေတွေ့ရှိမူတွေကို လေးစား

Tolerance[သည်းခံနိုင်စွမ်း]
-Maintain the longest interest in what they do
သူတို့လုပ်နေတဲ့ အရာမှာ စိတ်ဝင်စားမူကို ကြာရှည်စွာ ထိန်းနိုင်
-Seem impatient
စိတ်မရှည်ဘူး ထင်ရသည်
- Dislike repetitious work
ထပ်ကာထပ်ကာ လုပ်ရတာတွေကို မကြိုက်

How do they see their future and past?[အတိတ်နဲ့ အနာဂတ်အပေါ် သူတို့ရဲ့သဘောထား]
-Hard to forget recent affairs, but able to forget past and memories
လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ် မမေ့ပေမဲ့ အတိတ်နဲ့ အမှတ်တရတွေကိုတော့ မေ့နိုင်

How do they express their emotions?[ခံစားချက်ကို ပြတတ်ပုံ]
-Expressive
ခံစားချက်ကို ဖေါ်ပြတတ်
-Cool and objective
အေးအေးဆေးဆေး နဲ့ အချက်ကျကျ ဖေါ်ပြတတ်
Although joke a lot, could actually be very shy
အပြောင်အပျက် ပြောတတ်ပေမဲ့ အရမ်းရှက်တတ်
-Change moods like the weather
ရာသီဥတုလိုပဲ စိတ်ပြောင်းတတ်
-Cannot stop complaining when they are upset
မနှစ်မြို့တာတွေ့လျှင် အပြစ်ပြောမဆုံး

How do they work?[လုပ်ရည်ကိုင်ရည်]
--Creative and possess new ideas
ဖန်တီးနိုင်စွမ်း ရှိ.. စိတ်ကူးအသစ် အဆန်း ပိုင်ဆိုင်
-Cannot differentiate between work and hobby

ဝါသနာနဲ့ အလုပ် မခွဲခြားနိုင်
-Cannot take orders
အမိန့်ပေးတာ မခံနိုင်
-Do not hesitate to introduce innovative changes and are not worried about theirs criticisms
အသစ်အဆန်း အပြောင်းအလဲကို မငြင်းဆန်တတ်၊ အများဝေဖန်မှုကို လည်း မစိုးရိမ်တတ်


BLOOD GROUP AB
In a nutshell [အတွင်းစိတ်]
-Romantic and sentimental [ချစ်တတ် ခံစားတတ်]

Basic Behavior[အခြေခံအပြုအမူ]
-Extremely practical
အရမ်းလက်တွေ့ကျတတ်
-Excellent in analyses
ခွဲခြားစိတ်ဖြမ်း တတ်
-Give fair criticisms
မျှတစွာ ဝေဖန်တတ်
-Cannot decide when it comes to important issues
အရေးကြီး ကိစ္စကြုံလျှင် ဆုံးဖြတ်ချက်မချနိုင်

Tolerance[သည်းခံနိုင်စွမ်း]
-Try to be hard-working
ကြိုးစားပန်းစား လုပ်ကိုင်တတ်
- Tend to be impatient
စိတ်မရှည်တတ်

How do they see their future and past?[အတိတ်နဲ့ အနာဂတ်အပေါ် သူတို့ရဲ့သဘောထား]
-Sentimental about the past
အတိတ်နဲ့ ပက်သက်ပြီး ခံစားချက်ပြင်း
-More concern about the immediate problems than anything else
အခြားဟာတွေထက် လက်ရှိ ကိစ္စကို ပိုအာရုံထား

How do they express their emotions?[ခံစားချက်ကို ပြတတ်ပုံ]
-Sentimental
ခံစားချက် ပြင်းထန်
-Usually cool and steady, but can get upset with an immediate, unsolved problem
ပုံမုန် အေးဆေး တည်ငြိမ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်တဲ့ ပြသနာတွေ ကြုံရင် စိတ်ညစ်တတ်
-Can get moody easily
စိတ် အပြောင်းအလဲမြန်တတ်

How do they work?[လုပ်ရည်ကိုင်ရည်]
-Able to handle a wide scope of jobs

အလုပ်နဲ့ပက်သက်ပြိး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်
-Value hard work
အလုပ်ကြိုးစားခြင်းကို တန်ဖိုးထား
-Quick in understanding

မြန်မြန် နားလည်တတ်
-Not highly responsible and unable to follow-up on a project until its completion
ပရောဂျက်တခုအပေါ် ပြီးစီးသည်အထိ ကောင်းကောင်း ကိုင်တွယ် တာဝန်မယူနိုင်
-Tend to be artistic in approach
အနုပညာဆန်ဆန် ချည်းကပ်တတ်

သူငယ်ချင်းတစ်ယောက်ဆီက ပို.လိုက်တဲ့ ပုံလေးကိုကြိုက်လို. တင်ပြထားတာပါ။ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ?။

Search This Blog

Blog Archive

Visitor

-