Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

လူတိုင်းအတွက် အမှတ်တားစရာ အကောင်းဆုံး ၊ သူငယ်ချင်းအဖြစ်လည်း ရပ်တည်ပေးသော လူသားတစ်ဦး......

ဟိုလွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကပေါ့ ကျွန်တော့်အမေအတွက် အကောင်းဆုံးသော၊ အယုံကြည်ရဆုံးသော သူငယ်ချင်းက သူမထက် ၅နှစ်ခန်.ငယ်သော ကျွန်တော့်အဖေပင် ဖြစ်ပါသည်။ လက်ထပ်ပြီး ၂၆နှစ်အကြာ တတိယအရွယ်မှာတော့ သားသမီး ၃ယောက် နှင့် ပြည့်စုံသော မိသားစုဘဝလေးကို ရရှိခဲ့ချိန်မှာ အဖေဟာ အလုပ်လက်မဲ့ အမေ နှင့် သားသမီး ၃ယောက်ကို ပစ်ကာ အမေ့သူငယ်ချင်းဆိုသူနောက်ကို ကောက်ကောက်ပါ အောင်လိုက်သွား ခဲ့တယ်။ ရှိသမျှအားအင်လေးကိုစုကာ ရရာအလုပ်ကို လုပ်ကိုင်ရင်း အကြွေးများနှင့် ရဲရင့်စွာပင် အမေတစ်ယောက် သားသမီး ၃ယောက်အတွက် ဖြတ်ကျော်ရှာလေတယ်။

မည်သည့်အထောက်အပံ့ကိုမျှ မယူဘဲ မာနနှင့်အမေဟာ......... အဆုံးမှာ ကျရှုံးကာ အိမ်ကိုပင် ရောင်းရလေကာ အဖိုးအဖွားတို.အိမ်သို. ပြောင်းရွေ.ကာ နာမကျန်းမိဘနှစ်ပါးကို ဆုံးပါးချိန်ထိ သားသမီးကောင်းပီသစွာ ကျွေမွေးစောင့်ရှောက် ခဲ့တယ်။ မိဘများကို ပြုစု၍ တင်ကျန်ခဲ့သော အကြွေများက ယခုတိုင်ပင် သူမဆပ်နေရစဲပါ။

မိဘနှစ်ပါးဆုံးပါးလို.မှ မကြာ သူမ ယောက္ခမနေမကောင်းပြန်ရာ သူမကပင် မငြိုမငြင် ပြုစုတာ သေဆုံးချိန်အထိပေါ့။ ကျွန်တော့် ဒေါ်လေးဟာ ရုတ်တရက် နှလုံးေ၇ာဂါဖြစ် ဆုံးပါးလေရာ သူမရဲ.မောင်နှင့် သူ့.ကလေးများကို လွန်ခဲ့သော ၅နှစ်ကပင် စောင့်ရှောက်ခဲ့လေတယ်။

ကျွန်တော့် အထင်ပြောရရင် ကမ္ဘာပေါ်တွင် အမေသည်သာ အချစ်တတ်ဆုံး ၊ အနားလည်ဆုံး နှင့် ဂရုစိုက်အတတ်ဆုံး လူသားတစ်ဦးပင်ဖြစ်ပါသည်။ ကျွန်တော်တို. မောင်နှမအပေါ်တွင်လည်း သူမရဲ့ အအေးမြဆုံး၊ အနွေးထွေးဆုံးသော ရင်ခွင်ကြီးဖြစ် ချစ်ခြင်းမေတ္တာများကို ပေးစွမ်းနိုင်သော မိခင်ကောင်းတစ်ဦးပါ။

သူမဟာ....... သူမဘဝကို လူတကာကို ပေးဆပ်ရင်းဖြင့် မိဘအပေါ်တွင်လည်း သားသမီးကောင်းတစ်ယောက်ဖြစ်သလို၊ မောင်နှမများအပေါ်တွင်လည်း .......... အစ်မကောင်းပီသသူတစ်ဦးဖြစ်ပါတယ်။ ဒါတင်သာမက ယောက်ျား နှင့် ယောက္ခမများအပေါ်တွင်ပါ တာဝန်မပျက်ခဲ့ပါ။ သားသမီးများအပေါ်တွင်တော့ အနှိုင်းမဲ့မေတ္တာတရားနှင့် ဖြည့်စွက်ပေးခဲ့သော စံပြအမေပါ။

ထိုသို. မေတ္တာကြီးမားလှသော ချစ်လှစွာသောမေမေအား ဤဝတ္ထုလေးဖြင့် ကန်တော့လိုက်ပါတယ်။

“အမေများအားလုံးသို. ...................”

0 comments:

Search This Blog

Blog Archive

Visitor

-