Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


့အခက်အခဲ = hardship
့hard = very difficult
ship = a large oceangoing boat


လူတွေဟာ လောကအတွင်းမှာ နေထိုင်လှည့်လည်သ၍၊ လောကကြီးကို ရင်ဆိုင်သ၍ကတော့ အခက်အခဲဆိုတာကို နေ့တိုင်းအချိန်တိုင်းလိုလို ရင်ဆိုင်ကျော်ဖြတ်နေကြတာပါဘဲ။ လူတိုင်းလိုလို...... ရင်ဆိုင်ရတဲ့အခါမှာ မိမိတို့ဧ။ိ ဒုက္ခကို ထုတ်ဖော်ပြောကြားသူတွေရှိသလို၊ မထုတ်ဖော်ဘဲ ရင်ဆိုင်နေကြသူတွေလည်းရှိပါတယ်။

ဒီ၇င်ဆိုင်ရတဲ့ အခက်အခဲတွေကို hardship လို့ခေါ်ပါတယ်။ hard ဆိုတာ ခက်ခဲတာကိုဆိုလိုတာဖြစ်ပြီး၊ ship ဆိုတာ မြစ်၊ ပင်လယ်၊ သမုဒ္ဒရာ တို့ အတွင်းမှာ ကမ်းတစ်ခုနှင့်တစ်ခုကို လိုရာပစ္စည်းကိုသယ်ဆောင်ပြီး လမ်းတစ်လျှောက်မှာ ကျရောက်လာသော အန္တရယ်အသွယ်သွယ်ကို ၇င်ဆိုင်ကျော်လွှားကို လိုရာခရီးသို့ အရောက်သွားကာ ပို့ဆောင်ပေးခြင်းဖြစ်တယ်။

လူ့ဘဝမှာလည်း အခက်အခဲဆိုတဲ့အရာဟာ ကိုယ်သွား၇ာလမ်းတစ်လျှောက်မှာ တောက်လျှောက်ပါတတ်တဲ့ ship ဆိုတဲ့ ကူးလူးဆက်ဆံနေတဲ့ ကုန်သွယ်ရေးယာဉ်သဖွယ်လိုပါဘဲ။ hard ဆိုတဲ့အရာကို ဒီလိုကူးလူးနေရတဲ့ယာဉ်သဖွယ် (ship) နှင့် အမြဲတင်ဆောင်နေ၇ပါတယ်။ တခါတရံ ကြမ်းတမ်းတဲ့ မုန်တိုင်းတွေ၊ လှိုင်းဒဏ်တွေ၊ မထင်မှတ်တဲ့အန္တရယ်တွေ နှင့် ညဥ့်အမှောင်အောက်၊ နေ့အောက်တွေမှာ ဖြတ်ကျော်၇သလို၊ လူတွေဟာလည်း အခက်အခဲတွေကို သိသိနှင့်သော်လည်းကောင်း၊ မသိဘဲနှင့်သောလည်းကောင်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ မမြင်နိုင်တဲ့ သဘာဝတရားရဲ့ ဆိုးကျိုးတွေ၊ ပြိုင်ဆိုင်မှုတွေ၊ မလိုမုန်းထားမှုတွေရဲ့အောက်မှာ ကျော်ဖြတ်ကျရတာပါဘဲ။

ship ဟာလည်း သူထက်အဆမတန်ထုထည်ကြီးမားတဲ့ အန္တရယ်ကျလာလျှင် မည်သို့ပင်ကြံ့ကြံ့ခိုင်ပါစေ၊ ကျဆုံးနစ်မြုပ်တတ်ပေမဲ့၊ ကြောက်ရွံခြင်းမရှိ အချိန်မှီ လိုအပ်ချက်တွေကိုပြင်ဆင်ကာ ပြန်လည်တည်ဆောက်ပြီး ကုန်သွယ်ေ၇ကြောင်းပြု၇ပါတယ်။ ဒီလိုပါဘဲ လူဘဝဟာ အစဉ်သဖြင့်အောင်မြင်မှုဆိုတာ မရှိဘဲ၊ တစ်ခါတစ်ရံမှာ ကျဆုံးခြင်းဆိုတာကိုလည်းရင်ဆိုင်၇ပါတယ်။ ဒီလိုရှုံးနိမ်းသွားတာနဲ့ မိမိတို့ရဲ့အားနည်းချက်ကို အားသာချက်အဖြစ် အချိန်တိုတိုအတွင်း ပန်လည်တည်ဆောက်ပြီး သတ္တိရှိရှိပြန်လည်ရင်ဆိုင်ရပါမယ်။ အရှုံးအတွက် ပူဆွေးကာ မှိုင်တွေငေးမောရင်းတသသနှင့် ကုန်ဆုံးနေမည်ဆိုပါက ဘယ်သောအခါမှာ ဘဝကို ပြန်လည်တည်ထောင်နိုင်မည် မဟုတ်ပေ။

ဒီလိုနဲ့ပဲ လူဘဝမှာ ရှင်သန်သ၍ အခက်အခဲဆိုတာကို ရင်ဆိုင်၇မယ်ဆိုတာ လက်ခံထားပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်ကာ ဖြစ်ကျော်၇ပါမယ်။ အကယ်၍မျာ လူဘဝမှာ အကြိမ်ကြိမ်ရှုံးနိမ့်သမျှကို ပြန်လည်မွမ်းမံကာ နောက်တစ်ကြိမ်ရင်ဆိုင်ဖို့အတွက် ပြင်စင်ရန် ခွံအားတွေနှင့် မဆုတ်မနစ်သော ဇွဲလုံလတို့ဖြင့် ပြန်လည်တည်ဆောက်ကာ ဘဝကို ဖြတ်ကျော်နိုင်၇ပါမယ်။

ဒီလိုဖြတ်ကျော်ရာမှာ ခံနိုင်၇ည်ရှိအောင် တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်အောင် မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်အောင်အတွက် စိတ်စွမ်းအားရှိဖို့ အဓိကလိုအပ်ပါတယ်။ စိတ်စွမ်အားရှိဖို့အတွက် လူတိုင်းလူတိုင်း၊ ဘာသာမရွေး တရားထိုင်ကြ၇ပါမယ်။ တရားထိုင်ခြင်း (meditation) ဆိုတာဟာ စိတ်ကိုတနေရာတည်းမှာ ငြိမ်အောင်ထားကာ လောဘ၊ ဒေါသ၊ မောဟ ကင်းအောင်ထားခြင်းပါ။

ဘာသာရေးလုပ်ရုံသာမက စိတ်ကိုတည်ငြိမ်အောင်ထားခြင်း (meditation) ဟာ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊...... စသည့် စိတ်ကိုပူလောင်မှုတွေကို တဒင်္ဂသဖြစ်ပေါ်စေပြီး၊ အချိန်ကြာကြာ စိတ်မှာ မထားတတ်ဘဲ အေးမြခြင်းကို ပေးတဲ့အတွက် hardship ဆိုတဲ့ လူတိုင်းရဲ့အခက်အခဲကို ဘာသာတရားနှင့် တရားထိုင်ခြင်းတို့ ပေါင်းစီးပြီး လူတိုင်းတည်ငြိမ်အေးချမ်းစွာ ကျော်ဖြတ်နိုင်ပါစေဟု ရည်မှန်းရင်း ဒီမှာ ဒီခေါင်းစဉ်လေးကို အဆုံးသတ်လိုက်ပါတယ်။ ။

(ဆ၇ာကြီးဦးသီဟရဲ့ hardship ဆိုတဲ့ အဓိပ္ပါယ်ကို မှီညမ်းကာေ၇းသားလိုက်၇သော ဤစာပုဒ်လေးဖြင့် ဆရာကြီးအား ကျွန်တော့်ကို အသိပညာတိုးပွားစေခဲ့တဲ့အတွက် ကန်တော့လိုက်ရပါသည်။)

0 comments:

Search This Blog

Blog Archive

Visitor

-