Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

Showing posts with label Love Poem. Show all posts
Showing posts with label Love Poem. Show all posts

နှလုံးသားမှာ အချစ်မရှိ
အနှစ်မဲ့တဲ့ ဟင်းပမာ
အကြင်နာနှင့် မေတ္တာလောင်း
စေတနာပေါင်းကာထဲ့လဲ
'ရသာ' လိုတဲ့ ဟင်းပမာ
မင်းဘဝလဲ ဒီပမာပဲ
ဘဝဝဲထဲ နစ်မျောစဲ။       ။

ဆွတ်ရန်ရည်စူး
ခူးခြွေဟန်ပြင်
သူ...ရည်စူးရင်
အို...မယ့်သခင်
မင်းမခူးခင်
ချစ်ဦင်္းရင်သို့
ခြွေချင်သူမို့
လက်ကမ်းလို့ခေါ်
ယူတော်မူပါ
ဘဝသခင်....။

'ပျို့သခင်... ကူပါတော့ကွယ်'

မြူနှင်းဖွဲဖွဲတို့ အောက်

အအေးဒဏ်ကိုမမှု

အံတုဖို့တွက် .... အားမန်စုရာ

နွေးထွေးယုယမယ့်

လက်တစ်စုံကို အကူယူ

ရောင်ခြည်နုတို့အောက်

ဘ၀လမ်းကို ခွင်းဖို့

မင်းအချစ်တို့

အစဉ်ပေးလှဲံ့

အို... သခင်.... ဖေးမကာ

ကူလှဲ့တော့ကွယ်။  ။

အတွေးခမ်းလို့

အရေးတွေ မစမ်းလဲ

အချစ်တို့ လန်းနေစဲမို့

မင်းအတွက်တော့

အချစ်ပန်းကြိုးများ

သီဖြစ်စဲပါကွာ။


အဖြစ်မရှိတဲ့ကိုယ့်အသည်း

အချစ်ရှိတဲ့ မိန်းခလေးရဲ့အသည်းကို

ဘယ်လိုစွဲဆောင်ပြီး

ချီနှောင်ထုံးခဲ့လဲဆို ......

မင်းလေးသိအောင်ပြောရရင်ဖြင့်

ကိုယ့်အသည်းအား

ရွှေလင်းပန်းနဲ့ကမ်းပြီး

မင်းစေရာသုံးဖို့......

ခွင့်ပြုလိုက်တော့မယ်ကွာ။ ။


ချစ်သူနှစ်ဦးကြား

ယုံကြည်မှုတွေ....ရှင်သန်လေလေ

ချစ်လေလေ ....... ဆိုပေမယ့်

ချစ်ခြင်းအစ

သံသရဆိုတဲ့.......

မယုံကြည်မှုက ...စခဲ့တယ်ဆိုတာ

မင်းလေးမေ့များမေ့နေသလားကွာ ။ ။

ပင်မြင့်စံ နန်းထိုက်ပန်းမို့

အမြင်မှာစံ

ရနံ့တွေ ........ပျံ့သင်းလှိုင်ရင်း

စွတ်ချူရန် ........မျော်ကိုးနေသူမို့

စွမ်းရည်ရှင် အမောင်တစ်ယောက်အား

ချိန်ခါသင့် ....... ကြွေလင့်ရန်တွက်

ရည်းစူး မျှော်လင့်ရင်းဖြင့် ........

မူပိုင်ရှင် မာယာစနက်တို့အား .... အစွမ်းကုန်သုံး။ ။

ကြည်လဲ့လဲ့ကောင်းကင်မှာ

မီးခိုးရောင် ........တိမ်မှင်ဆွဲလာပြီမို့

သူရိန်နေမင်းလည်း ........

အနောက်ကျွန်းဆီသို့

ယွန်းနေပြီ ........ချစ်တဲ့သူရယ်။

တို့နှစ်ယောက်ရဲ့ ........ချစ်ခြင်း

စကန့်လေးမျှတောင်

မဝေးချင်သမို့

ခွဲခွါမယ် ......မရည်ညွှန်းတဲ့

အမုန်းလွန် .......တစ်ဖက်ကမ်းဆီသို့

နေမင်းရဲ့

ပြောစကားများ

တို့နှစ်ဦးနားမှာ .........

မကြားရမှီ .....

အတူတူယှဉ်တွဲ

သွားကြစို့ကွယ် ..........ချစ်တဲ့သူရယ် ။ ။

အကြည့်ချင်းစုံ


ရင်းနှီးမှု အလွှာခြုံတော့


အခင်အမင်တွေပိုကာ


နလုံးသားခြင်းဖလှယ်


နားလည်မှုကို ရှယ်လည်း


Heart beat မခုံ


ကိုယ့်ရင်ကိုမတုန်စေတော့


အရင်တုံးကလိုဘဲ


သူငယ်ချင်းလိုခင်ကြမယ်ကွယ်။

တို့ရင်မှာလေ
တိတ်တခိုးစိတ်နှင့်
တွယ်တာမြတ်နိုး
လွမ်းရက်များကိုဖြတ်ကျော်ရင်း
တနေ့နေ့မှာ.....
မင်းရင်ခွင်လေးထဲ
နေထိုင်ခွင့်လေး.....ပေးလှဲ့ပါ။ ။


အကြင်နာတွေထွေးယူ
ဖေးကူမယ့်
ပခုံးတစ်ဖက်
ကိုယ့်အတွက်.....
ဘယ်မှာလဲကွယ်
ချစ်တဲ့သူရယ်။

ဝမ်းနည်းကြေကွဲစွာနှင့်
ငိုကြွေးနေမှုတွက်
အမှီပြုမယ့်
ပခုံးတစ်ဖက်
ကိုယ့်အတွက်.....
ဘယ်မှာလဲကွယ်
ချစ်တဲ့သူရယ်။

ဘ၀တိုက်ပွဲများအား
တူစုံနွှဲလို့
အားပေးမယ့်
ပခုံးတစ်ဖက်
ကိုယ့်အတွက်.....
ဘယ်မှာလဲကွယ်
ချစ်တဲ့သူရယ်။

တစ်ဦင်္းကိုတစ်ဦး
ယုံကြည်မှုတူ
နားလည်ကူကာ
တွဲဖက်မယ့်
ပခုံးတစ်ဖက်
ကိုယ့်အတွက်.....
ဘယ်မှာလဲကွယ်
ချစ်တဲ့သူရယ်။ ။


ချစ်သူ....
ဘ၀တွေ....ဘယ်လိုဖြစ်ဖြစ်
ဒုက္ခတွေ.....ဘယ်လိုရောက်ရောက်
အခြေအနေတွေ...ဘယ်လိုပေးပေး
မင်းအတွက်ဆို
မပြောင်းလဲသော
အချစ်များက ....ရှင်သန်စဲပါကွယ်။ ။


ချစ်တဲ့သူရေ..........
ထက်ကောင်းကင်မှာ
တိမ်ညိုစင်လို့
သူရိန်နေမင်း
ငုတ်လျှိုးစင်းပြီး
အလင်းဖျော့ကာ
ဒီတစ်ညမှာ
တို့နှစ်ဦးအား
ဝေးရန်ရည်မို့
လွမ်းရိပ်မလို
မဝေးလိုပြီ
ခွဲခွါစကား
ဝေးရာစီသို့
ရဲဝံ့စွာဖြင့်
သွားကြပါစို့
ဘ၀အိမ်သို့။ ။

ဟော့ဒီမှာ
အချစ်ဦးမို့
မချစ်ဖူးတော့
အချစ်မူး......မူးနေ။

လာပြန်သပေါ့
အချစ်ပြောက်လို့
ချစ်ခြင်းခြောက်နေ။

ဒီကတစ်ယောက်
အချစ်စွန့်လို့
ချစ်စိတ်ဖောက်နေ။

ဘယ်သူဘာဖြစ်ဖြစ်
တို့မသိတော့
အသစ်စက်စက်
နှလုံးသားတစ်ခု
အကြွေးမရောင်း
လက်ငင်းရောင်းမည်
ဈေးဦးပေါက်မို့
ဈေးမဆစ်နဲ့
`၀ယ်ပြီးအချစ်ပြန်မအမ်းပါ´
အချစ်စစ်စစ်
ဝယ်ပါအုံး၇ှင့်
လာပြီလေ
`ဟောဒီမှာ........အချစ်´။ ။


စိတ်ကူးတွေကောင်း
အတွေးတွေပြောင်းကာ
လမ်းသစ်တွေဖောက်လည်း
အချစ်စစ်တို့မည်သည်
မအိုမဟောင်းမပြောင်းလဲရှာ
တစ်ယောက်သော သူအတွက်သာ.........။ ။


ဝင်ခွင့်မတောင်းဘဲ
ဝင်လာခဲ့နော်
အချစ်ရှိတယ်.....................

" ရှင်" !

သူပြောလိုက်တာ................
"SORRY " တဲ့လေ.............................။ ။


အနေတွေဝေးလည်း
ဘ၀ရှေ့ရေးတွက်
သွေးမအေးဘဲ
စွန့်လွှတ်မှုတွေပေးရင်း
အချိန်ကိုစတေး
အားမာန်ဆုံးနေသူတွက်
နားလည်မှုကိုထူ
အားပေးမှုတွေကူရင်း
ချစ်သူ၇ယ်.........
မျှော်နေတော့ကွယ်။ ။
(ချစ်သူတိုင်းစုံစည်းနိုင်ပါစေဗျာ။)


သွေးမစပ်
သားမတူလည်း
ငါ့အတွက်က
အံ့သြစွာဖြင့်
တစ်စက္ကန့်မျှ....မေ့မရအောင်
မင်းလေးကို
နှလုံးသားထဲက
ချစ်ခဲ့သူပါကွာ။ ။

နှစ်ဦးသား
အကြည့်မှာ ရင်ခုန်
သူမအပြုံးမှာ
အသည်းကြွေ
သူမအလိုကို
ကိုယ်ဖြည့်ဆည်းရင်း
လိုတာပေးအပ်
ရင်မဆံ့စွာ
ချစ်နေရင်းဖြင့်
သူမ....မသိအောင်
တိတ်တခိုးလေး
ချစ်ခွင့်ပြုပါ
ကိုယ့်ချစ်သူရာ.......။ ။

ချစ်ခြင်းဆိုရာဝယ်
မျက်လုံးလေးတွေလို
အနေကလက်တကမ်း
အဆင်းကစဉ်ပြီး
ခံစားမှုတူကာ
နှစ်ယောက်မခွဲ
အတူတူတွေ့
အတူတူပျော်
အတူတူငို
အတူတူမှိတ်
အတူတူအိပ်
အတူတူမျှဝေတဲ့
ခံစားမှုရှယ်
ချစ်ခြင်းဖလှယ်တဲ့
အချစ်မျိုးနဲ့
ဘ၀ကြင်ဖော်
ဘယ်မှာလဲကွယ်.......????

Search This Blog

Blog Archive

Visitor

-