ကျမ လူတစ်ယောက်ကို စတင်သိရှိခဲ့တဲ့အချိန်မှ စတင်ကာ ..............။
သူ့ရဲ့ စူးရှတဲ့ အကြည့်စူးစူးအောက် ကျမရဲ့စိတ်အစဉ်တို့ ထိန်းချုပ်နိုင်စွမ်းမဲ့ကာ
အားနည်းချက်များစွာတို့ ကိုယ့်အတွေးစိတ်ထဲသို့ ၀င်ရောက်လာကာ ကျမကျရှုံးခဲ့ရပါတော့တယ်။
ဒါတင်ဘယ်ဟုတ်အုံးမလဲရှင်..............ကျမရဲ့စိတ်အစဉ်တို့ဟာလည်း
ခံစားမှုမဲ့အောင်လေ့လွင့်နေကာ ကောင်းကင်ထက်ကသာသောလကို ကြည့်လျှင်တောင်မှ
နူးညံနွေးထွေးသော သူ့ရဲ့အထိတွေ့လေးများကိုသာ ခံစားနေရသလိုမျိုးဖြစ်လာကာ အရာရာကို
မေ့နိုင်စွမ်းတွေကို သူကသာလျှင် ကျမကိုပေးခဲ့ပြီလေ။
သူ့ရဲ့အနမ်းချိုနွေးနွေးတို့ဟာလည်း တသက်တာထာဝရတွက် အမှတ်တမဲ့မှ .........
အမှတ်တရအဖြစ်သို့ ရခဲ့ပြီလေ။
တခါတရံမှာ သူ့ရဲ့ နွေးထွေးတဲ့လက်တစ်စုံနဲ့ ကျမရဲ့လက်တို့ကို စုပ်ကိုင်လိုက်လျှင်တော့ ..........
သူကလည်း ကျမကို ဘယ်သောအခါမှ နှုတ်ဆက်ထွက်ခွါခွင့်ပြုမှာကို လိုလားမှာ
မဟုတ်ဘူးဆိုတာနင့် ........ ကျမကရော ........ ဘယ်သောအခါမှ သူ့ကိုစွန့်ခွါနိုင်မှာမဟုတ်တာတော့
အသေအချာပါ။
ဒါပေမယ့်လည်း ......အချိန်တွေကုန်လွန်လာကာ ..........
လမိုက်ညရဲ့ကောင်းကင်ယံကြီးအောက်တော့ ...... ကျမရဲ့ ၀မ်းနည်းစွာ ကျခဲ့ရတဲ့
မျက်ရည်ပင်လယ်တွေဟာ ...... ဒီရေအလားမြင့်သထက်မြင့်လိုသာ တက်လာနေချိန်မှာတော့ .....
ကျမဟာ ........သူ့ကို အပြီးတိုင်ဆုံးရှုံးလိုက်ရပြီပေါ့လေ။ ။
translate from - myhappylove.com
Posted by
Chit Latt
0 comments:
Post a Comment