Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

Showing posts with label Life Poem. Show all posts
Showing posts with label Life Poem. Show all posts



'ဘကုံး' နဲ့ 'ဝ'
နှစ်ခုပေါင်းမှ ... ဒီ "ဘဝ"ဟု
အရိုးဆုံးစကားလုံး
တို့များ... သုံးလည်း
လက်တွေ့မှာတော့..
လောဘ၊ ဒေါသ၊ မောဟ ဖုံးကာ
မေတ္တာနဲသမို့
လုယက်သတ်ဖြတ်၊
တိုက်ခိုက်ကြကာ
ဟိုမှာ မုန်တိုင်း၊ ဒီမှာ  ငလျှင်
မိုးသီးကျကာ ရေကြီးပြန်တော့
အစုလိုက်သေ၊  အုံလိုက် ဒုက္ခ
ကြုံရပြန်သမို့
တရား မမေ့ကြစို့
တို့လူများတို့။   ။

အဝေးမှာနေတော့
အပြစ်မမြင်
ကရုဏာဝင်လို့.....

အနီးဆုံးလည်းရောက်
စကားစစ်တို့မှိုလိုပေါက်
မင်းနဲ့ငါဟာ.....
ဘုနဲ့ဘောက်။       ။

အပြုံးတုတစ်ခုကို
မျက်နှာမှာဖုံး
သကာရည်စမ်းတဲ့
စကားလုံးတွေနဲ့
အနှစ်မပါဘဲသုံး
နင်ဟာ..........
ငါ့အမုန်းဆုံး။      ။


အများပေးတဲ့ သောက
ကိုယ့်ဒုက္ခနှင့် ရောစပ်လို့
တနင့်သော အလုပ်တို့ပုံ
အပြစ်ပုံမယ့် မျက်လုံးများနှင့်
ဒီလို ..... အနှုတ်တွေစု
မင်းလိုလူ ဘယ်လိုရုန်းနိုင်အုံးမလဲ
စောင့်လို့သာရှု။           ။


နွေဂိမာန် ..... ချိန်ကာလမှာ

ရွက်ဝါကြွေ.... ပြိုအခိုက်

မြေပြင်က ... ယုယစွာထွေးပိုက်

ချွေးသိပ်စေခဲ့တယ်။


နှလုံးသားဆိုင်... အသဲပန်းမှာ

ကြွေနွမ်းလို့ ... ခြွေအချမှာတော့

ယုယလို့ထွေးပိုက် ... နားခိုရာမဲ့....ဘ၀ပေးမို့

မင်းဘယ်ပြေးမလဲကွယ်။ ။

ရာသီစက်ဝန်း .. သဘာဝတရားအရ

နွေဂိန်မာန်မှာ .. ပူပြင်းခြောက်သွေး .. ရွက်ဝါတို့ကြွေလင့်စေပြီး

မိုးဝဿန်မှာ .. မိုးရွာသွန်းကာ.. စိမ်းစိုပြန်ကာ

ဆောင်းကာလမှာ .. နှင်းငွေ့ဝေကာ.. အေးမြစေခဲ့ပေမယ့်...

လူဆိုသည်မှာ..

ပူလျှင်ပူလို့ ... မိုးရွာပြန်လည်း အပြစ်စောင်းနင်း ... မနှစ်သက်ခြင်းအဆင်းနှင့် ဒီဆောင်းတွင်းလို့

လောကဓံကို အပြစ်တင်

အမှန်စင်စစ်တော့

ကိုယ့်စိတ်ကိုယ့်ကို... နှစ်ခုတည်းတောင်မတဲ့၇ှာတော့

ဖြစ်ပြန်ပျက်ပြန်လောကဓံကို

ပြစ်တင်ပြောတာ.... သဘာဝမို့

စစ်တို့ဖြစ်မြဲဖြစ်ရင်း...

ငြိမ်းချမ်းခြင်းတို့ကင်းဝေးလို့

ဘ၀ ဇာတ်သိမ်း မှာကာ .....???????

ဘဝနဲ့ အလှမ်းဝေးတဲ့..

စိတ်ကူးအတွေးကို .. ဖက်တွယ်

အိပ်မက်မက်သူဟာ..

ဖိုးလမင်းကို

ပိုင်ဆိုင်လိုသူခမျှာ

မြင်သာမြင်.... မကြင်ရတဲ့ဘဝ

အဝေးကသာ

လွမ်းနေရအုံးမယ်။ ။

သခင် မနှစ်လို့ ..... အပြစ်မြင်

အပြစ်မြင်တော့....

အမုန်းယှဉ်တာ ... သဘာဝမို့

အကျွန့်ရင်မှာ

မနေသာလို့ .... ရှောင်ပြေး

ဝေးဝေးမှသာနေတော့မည်။ ။

ကိုယ်စွမ်းကိုသုံး

ဥာဏ်စွမ်းကိုထုတ်

ပရိယာယ်ကိုဆင်

မာယာခြွေသူ.... မနုသာမုဆိုး၏

စဉ်းလှဲတဲ့ကျော့ကွင့်အောက်

အန္တရယ်ကိုမသိရှာကာ

အေးမြခြင်းအတိဖြင့်

ရိုးသားတဲ့သမင်ငယ်မှာ

သားကောင်ငယ်တစ်ဖြစ်လဲ

လည်ဆင်း...သက်နှင်းခဲ့တာလဲ

လောကရဲ့သဘာဝအရတော့

တရားရှာတယ်ပေါ့ဗျာ။ ။

တစ်အပေါင်းတစ်ဆိုတဲ့ ... အမေးမှာ

ဂဏန်းမတူတဲ့.....နှစ်ဆိုတဲ့

အဖြေတစ်ခုသာရပေမယ့်

အချစ်အပေါင်းအချစ်ဟာ

အချစ်ဖြစ်နိုင်သလို...

အချစ်အပေါင်းအချစ်ဟာ

အမုန်းဖြစ်နိုင်တာ...

သဘာဝတရားမို့

လိုရာကိုတွေး

ပျော်မွှေ့နေမယ်ဆိုတဲ့ ဆန္ဒ

လျစ်လျူရှုကာ

အမှန်တရားကို ... လက်ကိုင်ထားရင်းဖြစ်

လောကဓံတရားကို

အပြုံးလေးဖက်

ရင်ဆိုင်နိုင်တော့မှာပေါ့လေ။ ။

မောင်ကြီးအဖို့တော့

အားအင်သုံးလို့

ကြိုးကုတ်ရင်းဖြစ်

မမလေး .... မိတ်ကပ်ဖိုး

လိုသလိုသာ .. သုံးစေခဲ့လို့

ဒီမောင့်.. ပခုံးထက်မှာ

ပြဲစုတ်ကာ သွေးယိုနေလည်း

နှမလေးအတွက်မို့

အပြုံးတို့က

မပျက်တော့ဘူးကွယ်။ ။

မချစ်ခင်မှာတော့

အချစ်တွေပဲလိုကာ ....

ချစ်ကြပြန်တော့လည်း

နားလည်မှုလို

သဝန်တိုမှုတွေဖယ်ကာမှ

အချစ်လမ်းလေး

ဖြောင့်ဖြူးမယ်ကွာ။ ။

တောင်တွေကာ

ပင်လယ်တွေခြား

ရေမြေအလှမ်းကွာကာ

သွေးခြားနေလည်း

နားလည်မှုတူ

ခံစားမှုဖလှယ်ပြီး

ခွင့်လွှတ်စာနာမှုနှင့်

တို့အချင်းချင်း

ပေါင်းသင်းရင်းဖြစ်

အမုန်းတွေဖယ်

လက်နက်ကွယ်ပြီး

ုငြိမ်းချမ်းရေး.....အလင်းတန်းတွေနဲ့

ဒို့ဘဝများကို ဆေးခြယ်စို့ကွယ်။ ။

ကြယ် မစုံ

လ မပျယ်

နှင်းဖွဲနေတဲ့ နံနက်ခင်း

အမှတ်မထင်

ချစ်သူ့လက်ကို စွဲစဉ်

အမြဲမကွာ တစ်ဘ၀မှာဖြစ်

သက်ဆုံတိုင် တူယှဉ်တွဲ

ခရီးလမ်း အဆုံးကို

ဖြတ်ကျော်စို့ တူစုံနှစ်ဖြာ

ကတိတွေဖလှယ် အကြင်နာမပြယ်ခဲ့သမို့

အချိန်တွေပြောင်း

ရွက်သစ်တွေလည်းဟောင်းခဲ့ခါမို့

ဆံဖြူသွားကျိုး

မီးစာလည်း ကုန်လုလုမို့

နှစ်ဦးသားမှာတော့

ယခုချိန်ခါမှာဖြင့်

တောင်မွှေးကို တစ်ဘက်ကကူ

ခြားတစ်ဖက်မှာ အမယ်အို့ လက်ကိုယူလို့

နှစ်ဦးတူပြိုင် နိဗ်ဗာန်ဝင်ဖို့

ခပ်လှမ်းလှမ်းဆီက

တချက်ချက်မှ ကလူတဲ့

ဆွဲလွဲသံမြူသာချိုတဲ့

ဘုရားကျောင်းရှိရာဆီသို့

ရောင်ခြည်များ စမထိုးခင်

သွားကြပါစို့ ခင်နှမငယ်ရယ်။ ။

ကြိုးကြိုးကုတ်ကုတ် လက်ရှိကာလာ

အားကုန်သုန်းလို့ ရုန်းမဝ .........

ရေးရေးတေးတေး အနာဂတ်လမ်း

မျှော်ရီမှန်းလို့ မရတဲ့ဘဝ......

တို့လာခဲ့ရ။

ကာလသုံးပါးအချိန်ကြား

သက်ရှိအတွက် အလုပ်များ

လောဘ၊ ဒေါသ၊ မောဟ ဆောင်ယူသွား

အပြန်လမ်းမှာတော့

လက်ခါခါနှင့် ဘလာသမား

ဒီဘဝကို မဖြစ်ကြစေနှင့်လား ။ ။

အေးမြတဲ့ ဆောင်းတစ်နေ့မှာ

လုံခြုံနွေးထွေးတဲ့ အိမ်

ှရှင်းသန့်အေးမြတဲ့ ရှုခင်း

တသွင်သွင် စီးမြဲချောင်းအလျှင်ကို

ကျွန်တော်တို့ စွန့်

ခရီုးသစ်ကို ဖွင့်လှစ်ခဲ့တယ် ။

ရေမြေခြား တစိမ်းမြေမှာ

အကျွမ်းမ၀င်

တစိမ်းပြင်မို့ ....

ဘာသာစရိုက်နှင့် ဓလေ့မတူ

အကျင့်ခြားသူတို့အောက်

တို့ အသံစကားတို့ပျောက်ပြီး

ဒုတ်ခတွေ ရောက်ခဲ့လည်း

လွမ်းလျတဲ့မွေးမြေကို

တမ်းတ နေခဲ့မိတယ်။

အချိန်တွေနှောင်း

ရွက်သစ်ပြောင်းကာ

တမြေခြားမှာကြီး

ငါတို့၏အချင်းသည်လည်း

တစိမ်းတို့နှင့် ကြီးပြင်း

တစိမ်းစရိုက်နှီးလို့

တို့လုပ်အားဖြစ် ကြိုးစား

ကြီးပွားလာပြန်သတော့

ကိုယ့်ရုပ်ကိုယ်ကြည့်

ကိုယ့်စိတ်ကိုယ်မေး

'ငါ ... ဘယ်သူလဲဟေ့....?????'။ ။





နေပူပူမိုသားအောက်

အကာမဲ့အောက်တို့မှာလည်း

ချွေးတစိုစိုဖြစ်

လုပ်ရဲပါတယ်။

မလုံတလုံခေါင်မိုးအောက်

မိုးသားတစ်ဖျောက်ဖျောက်ကြား

နွေးထွေးမဲ့လည်း

အိပ်ရဲပါတယ်။

အသားမဲ့ဟင်းနှင့်

ငပိရည်ဖက်တဲ့

ထမင်းများကိုလည်း

စားခဲ့ပါတယ်။

ဒါပေမဲ့လည်း

မပြည့်စုံတဲ့ဘဝတစ်လျှောက်

တောင်းဆုတစ်ခုလောက်

ပြည့်ခဲ့မယ်ဆို .....

အေးမြတဲ့မေတ္တာရိပ်အောက်

ဘဝတစ်သက်တာတလျှောက်

နေခွင့်ပြုပါကွယ်။ ။

ထက်ကောင်းကင်မှာ ...

လျှပ်ရောင်ဝင်းလက် ....... ပျိုးပျိုးပြက်ပြက်

မိုးခြိမ်းသံချုန်း ......တဂျုန်းဂျုန်းနှင့်

မိုးစက်သံဖောက် ....တဖျောက်ဖျောက်ဆို

'ပေါက်ခေါ'ရေလို့ ...

သူငယ်ချင်းတစ်သိုက်အော်လာခိုက်မှာ

' ဟဲ့ ...လူလေး.....မိုးရေထဲမယ်...ဖျားလိမ့်မယ်နော် 'ဆိုတဲ့

မယ်ထွေးရဲ့...သံစဉ်မဆုံး

ဘောင်းဘီတိုစုတ်နှင့်

ကွင်းလယ်မှာ....ဖားကောက်လို့

အုန်းခေါက်ကို....မြင်းလုပ်

ဒါတင်...ဘယ်ဟုတ်မတုန်း

ရွှံ့ညွှံထဲမှာလူး .......ပေတလူးလူးဖြင့်

ပြေးလွှားခဲ့တဲ့....သရုပ်တွေဟာ

တချိန်မှာတော့ .....

မေ့မရတဲ့

ဘ၀ရဲ့....နိဗ္ဗာန်ပေါ့ဗျာ။ ။

အတောင်မစုံခင်မှာ

ပျံချင်တာသဘာဝမို့…..

အတောင်တစ်စုံတွက်

စွမ်းအားတို့ယူ

အားမာန်တွေကူလို့

ပျံသန်းဖို့မြေပြင်ထက်မှသည်

ဘ၀ဝေဟင်စီသို့

ခရီးအဆင့်ဆင့်ဆက်ဖို့

ကြိုးစားစို့နော်…………………….။ ။

ဟိုး တချိန်က……

သားမိုက်ကြွေး

ဗလပွနှင့်

ဒဏ်ဖြစ်စေခဲ့တယ်လေ။

၇မ်းကားတဲ့

စကားလုံးနှင့်

ခိုင်းနှိုင်းသုံးခဲ့တယ်လေ။

ပေါင်းသင်းနဲ့

သုံးဖြုန်းကာ

ချိန်ကုန်စေခဲ့တယ်လေ။

အခုချိန်မှာတော့ ……

သား …..နောင်တတွေ

တသီတတန်းနဲ့

တမ်းတနေပြီလေ။

ချိုသာနွေးထွေးတဲ့

မေ့ရင်ခွင်ကို

အောက်မေ့မိနေပြီလေ။

မိုက်ကြွေးတွက်

ပြန်ဆပ်ဖို့ခွင့်ရေးလေး

ပေးလှည့်ပါလေ။

ချစ်ခြင်းတွေ

အပြည့်နဲ့ပေးဆပ်မယ့် …… သား

အမေတစ်ယောက်….

လက်ကမ်းလို့

စောင့်မျှော်ပေးပါ

အို …… ချစ်အမေရယ်။

Search This Blog

Blog Archive

Visitor

-