Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

Showing posts with label Wish Poem. Show all posts
Showing posts with label Wish Poem. Show all posts

အရှင်ဘုရား .....

ဒီလောကမှာ

ရာသီတွေဖောက်

လူတွေနှောက်ပြီး

စီးပွားဂရက်

မွှေနှောက်ယှက်ကာ

ရော၈ါကပ်ဖက်

စစ်များဖြစ်စဲမို့

အရှင်ဘု၇ားအား

တပည့်တော် ... လျှောက်ထားမည်မှာ

ကရုဏာေ၇ှ့ထား

လူအချင်းချင်း .. စာနာမှုတရား

ဟောကြားစေလိုပါ၏ ..... အရှင်ဘုရား ။ ။

ပြုံးရုံလေးပြုံး

အမုန်းတွေမသုံးဘဲနဲ့

နှလုံးသားကိုခြွေ

အသွေးအသားကိုခင်း

အနာဂါတ်ကို ပန်းကြဲ

ဘဝကို ပဲ့ကိုင်

လိုသလိုသာ

မင်းစေတော့ကွယ် ချစ်သူရယ်။

ဘဝဆိုတဲ့.... ချိန်တိုတွင်း

ကမ်းလင့်တဲ့ ..ကရုဏာလက်တစ်စုံမှာ

ကြင်နာတဲ့...မျက်ဝန်းလေးဖြင့်

အပြုံးနွေးနွေးတို့ ပေါင်းစပ်ပြီး

ပေးဆပ်တဲ့....နှလုံးသားမှာ

စကားလုံးချိုချိုတို့ .... သကာလောင်း

ထပ်လောင်းပြီး အေးချမ်းမှုစု

လူသားစုအားပေးစပ်လိုက်နိုင်ကြပါစေ။ ။

လမင်းဝင်းဝင်းအောက်


မြူနှင်းတို့သက်ဆင်း


ညခင်းသရုပ်ကိုဖော်


နှစ်သစ်ကိုမျှော်ရင်း


မီးရောင်စုံတွေခင်းကျင်းလျှက်


နာရီသံအချက်တိုင်းကို


ရင်ခုံစွာစောင့်မျှော်ရင်းဖြင့်


မင်္ဂလာနစ်သစ်အကူး


အတွေးထူးလေးတွေ


ကိုယ်စီဆုတောင်းရင်း


ပျော်ရွှင်မှုအပေါင်းတို့


ကျရောက်ပါစေသား


အို ….နယူးရီးရားရေ။

ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုရင်
ကျွန်တော်လိုလူအား
`အချစ်ဦး´ ဆိုတဲ့
ကံထူးတဲ့ဘွဲ့ကို ဖယ်ရှား
သက်ဝင်အားထားရတဲ့
ယုံကြည်အားကိုးမှုကိုယူ
ဘ၀အိမ်ကိုထူမယ့်
`အချစ်ဆုံး´လူသားဖြစ်ရပါစေသား။ ။


ချစ်သူ .....

အသင် .... မချစ်လို့ပစ်ထားရစ်သူ ..... ရင်မှာတော့

ခံစားချက်ဗလပွနှင့်

မေးခွန်းတွေကြွလာကာ

အချစ်အယူခံလေး

မေးပါရစေလားကွယ် .....


ချစ်သူရယ် .... မင်း ....င့ါကို

မချစ်လို့ ... ပစ်ခဲ့တာလားချစ်သူ ........

မနှစ်လို့ .... မချစ်ခဲ့တာလားချစ်သူ.......

မစစ်မှန်လို့ .... လမ်းခွဲခဲ့တာလားချစ်သူ .....

အသစ်တွေ့လို့ ..... ထားရစ်ခဲ့တာလားချစ်သူ .....


သို့ပါသော်လည်း ....

တိကျတဲ့လျှောက်လွှဲချက်နှင့်

ချစ်သူနှုတ်က .....ချေပမှု

အရင်တုန်းကနဲ့တူနေအုံးမလားကွယ်

စိုးမိပါတယ် .... ချစ်သူရယ်။ ။

ချမ်းအေးလှတဲ့....ဒီဆောင်းလမှာ
မှတ်မှတ်ရရ....လူတိုင်းသောက
နေရာတိုင်းမှာ....စစ်မက်ဖြစ်ကြ
ကမ္ဘာဝှမ်းမှာ....crisis ဖြစ်ကြနဲ့
လူသားတိုင်းကို....ရတက်ပွေကာ
သောကဖုံဖုံ....ဒုက္ခစုံတဲ့
မှတ်မှတ်ရရ...ဒီနိုဝင်ဘာ
နောက်ဆုံးရက်မှာ...အပူကုန်ဆုံး
ဒုက္ခနိဂုံး....ချုပ်ငြိမ်းစေကာ
လူတိုင်းရှေ့ရှောက်.....ငြိမ်းအေးပါစေ
ဒီဇင်ဘာရေ...........။ ။

Search This Blog

Blog Archive

Visitor

-