ကြမ်းတမ်းခက်ထန်တဲ့ လက်တစ်စုံကို
မင်းမေ့မသွားပါနဲ့ချစ်သူ
ရိုးသားဖြူစင်တဲ့အသည်း
ရဲဝံ့တဲ့သစ္စာနဲ့ချစ်ရဲသူ
မင်းလက်နုဖြူဖြူကိုဖေးကူလို့
ဘ၀တစ်လျှောက်တွဲထူချင်လိုက်ပါရဲ့ …………။
ကြမ်းတမ်းခက်ထန်တဲ့ လက်တစ်စုံကို
မင်းမေ့မသွားပါနဲ့ချစ်သူ
ရိုးသားဖြူစင်တဲ့အသည်း
ရဲဝံ့တဲ့သစ္စာနဲ့ချစ်ရဲသူ
မင်းလက်နုဖြူဖြူကိုဖေးကူလို့
ဘ၀တစ်လျှောက်တွဲထူချင်လိုက်ပါရဲ့ …………။
‘ ဖုန်း ’
‘ အမလေး… ‘
‘ဟဟ…… ဟဟဟ …. ဟဟဟဟဟ . …ဟားဟားဟား…..
…စကိတ်စီးလေ့ကျင့်နေတဲ့ဟေ့……ဟယ်သနားပါတယ်။
မထနိုင်တော့ဘူးထင်တယ်…….ဟဲ့ထူလိုက်ကြအုံးလေ…..’
လဲကျသံ၊ အော်လိုက်သံနှင့်အတူ နောက်ဆက်တွဲမပြတ်ရီသံတို့က
ကျွန်တော့်နားထဲကို တဆက်ထဲဝင်ရောက်လာခဲ့ပါတယ်။
ဝတ္ထုစာအုပ်လေးကို လက်ကချရင်း ကော်ရီဒါကိုလှမ်းအကြည့်
‘သြော် ….. လူတွေ၊ လူတွေ လဲကျနေသူကိုထူဖော်မရဘဲ၊
ဟားနေလိုက်တာ….ဟိုမှာဖြင့် အခုထိမထနိုင်သေးဘူး။
တစ်ခုခုများဖြစ်သွားသလားမသိဘူး….’ ဟု စိတ်ထဲရေရွတ်ရင်း
စာအုပ်လေးကိုဘေးချကာ မိုးရေတွေရွှဲရွှဲစိုနေတဲ့ ကော်ရီဒါလေးဆီ
သတိကြီးစွာလျှောက်လှမ်းခဲ့တယ်။
‘ဟဲ့ ….. နင်ထနိုင်ရဲ့လား။ ငါနင့်ကို ဘာကူညီရမလဲ ’ လို့အမေး၊
လဲကျနေတဲ့ကောင်မလေးက မော့အကြည့် ‘ဟင် ….. နင်မျက်ရည်တွေနဲ့ပါလား။
မထနိုင်ဘူးလား။ လာ…….လာင့ါကိုကိုင်ပြီးထကြည့်နော်၊
နင်ထလို့ရနိုင်တယ်မဟုတ်လား’ လို့ပြောရင်း လက်ကလည်း ပြောပြောဆိုဆို
တစ်စစီပြန့်ကျဲနေသော ထမင်းဘူး၊ ထီးနှင့် စာအုပ်များကို လိုက်စုပြီး
လက်ကမ်းအပေး
‘ကျမ့လက်ကောက်ဝတ် အရမ်းနာနေပြီ။ ဘာဖြစ်သွားလဲ မသိဘူး’ လို့
ကောင်မလေးစီက ပထမဆုံး ငိုမဲ့မဲ့အသံလေးကို ကြားလိုက်ရတယ်။
‘လာလာ …. ဒီကအရင်ထဟ။ ဟိုမှာ နင့်ကို ၀ိုင်းလှောင်နေကြတာမပြီးတော့ဘူး။
ထနော်။ ငါတွဲပေးမယ်။ ပြီးတော့နင် ငါ့ခုံလိုက်ခဲ့လေ။ ဟိုမှာ ငါ့ခုံက….’ လို့
ညွှန်ပြီးဆွဲထူလိုက်ကာ ‘င့ါမှာ ပရုတ်ဆီတော့ပါတယ်။ နင်လိမ်းချင်လိမ်းပေါ့ဟာ’
လို့ပြောရင်း ခုံလေးဆီခေါ်ခဲ့လိုက်ပါတယ်။
ခုံလေးမှာ သူမကိုထိုင်စေပြီး ' ပြစမ်းနင့်လက်။ ဟာ ….
နင့်လက်တော်တော်ရောင်နေပြီဘဲ။ နင်ဆေးခန်းသွားတော့ ၊
ပ၇ုတ်ဆီလိမ်းရုံနဲ့တော့သက်သာမှာမဟုတ်ဘူး။ တစ်ခုခုဖြစ်သွားပြီထင်တယ်။
ကျောင်းကဆေးခန်းထက် အပြင်ဆေးရုံပြတာပိုကောင်းမယ်ထင်တယ်။
သွားပြလိုက်လေ။
ဆက်လက်စောင့်မျှော်ရန်’
လွမ်းလဲဘဲမနေနဲ့
မလွမ်းဘဲလဲမနေနဲ့
ဘ၀ရဲ့အခြားတစ်ဘက်
အနန္တသစ္စာတွေကိုငဲ့
မင်းပြန်လာခဲ့တော့်ကွယ်………….။ ။
အတောင်မစုံခင်မှာ
ပျံချင်တာသဘာဝမို့…..
အတောင်တစ်စုံတွက်
စွမ်းအားတို့ယူ
အားမာန်တွေကူလို့
ပျံသန်းဖို့မြေပြင်ထက်မှသည်
ဘ၀ဝေဟင်စီသို့
ခရီးအဆင့်ဆင့်ဆက်ဖို့
ကြိုးစားစို့နော်…………………….။ ။
ဟိုး တချိန်က……
သားမိုက်ကြွေး
ဗလပွနှင့်
ဒဏ်ဖြစ်စေခဲ့တယ်လေ။
၇မ်းကားတဲ့
စကားလုံးနှင့်
ခိုင်းနှိုင်းသုံးခဲ့တယ်လေ။
ပေါင်းသင်းနဲ့
သုံးဖြုန်းကာ
ချိန်ကုန်စေခဲ့တယ်လေ။
အခုချိန်မှာတော့ ……
သား …..နောင်တတွေ
တသီတတန်းနဲ့
တမ်းတနေပြီလေ။
ချိုသာနွေးထွေးတဲ့
မေ့ရင်ခွင်ကို
အောက်မေ့မိနေပြီလေ။
မိုက်ကြွေးတွက်
ပြန်ဆပ်ဖို့ခွင့်ရေးလေး
ပေးလှည့်ပါလေ။
ချစ်ခြင်းတွေ
အပြည့်နဲ့ပေးဆပ်မယ့် …… သား
အမေတစ်ယောက်….
လက်ကမ်းလို့
စောင့်မျှော်ပေးပါ
အို …… ချစ်အမေရယ်။ ။
လမင်းဝင်းဝင်းအောက်
မြူနှင်းတို့သက်ဆင်း
ညခင်းသရုပ်ကိုဖော်
နှစ်သစ်ကိုမျှော်ရင်း
မီးရောင်စုံတွေခင်းကျင်းလျှက်
နာရီသံအချက်တိုင်းကို
ရင်ခုံစွာစောင့်မျှော်ရင်းဖြင့်
မင်္ဂလာနစ်သစ်အကူး
အတွေးထူးလေးတွေ
ကိုယ်စီဆုတောင်းရင်း
ပျော်ရွှင်မှုအပေါင်းတို့
ကျရောက်ပါစေသား
အို ….နယူးရီးရားရေ။ ။
အပြစ်လိုသူစွန့်ခွါသွားတော့
အချစ်လိုသူရင်မှာ
ဒဏ်သင့်ရာနှလုံးသားတစ်ခုနှင့်
ဆိပ်သင့်ရာခံစားမှုတို့စု
ခွန်အားတို့လည်းကုန်
နလန်ထူနိုင်စွမ်းတို့မဲ့ပြီမို့……..
ချစ်နိုင်သူများသိခဲ့လျှင်
အရှင်ရဲ့မေတ္တာမိုးစက်
ဖြန်းပက်မှသာလျှင်
လန်းနိုင်မှာမို့
ချစ်တတ်သူတစ်ယောက်အား
မျှော်ကိုးစောင့်မျှော်ရင်းဖြင့်
မနက်ဖြန်များစွာအား
အသက်သွင်းစေခဲ့တာ
ချစ်နိုင်မယ့်သူတစ်ယောက်သိနိုင်စေသား ။ ။
အကြည့်ချင်းစုံ
ရင်းနှီးမှု အလွှာခြုံတော့
အခင်အမင်တွေပိုကာ
နလုံးသားခြင်းဖလှယ်
နားလည်မှုကို ရှယ်လည်း
Heart beat မခုံ
ကိုယ့်ရင်ကိုမတုန်စေတော့
အရင်တုံးကလိုဘဲ
သူငယ်ချင်းလိုခင်ကြမယ်ကွယ်။ ။
တစ်ခါကအဖေလုပ်သူက ကားဆေးကြောနေတုန်းမှာ ၄ နှစ်သားသားငယ်လေးဟာ လမ်းဘေးက
ခဲလုံးလေးတစ်လုံးကိုကောက်ယူပြီး ကားဘေးတစ်လျှောက် ခြစ်နေပြီးကာမှ အဖေလုပ်သူသိတဲ့အခါမှာ
ဒေါသတကြီး သားငယ်၇ှိရာကို နီးရာတုတ်တချောင်းကောက်ကာ သွားပြီး သွေးထွက်လာတဲ့အထိ
သားငယ်ရဲ့လက်ကလေးများကို၇ိုက်လိုက်တယ်။
နောက်တော့မှ သားငယ်လက်မှသွေးစတို့ကိုမြင်တော့မှ သတိတရဆေးရုံကို အပြေးသွားလိုက်ပေမယ့်
သားငယ်လေးရဲ့လက်ချောင်းလေးတွေဟာ သူ့အဖေရဲ့ရိုက်ချက်ကြောင့် လက်ချောင်းတော်တော်များဟာ
ကျိုးပဲ့ကုန်တာပေါ့။
ဘာမှနားမလည်ရှာသော သားငယ်လေးက မျက်ရည်တွေကြားမှ ဖခင်ကိုအားကိုးတကြီးကြည့်ကာ ‘ ဖေဖေ
သားလက်ကလေးတွေ ဘယ်တော့ပြန်အကောင်းဖြစ်လာမလဲဟင်’ လို့မေးလိုက်တဲ့အခါမှာဖခင်ဟာ
ရင်မှာနာကျင်စွာခံစား၇ကာ စကားတစ်လုံးမှပြန်မပြောနိုင်ဘဲနဲ့ အိမ်ကိုအပြေးအလွှားပြန်လာကာ
ကားကိုအကြိမ်ကြိမ်ကန်နေမိတာ အချိန်အတန်ကြာတဲ့အထိပေါ့။ ဘာကြောင့်လည်းဆိုတော့ အဖေလုပ်သူဟာ
သားဖြစ်သူရဲ့ လက်ကလေးတွေ ဘယ်တော့မှအကောင်းပကတိပြန်ဖြစ်လာတော့မှာ မဟုတ်တော့တာကို
သူသိလေတော့ အ၇မ်းဝမ်းနည်းကြေကွဲရှာတာပေါ့့။
အချိန်တန်ကြာမှ သားလုပ်သူဖျက်ဆီးထားတဲ့အရာလေးဘက်ကို သတိတရထပြီး သွားအကြည့်မှာတော့
သားဖြစ်သူရေးထားတဲ့စာကြောင်းလေးကို အဖတ်မှာ ‘ဖေဖေကို သားသိပ်ချစ်တယ်’ ဆိုသော
စာတမ်းလေးကိုအတွေ့မှာတော့ သူဟာ စွန်အသွားရှာသတဲ့။
နောက်တစ်နေ့မှာတော့ အဖေလုပ်သူဟာ သူ့ကိုယ်ကိုယ်သတ်သေသွားရှာတယ်…..။ ။
ဒီပုံပြင်လေးပြောလိုက်တာကတော့ ချစ်ခြင်းမေတ္တာတရား နှင့် ဒေါသတရားဆိုတာဟာ လူတစ်ဦးတစ်ယောက်ကို
အကန့်အသတ်မဲ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အရာဝတ္ထုဆိုသောအရာဟာ
လူတွေအသုံးချဖို့တွက်ရည်စူးထုတ်လုပ်ခဲ့ပေမယ့် လူတွေဟာ တစ်ဦးကိုတစ်ဦး အရာဝတ္ထုကိုဖက်တွဲပြီး
ခင်မင်တယ်ဆိုတဲ့မေတ္တာတရားမျိုးကို မထားဘဲ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို လစ်လျှူရှုကာ ဖြူစင်စွာ
ချစ်ခင်တတ်ရမယ်ဆိုတာကို သတိပေးထားခြင်းပါ။
သင့်အတွေးတွေကိုကြည့်ပြီး စကားလုံးများဖြစ်လာအောင်ကြိုးစားပါ။
သင့်စကားတွေကိုကြည့်ပြီး လှုပ်၇ှားမှုဖြစ်လာအောင်ကြိုးစားပါ။
သင့်လှုပ်ရှားမှုတွေကတဆင့် အမူအကျင့်ကောင်းဖြစ်လာအောင်ကြိုးစားပါ။
သင့်အမူအကျင့်ကောင်းများဟာ စရိုက်ကောင်းဖြစ်လာအောင်ကြိုးစားပါ။
သင့်စရိုက်ကောင်းများဟာ သင့်ရဲ့မမြင်တဲ့အနာဂတ်ကံကြမ္မာကောင်းများဖြစ်လာနိုင်အောင်ကြိုးစားပါ။
"Used vs Loved" ကို ဘာသာပြန်ထားခြင်းသာဖြစ်ပါတယ်။
Copyright 2009 - Chit Latt (ချစ်လတ်)
Blogspot Theme designed by: Ray Creations, Ray Hosting.