'ဘကုံး' နဲ့ 'ဝ'
နှစ်ခုပေါင်းမှ ... ဒီ "ဘဝ"ဟု
အရိုးဆုံးစကားလုံး
တို့များ... သုံးလည်း
လက်တွေ့မှာတော့..
လောဘ၊ ဒေါသ၊ မောဟ ဖုံးကာ
မေတ္တာနဲသမို့
လုယက်သတ်ဖြတ်၊
တိုက်ခိုက်ကြကာ
ဟိုမှာ မုန်တိုင်း၊ ဒီမှာ ငလျှင်
မိုးသီးကျကာ ရေကြီးပြန်တော့
အစုလိုက်သေ၊ အုံလိုက် ဒုက္ခ
ကြုံရပြန်သမို့
တရား မမေ့ကြစို့
တို့လူများတို့။ ။
အမြင်ဟောင်းကိုစွန့်
အသွင်သစ်သို့ပြောင်း
ဒီလမ်းကို ဖောက်ဖို့
တစ်ဦးကို တစ်ဦး
ဖေးမကာကူ
စာနာမှုတို့နှင့်အတူ
ကိုယ့်လိုအပ်မှုကို ပြုပြင်လို့
အများကိုလည်း အပြစ်မမြင်
အနစ်နာခံခြင်းများနှင့်
ပေးဆပ်ခြင်းတို့ဖြည့်
မျှော်မှန်းတဲ့ တို့အိမ်လေး
တွဲလက်များဖြင့် တည်ကြစို့လေး။ ။
အဝေးမှာနေတော့
အပြစ်မမြင်
ကရုဏာဝင်လို့.....
အနီးဆုံးလည်းရောက်
စကားစစ်တို့မှိုလိုပေါက်
မင်းနဲ့ငါဟာ.....
ဘုနဲ့ဘောက်။ ။
နှလုံးသားမှာ အချစ်မရှိ
အနှစ်မဲ့တဲ့ ဟင်းပမာ
အကြင်နာနှင့် မေတ္တာလောင်း
စေတနာပေါင်းကာထဲ့လဲ
'ရသာ' လိုတဲ့ ဟင်းပမာ
မင်းဘဝလဲ ဒီပမာပဲ
ဘဝဝဲထဲ နစ်မျောစဲ။ ။
အပြုံးတုတစ်ခုကို
မျက်နှာမှာဖုံး
သကာရည်စမ်းတဲ့
စကားလုံးတွေနဲ့
အနှစ်မပါဘဲသုံး
နင်ဟာ..........
ငါ့အမုန်းဆုံး။ ။
အများပေးတဲ့ သောက
ကိုယ့်ဒုက္ခနှင့် ရောစပ်လို့
တနင့်သော အလုပ်တို့ပုံ
အပြစ်ပုံမယ့် မျက်လုံးများနှင့်
ဒီလို ..... အနှုတ်တွေစု
မင်းလိုလူ ဘယ်လိုရုန်းနိုင်အုံးမလဲ
စောင့်လို့သာရှု။ ။
'ပျို့သခင်... ကူပါတော့ကွယ်'
မြူနှင်းဖွဲဖွဲတို့ အောက်
အအေးဒဏ်ကိုမမှု
အံတုဖို့တွက် .... အားမန်စုရာ
နွေးထွေးယုယမယ့်
လက်တစ်စုံကို အကူယူ
ရောင်ခြည်နုတို့အောက်
ဘ၀လမ်းကို ခွင်းဖို့
မင်းအချစ်တို့
အစဉ်ပေးလှဲံ့
အို... သခင်.... ဖေးမကာ
ကူလှဲ့တော့ကွယ်။ ။
လေနုအေးတို့
ရင်ကို အဝှေ့
တိုးတိတ်စွာဖြစ်
ခိုးလို့တွေးမိတယ်ကွယ် .........
တချိန်က
နွေးထွေးခဲ့တဲ့.....
ကိုယ့်အတွက် .. မင်းရဲ့ရင်ခွင်
အခုမှာတော့....
တစိမ်းသဖွယ်ဖြစ်ခဲ့ပြီမို့
ဝေးဝေးကပဲ.... လွမ်းလို့နေတော့မယ်ကွယ် .... ချစ်သူ၇ယ်။ ။
နွေဂိမာန် ..... ချိန်ကာလမှာ
ရွက်ဝါကြွေ.... ပြိုအခိုက်
မြေပြင်က ... ယုယစွာထွေးပိုက်
ချွေးသိပ်စေခဲ့တယ်။
နှလုံးသားဆိုင်... အသဲပန်းမှာ
ကြွေနွမ်းလို့ ... ခြွေအချမှာတော့
ယုယလို့ထွေးပိုက် ... နားခိုရာမဲ့....ဘ၀ပေးမို့
မင်းဘယ်ပြေးမလဲကွယ်။ ။