ကြည်လဲ့လဲ့ကောင်းကင်မှာ
မီးခိုးရောင် ........တိမ်မှင်ဆွဲလာပြီမို့
သူရိန်နေမင်းလည်း ........
အနောက်ကျွန်းဆီသို့
ယွန်းနေပြီ ........ချစ်တဲ့သူရယ်။
တို့နှစ်ယောက်ရဲ့ ........ချစ်ခြင်း
စကန့်လေးမျှတောင်
မဝေးချင်သမို့
ခွဲခွါမယ် ......မရည်ညွှန်းတဲ့
အမုန်းလွန် .......တစ်ဖက်ကမ်းဆီသို့
နေမင်းရဲ့
ပြောစကားများ
တို့နှစ်ဦးနားမှာ .........
မကြားရမှီ .....
အတူတူယှဉ်တွဲ
သွားကြစို့ကွယ် ..........ချစ်တဲ့သူရယ် ။ ။
Posted by
Chit Latt
0 comments:
Post a Comment