အစပိုင်းမှာတော့ ကျမဘက်က မိသားစုတွေက ပြင်းပြင်းထန်ထန် ကောင်လေးဖြစ်တဲ့မောင် နဲ့
ကျမရဲ့ ချစ်ခင်နှစ်သက်မှုကို နည်းမျိုးစုံနှင့်ကန့်ကွက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့
ကောင်လေးရဲ့မိသားစုအခြေနေဆိုးတွေကြောင့် ကျမအနားမှာ အကယ်လို့များ
ကောင်လေးရှိနေခဲ့မယ်ဆိုရင် ကျမဘယ်သောအခါမှ ပျော်ရွှင်ကြည်နူးမှုကို ရတော့မှာ
မဟုတ်ဘူးဆိုတဲ့အသံတွေနဲ့ နေတိုင်းလိုလိုသာ တားမြစ်ခဲ့ကြပါတယ်။
ဘယ်လိုပဲ မိသားစုတွေ ဖိအားပေးတားမြစ်တဲ့ကြားမှပင် ကောင်လေး (မောင်) နှင့်
ကျမတို့ချစ်သူနှစ်ဉ်ီး တွေ့ဆုံမြဲတွေ့ဆုံရင်းနှင့် မကြာခဏဆိုသလို အဆင်မပြေမှုတွေ
နှစ်ဦးသားကြားဖြစ်ပေါ်စမြဲဖြစ်ပေမယ့် ကျမရင်ထဲမှာတော့ ကောင်လေးကိုချစ်သော ချစ်ခြင်းတို့မှာ
နက်ရှိုင်းသည်ထက်နက်လရှိုင်းလို့လာတာ ကျမသာအသိဆုံးပေါ့ရှင်။ ထိုကြောင့်လည်း
မကြာခဏဆိုသလို ကျမလေ ကောင်လေးကို စကားလေးတစ်ခုကို တွင်တွင်မေးခဲ့ပါတယ်။
`မောင်ကော ………….. ကျမကို ………….ဘယ်လောက်ထိချစ်သလဲဟင်´။
ဒါပေမယ့်လည်း နှတ်နည်းတတ်သော မောင့်အမူအရာတွေဟာ တစ်ခါတစ်ရံ ချစ်သူမိန်းခလေးဖြစ်တဲ့
ကျမအတွက်တော့ တော်တော်လေးစိတ်အားငယ်ငယ်ခဲ့ရပါတယ်။ တစ်ခါတစ်လေ
မောင့်ရဲ့ဒီအမူအကျင့်လေးတွေနှင့် မိသားစုတွေဖိအားပေးတဲ့အချိန်တိုက်ဆိုင်လာခဲ့လျှင်တော့
ကျမတစ်ယောက် စိတ်မရှည်အလိုမကျတွေဖြစ်လာကာ
ဒေါသတွေပေါက်ကွဲတတ်တဲ့အချိန်များမှာတော့ မောင်တစ်ယောက်အပေါ်သာလျှင်
စုပြုံကျရောက်ခဲ့တာပေါ့နော်။ ဒီလိုအချိန်တွေကျတော့လည်း
ချစ်စရာကောင်းတဲ့မောင်တစ်ယောက်ဟာ မျက်နှာလေးပျက်နေပေမယ့်
အပြုံးလေးတစ်ခုမျက်နှာလေးပေါ်တင်ထားကာ စိတ်ရှည်သီးခံစွာနဲ့ ကျမရဲ့ဒေါသလေးတွေကို
ခံယူပေးတတ်သူပါ။
ချစ်သူဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာတော့ မောင်တစ်ယောက်ဟာ
နောက်ထပ်ရပ်ဝေးခရီးညာသင်ရန်အတွက် အခွင့်အလမ်းတစ်ခု ရရှိလာခဲ့ပါတယ်။ သို့ပေမယ့်လည်း
မောင်တစ်ယောက်ဟာ မထွက်ခွါခင်မှာ `ကိုယ်ဟာ မင်းအတွက်တော့
စကားပြောကောင်းခဲ့သူတစ်ယောက် မဟုတ်ခဲ့ပါဘူးကွာ။ နှုတ်နည်းသူတစ်ယောက မင်းရှေ့မှာ
ဖြစ်ခဲ့ပေမယ့်လည်း မင်းကို ကိုယ်တကယ်ချစ်ခဲ့တာပါ။ တကယ်လို့မင်းခွင့်ပြုခဲ့မယ်ဆို မင်းကို
တစ်ဘ၀လုံးစာအတွက် ဖေးမလက်တွဲချင်တယ်။ မင်းမိဘတွေကလည်း
သဘောတူကြည်ဖြူလာတဲ့ထိ ကိုယ်ထပ်ကြိုးစားမယ်လေ။ ကိုယ်ပြန်လာတဲ့နေအထိ မင်းကိုယ့်ကို
စောင့်နေမလားကွာ………………။
`တစ်သက်စာတွက်သာ မောင့်ကိုချစ်နေခဲ့သူမို့ မောင့်တစ်ယောက်ပြန်လာမယ့်အချိန်ကို
စောင့်မျှော်နေမယ့်သူပါ ´ လို့ ကျမ ဖြေလိုက်တဲ့အခါမှာ မောင်တစ်ယောက်ဟာ
လူကြီးမိဘစုံရာနှင့်အတူ လာရောက်ကြောင်းလမ်းပြီး မသွားခင်မှာ စေ့စပ်ခဲ့ပါတယ်။
ဒီလိုနဲ့ဘဲ မောင်တစ်ယောက် ရပ်ဝေးမှာ ပညာသင်ကြားနေတုန်းအချိန်မှာ ကျမလဲ
ဆရာမလေးတစ်ဖြစ်နဲ့ လူမှုေ၇းအလုပ်တွေကြားလှုပ်၇ှား ရုန်းကန်ရင်း မောင်နဲ့ကျမ
အခက်အခဲမျိုးစုံကို ကျော်လွှားဖြတ်သန်းကာ စာလေးတွေ၊ ဖုံးလေးတွေနဲ့
နှစ်ဉ်ီးသားအလွမ်းတွေဖြေခဲ့တယ်လေ။
တစ်နေ့မှာတော့ ကျမကျောင်းအသွား ကားတစ်စီးဖြတ်အတိုက် ………………..။
ကျမသတိပြန်လည်၇လာချိန်မှာတော့ စိုးရိမ်ပူပန်နေကျတဲ့ မိသားစုမျက်ဝန်းတွေကို တွေ့ချိန်မှာ
အားယူပြီး ကျမစကားအပြော….. ။ ပြင်းထန်လှတဲ့ခေါင်းက ဝေဒနာကြောင့် ကျမရဲ့
အာရုံကြောတွေထိခိုက်ပြီး ကျမအသံအိုးကိုထိခိုက်ခဲ့တာကြောင့် ကျမအသံတွေ
ရာသက်ပန်ဆုံး၇ှုံးခဲ့ကြောင်း ဆရာဝန်တွေရဲ့ ဖော်ပြချက်အရ သိခဲ့ရပါတယ်။ မိသားစုဝင်တွေ
ဘယ်လိုပဲ အားပေးနှစ်သိမ့်ခဲ့ပေမယ့် ကျမရဲ့ရင်ထဲမှာတော့ ဆုံးရှုံးမှုတစ်ခုတည်းမဟုတ်ခဲ့တာ
ကျမသာအသိဆုံးပါ။
ဆေးရုံပေါ်မှာကော အိမ်ပြန်ရောက်သည့်တိုင် ကျမတစ်ယောက်တည်း ၀မ်းနည်းစွားငိုကြွေးခဲ့ကာ
ကျမအတွက်တော့ ဆုံးရှုံးမှုဆိုသောခံစားချက်ကတော့
ပြောင်းလဲလို့မရတော့တဲ့အရာသဖွယ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ မောင့်ထံမှ
ဖုံးခေါ်သံကြားတိုင်း ကျမရင်ထဲမှာတော့ ဖော်မပြနိုင်သော ပူဆွေးဝမ်းနည်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး၊
မောင့်ကို ကျမအကြောင်းအသိမပေးမိရန် အားလုံးကို တောင်းပန်ခဲ့ပါတယ်။ အကယ်လို့များ
မောင်တစ်ယောက်သာ ကျမအကြောင်းသိခဲ့ရင် စိတ်သောကကြီးစွာမဖြစ်စေလိုခဲ့သည့်အပြင်၊
မောင့်ဘ၀တစ်လျှောက်လုံးမှာလည်း ကျမအတွက်နဲ့ ပတ်သက်ပြီး
ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တာကြောင့် ကျမ မောင့်ကို မစောင့်နိုင်တော့တဲ့အကြောင်းကို
စာလေးတစ်စောင်ရေးကာ မောင့်ဘ၀အတွက်နှုတ်ဆက်စာလေးပိုလိုက်တယ်။
ကျမဘဲမောင့်ကို နားမလည်လေရော့သလားတော့မသိခဲ့ပါ။ ကျမဖြတ်စာပို့အပြီးမှာတော့
ကျမမမျှော်လင့်ထားသော မောင့်ထံမှ အကြိမ်ကြိမ်ဖုံးခေါ်မှုတွေ၊
မြောက်များလှစွာသောစာလေးတွေ ရောက်လာခဲ့ပေမယ့် ကြည်နူးမှုအစား
ကျမအကြိမ်ကြိမ်မျက်ရည်တွေကျနေခဲ့တာကြောင့် နောက်ဆုံးမှာတော့ ကျမမိသားစုဟာ
ကျမအရာရာကို မေ့ပျောက်နိုင်ပြီးပျော်ရွှင်နိုင်အောင်အတွက် အိမ်ကိုပါရောင်းပြီး
တစ်ခြားတစ်နေရာမှာ အခြေချခဲ့၇ှာတယ်လေ။
နေရာသစ်မှာ ဘ၀သစ်ကိုစခဲ့တဲ့ကျမအတွက်တော့ ကျမအတွက်အသုံးဝင်သည့်
အသံမဲ့စကားပြောနည်းကိုသင်ကြားရင်း ၊ မောင်တစ်ယောက်ကို မေ့ပြစ်ဖို့ကိုသာ
ကြိုးစားနိုင်ဖို့အားထုတ်နေခဲ့တာကို ကျမရဲ့ မိသားစုတွေကလည်း အားပေးခဲ့ပါတယ်။
လပိုင်းအတော်ကြာဖြတ်သန်းပြီး တနေ့မှာတာ့ ကျမသူငယ်ချင်းတစ်ယောက်ဟာ
မောင်တစ်ယောက်ပြန်ရောက်နေသည့်သတင်းလေးကို ကျမထံသို့ သယ်ဆောင်လို့လာပါတယ်။
ကျမလဲ သူငယ်ချင်းများကို ကျမအကြောင်းအား မောင့်ကို မပြောကြစေ၇န်တောင်းပန်၇င်း
နောက်ထပ်မောင့်အကြောင်းအား ကျမအား မပြောမိစေရန်တွက် တောင်းပန်ခဲ့တာကြောင့်
နောက်ထပ် မောင်နှင့်ပတ်သက်သောသတင်းမှန်သမျှကို ကျမဘယ်မှမသိခဲ့ရတော့ပါဘူးရှင်။
နောက်ထပ်တစ်နှစ်ဆိုတဲ့ ကုန်နိုင်ခဲ့လှတဲ့ အချိန်တွေကို အထီးကျန်စွာ ကျမဖြတ်သန်းရင်း
…………….. တစ်နေ့မှာတော့ မောင့်အကြောင်းပြောခဲ့သူ သူငယ်ချင်းမလေး ကျမရှေ့ကို
နောက်တစ်ကြိမ် မောင့်ရဲ့မင်္ဂလာဖိတ်စာလေးကိုင်ပြီး ပြန်လည်ရောက်၇ှိလာခဲ့ပြန်တယ်လေ။
မျှော်လင့်ထားခဲ့ပေမယ့် တကယ့်တကယ်တမ်း မောင့်ဖိတ်စာလေးကို ရရှိချိန်မှာတော့
ကျမရင်ကိုများစွာတုန်လှုပ်စေပြီး မျက်ရည်တွေသာ တွင်တွင်ကျလာကာ ဖိတ်စာလေးကို ကိုင်ပြီး
မောင့်အကြောင်းကို တွေးနေငေးနေလိုက်တာ အချိန်တော်တော်ကြာသည့် အထိပါဘဲ။
အဲ့နောက်တော့မှာ ကျမစိတ်ကလေးကို အတတ်နိုင်ဆုံးထိန်းပြီး ဖိတ်စာလေးကို
ဖွင့်အဖတ်မှာ……………………….။ `ဟင်…………….သတို့သမီးနာမည်က
ဘာကြောင့်ကျမနာမည်နဲ့တူနေရတာလဲ´ လို့ သူငယ်ချင်းကို အံ့သြစွာဖြစ် မော့အကြည့်မှာ
……………………။
ကျမအိပ်မက်မက်နေတယ်ထင်တယ်။ မဟုတ်နိုင်ပါဘူး။ ဟုတ်တယ်
………..ကျမအတွေးလေးမဟုတ်ဘူးလေ။ ဘာကြောင့်လည်းဆိုတော့
စောစောကကျမသူငယ်ချင်းမလေး နေရာမှာ သူငယ်ချင်းလေးမရှိတော့ဘဲ ……….ကျမ
မမျှော်လင့်ထားသော မောင်တစ်ယောက်က ကျမရှေ့မှာလေ။
ကျမရင်မှာဖော်မပြနိုင်လောက်အောင် အံ့သြနေတာပေါ့။ ဒါကို မောင်ကလည်းအလိုက်တသိ
စတင်ဖြိုခွဲလိုက်တာက လက်ကလေးတွေကိုသုံးကာ အသံမဲ့စကားဖြင့် `
ကိုယ်တစ်နှစ်လောက်ကြာတယ် အသံမဲ့စကားသင်နေတာလေ။ မင်းကိုသိစေချင်တယ်
ကိုယ်တို့ထားခဲ့တဲ့ ကတိစကားတွေနဲ့ မင်းကိုချစ်တဲ့ချစ်ခြင်းတွေကို ကိုယ်ဘယ်တော့မှ
မမေ့ဘူးဆိုတာကိုဘဲ။ အကယ်လို့ နောက်တစ်ကြိမ်ကိုယ့်ကိုခွင့်ပြုတယ်ဆို မင်းရဲ့ဘေးမှာနေပြီး
ကိုယ်ဟာ မင်းအတွက် သံစဉ်ချိုလေးဖြစ်မယ့်အသံပိုင်ရှင်လေးဖြစ်ချင်တယ်ကွာ။ ကိုယ့်ကို
ယုံကြည်စွာနှင့် လက်ခံပါတော့ကွာ။ ကိုယ် မင်းအပေါ်ထားရှိတဲ့ချစ်ခြင်းတွေကို မင်းနှလုံးသားနဲ့
နားလည်ခံစားတတ်မယ်ဆို …… ကိုယ့်မင်းအနာကနေ တစ်ဖ၀ါးမှမခွါချင်တော့ဘူး။ ကိုယ့်ကို
နေခွင့်ပြုမယ်မဟုတ်လားဟင်………………´ လို့မောင့်အပြောမှာတော့ ကျမဘ၀မှာ
ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ အပြုံးလေးကြား ကြည်နူးမျက်ရည်တွေက တသွင်သွင်ကျနေပါပြီ။
ဒီအချိန်မှာဘဲ ကျမလက်ခလေးထက်မှာ တစ်ချိန်က မောင့်ကို ကျမပြန်ပေးခဲ
့
တဲ့လက်စွပ်လေးကို မောင်ဝတ်ဆင်ပေးနေတာကြောင့် ကျမလက်ဝယ်သို့
လက်စွပ်လေးပြန်လာရောက်ရှိလာပါတယ်။ အဲဒီနောက်မှာတော့
ဘာဆိုဘာမှထွေထွေထူးထူးစဉ်းစားနေတော့ပဲ မောင့်ရင်ခွင်နွေးနွေးအောက်
ကျမသက်ဆင်းခိုလှုံရင်း ကျမရဲ့ မနက်ဖြန်များစွာဟာ ………………
လွမ်းဆွတ်နာကြင်မှုတွေကင်းဝေးပြီး ပျော်ရွှင်မှုတွေကို
မောင်ပြန်လည်ယူဆောင်ပေးလာမယ်ဆိုသော အတွေးနွေးနွေးလေးကို ကြည်နူးရင်း
ကျမမျက်နာလေးမှာတော့ အပြုံးတွေပြန်ပွင့်ပြီပေါ့မောင်ရေ…………..။ ။
အမှာစာ ။ ။ လူတစ်ယောက်နှင့် တစ်ယောက်ချစ်ကြသည်ဆိုရာဝယ် ဂုဏ်ပကာသနနှင့်
အသိုင်းအ၀ိုင်းတွေ ဘယ်လောက်ပဲဖယ်ရှားကြပါစေ …………..တစ်ဦးကို တစ်ဦး
နားလည်ခွင့်လွှတ်စွာဖြင့် အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားကြရင်ဖြစ် အခြေအနေမပေးလို့
ခဏတာဝေးနေရပေမယ့် အချစ်စစ်တို့မည်သည်
တစ်နေ့နေ့ဝယ်ပြန်ဆုံတွေကြမှာအမှန်ပင်ဖြစ်ပါတယ်။ ချစ်ခြင်းဧ။် နူးညံ့ခြင်းသည် ဖော်ပြခြင်း၊
မဖော်ပြခြင်းနှင့်မသက်ဆိုင်ဘဲ ကတိသစ္စာရှိရှိရင်ထဲမှာ တိုးတိတ်စွာချစ်သောချစ်ခြင်းသည် နှုတ်မှ
ဖွင့်ဟ၀န်ခံသောချစ်ခြင်းထက် အစပေါင်းများစွာ သာလွန်နေသောကြောင့် ချစ်သူတိုင်း
နူးညံ့သိမ့်မွေ့သော ချစ်ခြင်းအိမ်ထက်ဝယ် ပျော်ရွှင်ချမ်းမြေ့စွာ စံစားနိုင်ကြပါစေ။
translate from myhappylove.com
Posted by
Chit Latt
0 comments:
Post a Comment