- ဘုရားရှင်၏ဓမ္မစကြာတရားမှ ပယ်၊ပွါး၊ သိမြင်ရမည့် တရားများ
၁။ ကာမ သုခလ္ဘိကာနုယောဂ = ငါးဖြာအာရုံ ကာမဂုဏ်ချမ်းသာကိုလိုက်စား အားထုတ်သောအကျင့်။
၂။ အတ္တကိလမထာနုယောဂ = မိမိကိုယ်ကို ပင်ပန်းဆင်းရဲအောင်း အားထုတ်သော အကျင့်။
ပွါးများ၇မည့် မဂ္ဂင်တရားများ
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်သော သိမြင်ခြင်း။
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်သော ကြံစည်ခြင်း။
၃။ သမ္မာ ၀ါစာ = မှန်ကန်သော ပြောဆိုခြင်း။
၎။ သမ္မာ ကမ္မ န္တ = မှန်ကန်သော ပြုလုပ်ခြင်း။
၅။ သမ္မာ အာဇီဝ = မှန်ကန်သော အသက်မွေးခြင်း။
၆။ သမ္မာ ၀ါယာမ = မှန်ကန်သော အားထုတ်ခြင်း။
၇။ သမ္မာ သတိ= မှန်ကန်သော အမှတ်ရခြင်း။
၈။ သမ္မာ သမာဓိ = မှန်ကန်သော တည်ကြည်ခြင်း။
သိမြင်ရမည့် အမှန်တရား ၄ ပါး
၁။ ဒုက္ခ သစ္စာ = ဆင်းရဲဒုက္ခအစစ်အမှန်တရား။
၂။ သမုဒယ သစ္စာ = ဒုက္ခဖြစ်ကြောင်း အစစ်အမှန်တရား။
၃။ နိရောဓ သစ္စာ = ဒုက္ခချုပ်ငြိမ်းရာ အစစ်အမှန်တရား။
၎။ မဂ္ဂ သစ္စာ = ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ရန် အကျင့်လမ်းမှန် အစစ်အမှန်တရား။
[သဘာဝနိယာမတရားက မိမိဒေါသရှေ့ထားရင်၊ အမုန်းပွားရင်၊ အာဃာတထားရင်
မိမိအတွင်းသန္တာန်မှာ ပေါ်လာတဲ့ ဒေါသ၊ အမုန်း၊ အာဃာတရဲ့ ပထမဆုံးသားကောင်ဟာ
မိမိသာလျှင် ဖြစ်တဲ့အတွက် ပထမဆုံးမိမိကိုယ်ကိုထိခိုက်နစ်နာစေမှာဖြစ်ပြီး
သူတစ်ပါးနစ်နာမှုကနောက်ကျမှ ဖြစ်ပေါ်စေပါတယ်။ သိုသော်လည်း
စိတ်နှလုံးထဲမှာဖောက်ပြန်မှုမရှိတာတဲ့လူကိုတော့ သဘာဝတရားက ဖောက်ပြန်မှုမရှိတဲ့
ဆုလာဘ်ကိုပေးပါလိမ့်မယ်။ ထိုအခါ ငြိမ်းချမ်းမှုကိုရရှိလာမှာအမှန်ပါ။
ဘယ်ဘာသာ၊ ဘယ်အစဉ်အလာ၊ ဘယ်တိုင်းပြည် ဘယ်နိုင်ငံက လူပဲဖြစ်ပါစေ သဘာဝနိယာမကို
ဖောက်ဖျက်ပြီး စိတ်နှလုံးထဲမှာ ဖောက်ပြန်မှုများ ဖြစ်ပေါ်လာပါက ဒုက္ခများ ကြုံတွေ့လာပြီး
သဘာဝတရားရဲ့ပြစ်ဒဏ်ခတ်ခြင်းကိုခံရမှာဖြစ်ပါတယ်။ အကယ်လို့များမိမိစိတ်နှလုံးကို ဖြူစင်စွာ
ထားပြီး မေတ္တာတရား ကရုဏာတရားများ အပြည်ရှိခဲ့ပါလျှင် ယခုဘ၀မှပင် လက်ငင်းချက်ခြင်း
နတ်ချမ်းသားကိုခံစားရပါလိမ့်မယ်။ ထိုကြောင့် လူတိုင်းလူတိုင်းဟာ နာမ်ရုပ်အပြန်အလှန်တုံ့ပြန်မှုကို
စွဲစွဲမြဲမြဲလေ့လာသုံးသပ်မှုပြုပါက လောဘ။ဒေါသစသော စိတ်ပိုင်းဆိုင်ရာ
ဖောက်ပြန်မှုများဖြစ်ပေါ်လာသည်နှင့်ဒုက္ခကြုံတွေ့ရပြီး ၊ ဖောက်ပြန်မှုများကင်းသွားသည်နှင့်
ငြိမ်းချမ်းေ၇ားသာဟဇာတဖြစ်ပေါ်လာခြင်းသည်
သဘာဝနိယာမတရားများကိုသိသာစွာခံစားနိုင်မှာသာ ဖြစ်ပါတယ်။] (ဦးဂိုအင်ကာ)
0 comments:
Post a Comment