Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

Showing posts with label Inspiring story. Show all posts
Showing posts with label Inspiring story. Show all posts


တခါကလူတစ်ယောက်ဟာ ဓာတ်တိုင်တစ်ခုဧ။် အလင်းေ၇ာင်အောက်မှာ သူ့ရဲ့ပျောက်နေတဲ့သော့ကို အသဲအသန်၇ှာဖွေနေတာပေါ့။ ဒါကိုလမ်းသွားတစ်ယောက်က မနေနိုင်တော့ဘဲ မေးသတဲ “ခင်ဗျားသော့ကို ဘယ်မှာပျောက်ခဲ့တာလဲဗျ။”

ဒီတော့ ထိုလူကပြန်ဖြေသတဲ့ “အိမ်ထဲမှာ ပျောက်တာပါ”။ ဒါနဲ့လမ်းသွားက “ဒါဆို၇င်ခင်ဗျားဘာကြောင့် ဒီဓာတ်တိုင်အောက်မှာ လာရှာနေ၇တာတုံး။” ထိုအခါ ပြန်ဖြေလိုက်တာကတော့ “ဒီမှာက မီးရှိတယ်လေဗျာ။ ။”

translates from "The Lost Key" by Dr. G. Francis Xavier

ဒီပုံပြင်လေးရဲ့ဆိုလို၇င်းကတော့ လူသားတွေဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူတို့လုပ်သမျှတွေဟာ အပေါ်ယံကိုသာ ကြည့်ပြီး တဒင်္ဂဖြေရှင်းတတ်ကြပြီး ပြဿာနာရဲ့အ၇င်းအမြစ်ကိုတော့ ဖြေရှင်းဖို့မေ့လျော့နေတတ်ကြပါတယ်။

မက္ကဆီကိုနိုင်ငံ၌ ၇ှိသော နေ၇ာတော်တော်များများ၌နေသော အမျိုးသမီးများသည် ကံအလွန်ကောင်းသူများ ဖြစ်သည်။ အချို့ နေ၇ာများတွင် နွေဦး၇ာသီနှင့် ဆောင်းဦးရာသီဟူ၍ ဥတုနှစ်မျိုးစလုံးကို ၇ရှိလေသည်။ နွေဦး၇ာသီတွင် သူတို့ဧ။် အဝတ်အစားများကို ပြုတ်လျှော်နိုင်ပြီး ဆောင်းဦး၇ာသီများတွင်ေ၇ကိုအသုံးပြု၍ အဝတ်အစားများကို လျှော်ဖွတ်နိုင်သောကြောင့်ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားတစ်ဦးဟာ ဒီလောကတရားရဲ့ ကောင်းခြင်းကို မြင်သောအခါ အလွန်မှသဘောကျသွားပြီး သူဧ။ိ သူငယ်ချင်း မက္ကဆီကန် ကို “ ငါထင်တယ်ကွာ ဒီကအမျိုးသမီးတွေ တော့ လောကကြီးရဲ့ လှပတဲ့ ဒီလို၇က်ေ၇ာမှုကို နှစ်သက်သဘောကျကျမှာ၊ ကျေးဇူးတင်ကျမယ်ထင်တယ်နော်”။

ဒီတော့ သူ့သူငယ်ချင်းပြန်ပြောလိုက်တာကတော့ “ ဘယ်ကသာဟုတ်၇မှာလဲ၊ သူတို့မှာ လောကကြီးက သူတို့ကို ဆပ်ပြာမလုပ်ပေးခဲ့လို့တောင် မကျေနပ်နေကြတာကွ။ ။”

translates from "Mother Nature's Bounty" by Dr. G. Francis Xavier

လူသားဆိုတာ သူတို့ကို ပေးထားတဲ့ လောကတရားတွေကိုတော့ ဘယ်တော့မှ မချီးမွမ်းတတ်၊ ကျေးဇူးမတင်တတ်ကြပါဘူး။ သူတို့ကို မပေးထားတဲ့အရာ၊ မ၇၇ှိတဲ့အ၇ာကိုမှ ဝေဖန်ပြစ်တင်တတ်တာ လူသားတွေပါ။


တစ်ခါက ကလေးတစ်ဦးဟာ သူ့ရဲ့မိခင်ကို သူ့ရဲ့အမည်စာ၇င်းကို ကျောင်းကပွဲရဲ့ ဇာတ်ဆောင်ရွေးပွဲထဲကို ပါဝင်ဖို့ စာရင်းပေးခဲ့တယ်လို့ ပြောသတဲ့။ မိခင်ဟာ သူ့သားလေးကို အဓိကသရုပ်ဆောင်နေရာကိုများ အရွေးခံရမလားလို့ မျှော်လင့်တကြီးနဲ့ပေါ့။

သ၇ုပ်ဆောင်ေ၇ွူးပွဲနေ့၊ ကျောင်းကအပြန်မှာ မိခင်ဟာ သားဘယ်သ၇ုပ်ဆောင်နေ၇ာမှာ အရွေးခံ၇သလဲလို့ သားကို အားတက်သေ၇ာမေးတာပေါ့နော်။ ဒီတော့ သားငယ်လေးက စိတ်လှုပ်ရှားစွာပြောလိုက်တာကတော့ “မေမေ၇ယ် သားကိုလေ လက်ခုပ်တီး၊ အားပေးတဲ့သူ အဖြစ်ရွေးလိုက်တယ်ဗျ.......။ ။”

translates from " A Player of Importance" by Dr. G. Francis Xavier

(လူတိုင်းလူတိုင်းဟာ ဖြစ်သန်းနေ၇တဲ့ ဘဝတလျှောက်လုံးမှာ စိတ်ဓာတ်ကျစရာတွေ တွေ့တတ်၊ဖြစ်တတ်ပါတယ်။ အကယ်၍များ စိတ်ဓာတ်ကျခဲ့လျှင် ဒီပုံပြင်ထဲက ကလေးငယ်လေးလို ၇၇ှိလာတဲ့ အ၇ာအားလုံးကို အကောင်းမြင်တတ်ဖို့တော့ မမေ့ပါနှင့်ဗျာ။)



တစ်၇ံေ၇ာအခါက အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်မဲ့ပြီး (၁၀)နှစ်သားသားငယ်နှင့်အတူ ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်၇င်ဆိုင်နေရတာပေါ့။ သူတို့သားအမိဟာ ကားအိမ်ပေါ်မှာနေပြီး အိမ်ထောင်မှုပစ္စည်းမလုံမလောက်နှင့် အခက်အခဲအားလုံးကို ၇င်ဆိုင်ကျော်ဖြတ်နေ၇တာပေါ့။

တနေ့မှာ သူမသားရဲ့ သူငယ်ချင်းလေးဟာ ပစ္စည်းဥစ္စာပြည့်စုံပါလျှက်နှင် နေအိမ်ကနေထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းကို သားငယ်ဆီကကြား၇တော့ မိခင်ဖြစ်သူမှာ အတော်လေးအံ့ဩမိခဲ့တယ်။ “သား၇ယ်ဘာကြောင့်များ ဒီကလေး၇ယ် ထွက်ပြေး၇တာလည်းကွယ်” လို့ မိခင်ဖြစ်သူကမေးတော့ သားဖြစ်သူလေးဖြေလိုက်ပုံက “အမေ၇ယ် သူ ကသူ့ပတ်ဝန်းကျင်၊ သူ့လောကကသူ့ကို ပစ္စည်းဥစ္စာ ပြည့်စုံအောင်တော့ထားပေးတယ်။ ဒါပေမယ့် မေတ္တာတ၇ားတော့ ပေးမယ့်သူမ၇ှိဘူးလေ။ ကျွန်တော်က ချစ်ခြင်းမေတ္တာ အပြည့်၇ှိတယ် ဒါပေမယ့် လောကစည်းစိမ်တော့မ၇ှိုဘူးလေ.........။ ။”

translates from "Love & Environment" by Dr. G. Francis Xavier

(လောကမှာ စည်းစိမ်ဥစ္စာ ပြည့်စုံမှုဆိုတာထက် လူတစ်ယောက်ရဲ့ အမြင်တွေကို ဖြောင့်မတ်လမ်းပြဖို့ ချစ်ခြင်းမေတ္တာတ၇ားကသာလျှင် ပျော်၇ွှင်ချမ်းမြေ့ အောင်မြင်ခြင်းကိုသာ လူတိုင်းကို အဓိကပေးစွမ်းနိုင်တာပါ။)


တရံရောအခါမှာ ကလေးငယ်လေးတစ်ဦးဟာ ကြယ်လေးကို ကြည့်ပြီး စတင်ငိုကြွေးနေသတဲ့။ ဒီငိုကြွေးသံကို သူကြည့်နေတဲ့ကြယ်ကလေးက ကြားတဲ့အခါ ကလေးငယ်ကိုမေးသတဲ့ “ဘာကြောင့်များ ငါ့ကိုကြည့်ပြီးငိုနေ၇သလဲ ကလေးငယ်ရယ်”လို့ မေးလိုက်ပါတယ်။

ထိုအခါကလေးငယ်က “ကြယ်ကလေးရယ် နင်ကငါ့ရဲ့ ဟိုးအဝေးကြီမှာ ရှိနေတော့ ငါနင့်ကို ဘယ်တော့များမှ ထိတွေ့လို့မရတော့လို့ပါ” လို့ ငိုပြီးဖြေတာပေါ့နော်။ ဒီတော့ ကြယ်ကလေးပြန်ဖြေလိုက်တာကို ကလေးငယ်လေးကြားလိုက်တာကတော့ “ကလေးငယ်ရယ် ငါသာမင်းရဲ့ နှလုံးသားမှာ မရှိခဲ့ရင်တော့ ဘယ်လောက်ပဲအနေနီးနေပါစေ၊ မင်းလေး ငါ့ကို မမြင်နိုင်ပါဘူးကွယ်.........။ ။”

translates from " A Small Boy" by John Magliola

[ဒီဇာတ်လမ်းလေးကတော့ ချစ်ခြင်းမေတ္တာဆိုတာ အနေနီးခြင်း၊ ဝေးခြင်း နှင့် မသက်ဆိုင်ပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ နှလုံးသားတစ်နေရာမှာ ရှိနေခဲ့ရင်ဖြင့် အချစ်ဆိုတဲ့အရာဟာ နီးနီးဝေးဝေးအရာအားလုံးကိုမြင်နိုင်စွမ်းရှိပါတယ်။]

တခါက စာပေဟောကြားသူပညာ၇ှင် တစ်ယောက်သည် သူရဲ့စကားလုံးများသည် သူ၏ကိုယ်ပိုင်သာဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ဆီကမှ ကူးယူသူမဟုတ်ကြောင်း အစဉ်ပြောကာ မိမိ ကိုယ်ကို ဂုဏ်ယူနေတာပေါ့။

တချိန်မှာ သူရဲ. စာပေဟောပြောပွဲအပြီးမှာ သူဟာပရိတ်သတ်ရဲ. တုံ.ပြန်မှုများစွာကို မျှော်လင့်ရင်း သူရဲ့စကားလုံးများသည် သူ၏ကိုယ်ပိုင်သာဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ဆီကမှ ကူးယူသူမဟုတ်ကြောင်း ကိုပြောကြားပြန်လေရော။

ဒီအခါမှာ ပရိတ်သတ်ထဲမှ အဖွားအိုတစ်ဦးက “ဆရာ ဟောပြောတဲ့စကားတွေက လူထုကို အကျိုးပြုပြီး တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့်................။ ဆ၇ာ့စကားလုံးတွေက ကျွန်မစာအုပ်တစ်အုပ်ထဲမှာ တွေ.ဖူးပြီးသားတွေ ဖြစ်နေတယ်ဆရာ။”

ထိုအခါ စာပေဟောကြားသူဆရာက ပြာပြာသလဲမေးလိုက်တာက “မဖြစ်နိုင်တာ။ ဒါကျွန်တော့်ရဲ့ ကိုယ်ပိုင်စကားတွေပါပဲ။ ဒါဆိုရင်တော့ အဲဒီစာအုပ်ကို ကျွန်တော့ကိုပြပါလား။”

အဖွားအိုက သူယူလာတဲ့ စာအုပ်ကို ထုတ်ယူကာပြလိုက်သတဲ့။ သူယူလာတာကတော့ ကြီးမားပြီးစကားလုံး အကုန်ပါတဲ့ dictionary စာအုပ်လေ။ စာပေဟောကြားသူရဲ့ စကားလုံးတိုင်းဟာ ဒီစာအုပ်ထဲမှာ ပါတာပေါ့ ဆိုတဲ့ သူမရဲ့စကားက အမှန်ပါ။

translating from world's best inspiring short stories by Dr. G. Francis Xavier [The Boastful Orator]

ဒီဝတ္ထုလေး ဆိုလိုတာက ဒီနေ.ကမ္ဘာမှာ အရာမှန်သမျှဟာတိုးတက်မှု နေပါတယ်။ သို.သော် တိုးတက်လာသော အတွေးအခေါ်တိုင်းဟာ ၁၀၀ရာခိုင်နှုန်းအတိ ကိုယ်ပိုင်ဖြစ်တယ်လို. ဒီတိုးတက်သော ခေတ်ထဲမှာ ပြောလို.မ၇တော့ပါဘူး။ ဒါကြောင့် အရာရာတိုင်းမှာ ကိုယ်ပိုင်လုပ်နိုင်တယ်ဆိုတဲ့ ကြွားလုံးထုတ်မှုတွေကို လျော့ပြီး ကိုယ့်ကိုကိုယ်နှိမ့်ချကာ တိုးတက်မှုလမ်းကို အတူတကွ လျှောက်ကြပါစို.။

အမှန်တရားကို ရှာဖွေသူအချို.ဟာ မြင့်မြတ်သော သူတော်စင်ထံကို ချဉ်းကပ်ကာ ဘဝတစ်သက်စာအတွက် လိုက်နာဆောင်ရွက်ရမယ့် စကားလုံးလေး ချီးမြင့်ပေးပါရန် တောင်းပန်လျှောက်ထားသတဲ့။

ဒီတော့ သူတော်စင်က ပြောကြားလိုက်တာကတော့ “သတိရှိကြပါ။”

translating from world's best inspiration short stories by Dr. G. Francis Xavier [Seekers of truth]

မြတ်စွာဘုရားက ဟောကြားရာမှာလည်း လူတိုင်းလူတိုင်း အရာရာမှာ သတိရှိကြဖို.ပါ။ လူတိုင်းလူတိုင်းဟာ နေ.စဉ်တိုင်း အချိန်တိုင်းမှာ လုပ်ရပ်တိုင်း၊ အတွေးတိုင်း၊ ခံစားချက်တိုင်းဟာ သတိလက်လွတ် ထားကာနေနေကြတာပါ။ စိတ်နဲ.လူနဲ. ကပ်တယ်လို.ကို မရှိအောင် အသိကပ်မထားကြပါဘူး။ ဥပမာပြောရရင် ဒေါသဖြစ်နေတဲ့လူတစ်ယောက်ဟာ သူကိုသူဒေါသဖြစ်နေတာကို မသိပါဘူး။ ဒေါသဖြစ်နေတာကို အသိဝင်တာနဲ. တပြိုင်နက် ဒေါသဟာ တဖြည်းဖြည်းလွင့်စင်လာပါလိမ့်မယ်။ မကောင်းတဲ့အရာ မှန်သမျှကို အသိရှိလာတာနှင့်အမျှ လူတိုင်းလူတိုင်းဟာ ကောင်းရာ စီသို.ဦးတည် လာမှာ ဧကန်ပင်ဖြစ်ပါတယ်။ ထိုကြောင့် လူတိုင်း အသိတရား ရင်ဝယ်ထားနိုင်ရန် အတွက် ယခုချိန်မှပင် စတင်ကာ တရားမှတ်ရှုရင်းဖြစ် အသိတရား လက်ကိုင်ထားနိုင်ကြပါစေ။ ။

တခါက ဆရာဝန်တစ်ဦးဟာ သူ၏လူနာအခြေအနေအား သုံးသပ်၍ လူနာအား သူ.အခြေနေကို အမှန်အတိုင်း ပြောရန်ဆုံးဖြတ်ကာ “လူကြီးမင်းခင်ဗျာ ကျွန်တော်စိတ်အထင် လူကြီးမင်းအနေဖြင့် မိမိရဲ. ကျန်းမာရေးအခြေအနေမှန်ကို သိချင်မယ်လို. ထင်ပါတယ်။ လူကြီးမင်းရဲ. နောက်ဆုံးအချိန်မှာ ဘယ်သူကိုများ ဘာများမှာချင် ပါသလဲခင်ဗျာ။” လို. ပြောဆိုမေးမြန်းလိုက်သတဲ့။

ထိုစကားကို ကြားသောအခါ လူနာရှင်အဖိုးအိုက “အို..... မှာချင်ပါတယ်ကွယ်” လို. ပြောလိုက်ရာ........... ဆရာဝန်လည်း “ဘယ်သူကိုများလဲ” လို. မေးသတဲ့။ ထိုအခါ လူနာရှင်အဖိုးအို အားတက်ကာ ပြောလိုက်တာတော့ “နောက်ဆရာဝန်တစ်ယောက်”။

translation from world's best inspiration by Dr. G. Francis Xavier [His Last Wish]

သေခြင်းတရားကို မည်သူတစ်ဦးတစ်ယောက်မှ ရှောင်လွှဲ၍ မရကြသော်လည်း၊ မည်သူမှ ထိုသေခြင်းတရားကို နောက်ဆုံးအချိန်ထိ အလျော့မပေးကြပေ။ ရှင်သန်ခြင်းသည်သာ လူသားတို. အတွက် အလိုအပ်ဆုံး ဆုတောင်းပင်ဖြစ်သည်။ အထူးသဖြင့် မိမိကျန်းမာရေး ဆိုးရွားလာကာ သေဆုံးမည်ဟု သိထားသော လူနာများ၏ အတောင်းတဆုံး နောက်ဆုံးဆန္ဒမှ သေခြင်းတရားမှ ရှင်သန်လွတ်မြောက်ခြင်းပင် ဖြစ်လေသည်။

တခါက သူဌေးကြီးတစ်ဦးဟာ သူ.ကျေးကျွန်များကိုခေါ်၍ “ ဘယ်အချိန်ဟာ ညကုန်ဆုံးလို. ဘယ်အချိန်က နေ.ကိုရောက်သလဲ ဆိုတာ မင်းတို. ဘယ်လိုသတ်မှတ်သလဲ” လို. မေးသတဲ့။

ဒီတော့ တစ်ယောက်က ဖြေသတဲ့ “ကျွန်တော်မျိုးကြီး နွား နဲ. မြင်းကို ခွဲခြားသိမြင်မှပါ သခင်။”

နောက်တစ်ယောက်က “ကျွန်တော်မျိုး သရက်ပင် နဲ. တမာပင် ကို ခွဲခြား နိုင်မှပါ” လို. အသီးသိီးဖြေကြသတဲ့။

ထိုအခါ သဌေးကြီးက “မင်းတို. အဖြေက မဟုတ်သေးဘူး။” ဟုဆိုကာ ဆက်လက်ဖြေကြားလိုက်တာကတော့ “မင်းတို. လူတိုင်းလူတိုင်းကို မင်းတို.၇ဲ. မောင်နှမသားချင်းလို သဘောထားနိုင်တဲ့ အချိန်ပေါ့ကွ။”

translating from world's best inspiring stories by Dr. G. Francis Xavier [When night ends & day begins]

ဒီဝတ္ထုတိုလေး၇ဲ. ဆိုလိုရင်းက လူသားတိုင်းဟာ ကျန်သော လူသားများကို သူ၏ ချစ်ခြင်းမေတ္တာတရားကို ဖေါ်ထုတ်ပြသနိုင်သော နေ.မှစကာ အမှောင်ကိုခွင်းကာ အလင်းဆောင်သောနေ.များသာ ဖြစ်ပါသည်။ ။

တခါက စိတ်ပညာရှင်ကျောင်းသားတစ်ဦးဟာ စိတ်ဆေးရုံကို သွားရောက်လေ့လာခွင့်ရသတဲ့။ ဆေးရုံခံဆရာဝန်မှ လိုက်လံပြသလေရာ တစ်နေရာ အရောက်မှာ လူနာတစ်ဦးဟာ “လူလူ၊ လူလူ၊.......” နဲ. မည်တွန်တောက်တီးနေတာကို တွေ.တော့ ဆရာဝန်လေးကို မေးသတဲ့။

ဆရာဝန်လေးက ပြောတာတော့ လူလူဆိုသော အမျိုသမီးကလေးကပြစ်သွားလို. ရတဲ့ဝေဒနာဖြစ်ပြီး တချိန်လုံး တမ်းတကာခေါ်နေတာဘဲ လို.ဖြေသတဲ့။ ဒီတော့ စိတ်ပညာရှင်ကျောင်းသားလေးက အချစ်ကိုဆုံးရှုံးခြင်းဟာ ၇ူးသွတ်စေနိုင်ပါလားလို. ကောက်ချက်ချတာပေါ့။

ဒီလိုနဲ. ဆက်လက်လေ့လာပြန်ရာ တစ်နေရာ အရောက်မှာ အခြားလူနာတစ်ဦးဟာ “လူလူ၊ လူလူ၊.......” နဲ. ခေါ်ဆိုကာ သူ.ခေါင်းကို နံရံနဲ. တိုက်နေတာကို တွေ.ရပြန်တော့ စိတ်ပညာရှင်ကျောင်းသားက “ဪ.... သနားစရာကောင်းပါဘိ။ ဒီမှာလည်း ..... လူလူရဲ.အချစ်ကျေးကျွန် နောက်တစ်ယောက် ပါလား။ ဘယ်လောက် လှတဲ့ လူလူလည်း မသိဘူး ။ သူမကြောင့် များစွာသော လူတွေဟာ အချစ်ကျေးကျွန် ဖြစ်နေရပါလား” လို.ဆိုလိုက်တယ်။

ဒါကို ကြားလိုက်တဲ့ ဆရာဝန်လေးက “ခင်ဗျားတော့....... မှားပြီ။ ဒီလူက......လူလူ.ယောက်ျားဗျ. ။”

translating from world's best inspiration stories by Dr. G. Francis Xavier [Lulu, Lulu, Lulu]

ဒီဝတ္ထုတိုလေးက လူငယ်လူရွယ်တိုင်းဟာ အချစ်နှင့်မကင်းတာ သဘာဝတရားပါ။ သိုသော်လည်း လူတိုင်းလိုလိုဟာ ချစ်သောသူနှင့် ပေါင်းဖက်ခွင့် မရနိုင်ကြပေမယ့် ထိုအချစ်ကို ဆုံးရှုံးရသောသူအတွက် လူဘဝဟာ ထိုအရာဖြစ် အဆုံးသတ်မည်လို. မဆိုလိုနိုင်ပါ။ အချစ်ဆုံးခြင်းသည် ဘဝဆုံးခြင်း မဟုတ်။ လူ.ဘဝတွင် အချစ်တို. လက်ထပ်ထိန်းမြားခြင်းတို.ထက် အဓိပ္ပါယ်ရှိသောအရာများစွာ ရှိပါကြောင်းကို တင်ပြထားခြင်း ဖြစ်ပါသည်။

ထပ်လောင်းကာတင်ပြချင်သောစာသားလေးမှာ

"Money can buy pleasure, but it can't buy happiness; It can buy cosmetics and even beauty treatment, but it can't buy beauty; It can buy medicines but not health; It can buy sporting equipment but not good physique; it can buy good things, but not goodness; It can buy a good coffin, but not a good death, and so on indefinitely." [R. H. Lesser]

တစ်ခါက ဘုရားဖူးထွက်လာတဲ့ ရဟန်းပျိုနှစ်ပါးဟာ မြစ်ကမ်းတစ်ခုကိုအရောက်မှာ ဝတ်ကောင်းစားလှနှင့် အမျိုးသမီးတစ်ဦးဟာ တံတားမရှိတဲ့ မြစ်ကို ဖြတ်ကူးရန် အခက်ကြုံနေတာကို တွေ.လိုက်ရတယ်။

တစ်ပါးသော ရဟန်းမှာ တည်ငြိမ်စွာဖြစ်ပင် အမျိုးသမီးငယ်အား ထမ်းကာ မြစ်ကိုဖြတ်ကူးပြီး အခြားတစ်ဖက်ကမ်းမှာ ချပေးသတဲ့။ ကျန်ရဟန်းမှာ အံ့သြစွာဖြစ် ငေးငိုင်နေရာမှ သတိရမှ တစ်ပါးတည်း မြစ်ကို ဖြတ်ကူးလာခဲ့ရရှာလေရော။

ထိုနောက် ရဟန်းနှစ်ပါး ခရီးဆက်လာခဲ့ရာ ကျန်လမ်းတလျှောက်လုံး ကူညီသူရဟန်းအား “ အမျိုးသမီးအား နီးကပ်စွာ ထိတွေ.ခြင်းဟာ ရဟန်းကျင့်ဝတ်ကို ဆန်.ကျင်တယ်ဆိုတာ မင်းမသိဘူးလားကွာ................... မင်းကွာ......” ဟု ကျန်ရဟန်းက အကြိမ်ုကိမ် မြည်တွန်ဝေဖန်ရှုံ.ချသတဲ့။

အကြိမ်ကြိမ်ပြောဆိုဖန်များလာတဲ့အခါ ကူညီသူရဟန်းလည်း မခံမရပ်ဖြစ်လာကာ အဆုံးမှာ ပြောချလိုက်တာက “ငါ့စိတ်ထဲမှာ ဒီအမျိုးသမီးကို မြစ်ဘေးမှာ ထားခဲ့တာကြာလှပြီကွာ။ မင်းနဲ.ကွာ.... လမ်းတလျှောက်လုံး ဒီအမျိုးသမီးကို စိတ်ထဲထည့်ယူလာရတယ်လို.ကွာ။ ဪ......... ဖြစ်မှဖြစ်ရလေ..... သူငယ်ချင်းရာ...........”

traslating from world's best inspiring stories by Dr. G. Francis Xavier [Purity in Heart]

ဒီဝတ္ထုတို ပြောရှာတာတော့ မည်သူမဆို စိတ်ကို ဖြူစင်သန်.၇ှင်းစွာဖြင့် စေတနာသန်.သန်.ထားကာ ကူညီရင်ဖြင့် အရာရာကို အပြစ်လို.ယူစလို. မ၇ပါဘူး။ ကူညီသူကို ဝေဖန်အပြစ်တင်သူကသာ အပြစ်ဖြစ်တာပါ။

တနေ.မှာ အရမ်းကို လျှင်မြန်ဖြတ်လတ်တဲ့ သစ်ခုတ်သမားလူငယ်လေးတစ်ယောက်ဟာ သစ်တောတစ်ခုမှာ သစ်ခုတ်ခွင့်ကို ရသတဲ့။

ပထမနေ.မှာ အချိန်(၈)နာရီအတွင်းမှာ သစ်(၇)ပင်ကို ခုတ်လဲနိုင်ခဲ့တယ်။ သို.သော် ဒုတိယနေ.မှာတော့ အချိန်(၈)နာရီအတွင်းမှာ (၅)ပင်၊ တတိယနေ.မှာ (၃)ပင် နှင့် စတုတ္ထနေ.မှာတော့ (၁)ပင်သာ လှဲနိုင်တော့တယ်။

သူဟာ အပင်ပန်းခံ ကြိုးစားလုပ်ကိုင်ပါလျှက် ဘာကြောင့်မအောင်မြင်ရသလဲဆိုပြီး သူ.သဌေးကို မေးတော့တာပေါ့။ အဲတော့ သဌေးက မေးသတဲ့ “မောင်မင်း မင်းနေ.တိုင်း မင်းရဲ.ပုဆိန်ကို သွေးရဲ.လား”။ ဒီတော့မှ သူလဲသူရဲ. အပြစ်ကို သိရှာတော့တယ်။ ။

translating from world's best inspiring stories by Dr. G. Francis Xavier [The Woodcutter]

ဒီဝတ္ထုလေးမှ အချိန်ကုန်၊ လူကုန်၊ ငွေကုန်ကာ ထိုက်တန်သော အကျိုးတရားရရှိစေဖို.အတွက် လူတစ်ယောက်ဟာ မိမိရဲ.အပြုအမူကို ဥာဏ်ရည်ဖြင့် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။ လူတစ်ယောက်ဟာ တစ်ဖက်ကမ်းခတ်အောင် ကြိုးစားစရာ မလိုပါဘူး။ ပါးရည်ထက်မြက်သော ဥာဏ်ပညာနှင့် ကိုယ်စွမ်းရှိသမျှ တတ်နိုင်သမျှ ကျိုးစားဖို.ဘဲလိုတာပါ။ ကျိုးစားမှုမှာ ဥာဏ်ပညာ နှင့် သတိတရား လက်ကိုင်ထားပါက ကိုယ်လိုရာ ပန်းတိုင်ကို ချောမွေ.လျှင်မြန်စွာ ရောက်ရှိမှာ အမှန်ပင်ဖြစ်ပါသည်။ ။

တခါက အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဟာ လက်ထပ်ပြီး ၉ နှစ်ကြာမှ သားလေးမွေးဖွား ခဲ့သတဲ့။ ရှားရှားပါးပါး တစ်ဦးတည်းသော သားလေးမို. ထားမတတ်အောင် ချစ်ခင်ယုယ ကြတယ်။ ဒီလိုနဲ. သားငယ် နှစ်နှစ်အရွယ်ရဲ. တစ်ခုသော နံနက်ခင်းမှာ........... ခင်ပွန်းသည်ဟာ အလုပ်ချိန်အရမ်းနောက်ကျနေတာကြောင့် သောက်နေကျဆေးကို ဖြစ်သလိုတင်ခဲ့ပြီး ဇနီးအား နေရာတကျထားပေးရန် ပြောဆိုကာ အိမ်မှကပြာကရာထွက်ခွါသွားလေတယ်။

အိမ်မှုကိစ္စတွေနှင့်၇ှူပ်ထွေးနေတာကြောင့် ဇနီးသည်ဟာ ခင်ပွန်းသည်ရဲ.စကားကို အချိန်တန်မှ သတိရကာ ထွက်အသိမ်းမှာတော့ လဲနေသောသားငယ်နှင့် ကုန်နေသောပုလင်းတို.သာ မိခင်ဖြစ်သူအား ကြိုရှာလေတော့တယ်။ ကပြာက၇ာ အမိမှာ သားငယ်ကိုပွေ.ယူကာ ဆေးရုံသို.ပြေးရှာသော်လည်း ဆေးရုံရောက်ချိန်မှာတော့ အခါနှောင်း၍ သားငယ်အသက်ပျောက်ခဲ့တယ်။

သားသတင်းကို ကြားကြားခြင်း ဆေးရုံကိုအလောတကြီး လိုက်လာတဲ့ခင်ပွန်းသည်ဟာ ဆေးရုံအရောက်မှာ သားငယ်ရဲ.သတင်းဆိုးနှင့် မျက်ရည်အပြည့်ဖြစ် ယူကြုံးမရငိုနေရှာတဲဇနီးသည်ကို တွေ.တဲ့အခါမှာ ခဏတာတွေဝေကာ မထင်မှတ်စွာဖြင့် ဇနီးသည်အားထွေးပွေ.ကာ ပြောလိုက်တာကတော့ “ငါ့ဘဝမှာ အလိုအပ်ဆုံးနဲ. အချစ်ဆုံးဟာ........... မင်းဘဲလေ” တဲ့။ ။

ဤဇာတ်လမ်းလေရဲ. ဆိုလိုခြင်းမှာ လူသားတိုင်းဟာအပြစ်မကင်း ကြသူတွေသာဖြစ်ပါတယ်။ မထင်မှတ်သော တိုက်ဆိုင်မှုကြောင့် ဖြစ်ပျက်ခဲ့သော အမှားများကို တစ်ဦးကိုတစ်ဦး နားလည်စွာဖြစ် ခွင့်လွှတ်ကြမယ်၊ ဖေးမကူညီကာ အတူတူရင်ဆိုင်ကျော်လွှားကြမယ်ဆိုရင်ဖြင့် ဤကမ္ဘာမှာ ပြဿာနာများဟာ တစတစ နဲပါးလာပြီး ပျော်စရာအတိနှင့် သာယာကြမှာ မလွဲဧကန်ဖြစ်မည်ပင်။ လူသားအချင်းချင်း မေတ္တာ ၊ ကရုဏာ၊ စေတနာ ထားကာ အကောင်းမြင်ရင်း၊ အားပေးနှစ်သိမ့်၇င်းဖြင့် ပျော်စရာအတိ အေးချမ်းသော ကမ္ဘာသစ်ဆီသို. တည်ဆောက်ရန်ဦးတည်လျှက်..............................။ ။

translating from "world best inspiring stories" by Dr. G. Francis Xavier [The Couple Story]

ဪ.........နောက်ဆက်တွဲ တင်ပြစရာ စာသားကတော့

" To be happy with a man, you must understand him a lot and love him a little. To be happy with a woman, you must love her a lot and not try to understand her at all." [Helen Rawland]

Search This Blog

Blog Archive

Visitor

-