ဤကမ္ဘာမှာ.....
မြေသားရဲ့....ခိုင်မာမှုနှင့်
နေထိုင်ရေးတွက်ရပ်တည်
ထာဝရလန်းဆန်းရန်အား
ရေထုကို....အကူပြု
လေထုကတော့....ခွန်အားကိုပေး
မျှော်လင့်ချက်ရောင်ခြည်ဖြင့်
သက်ရှိတို့အား
ဖန်ဆင်းခဲ့တယ်။
ဤလူသားမှာ....
လိုချင်မှုလောဘကြောင့်
ဒေါသတရားဖြင့် ခိုက်ရန်ပြုကာ
လူသားချင်းမစာနာစွာ...ရန်မယ်ရှာ
မဆုံးနိုင်သော မောဟတို့ဖြင့်
ဘဝတစ်ခုလုံးတွက် နိဂုံးကိုရေးဆွဲ
ဆန်းသစ်သောအမှောင်လမ်းကိုပုံဖေါ်
လောကအလှကို...ပျက်သုံး
သက်ရှိတို့နှင့်
သဘာဝတရားအား
သူတို့ ဖျက်ဆီးခဲ့တယ်။
ဤလောကမှာ...
သဘာဝတရားက
အချစ်၊အမုန်း
အဟောင်း၊အသစ်
အကောင်း၊အဆိုး
အကျိုး၊အကြောင်း
ငရဲ၊နိဗ္ဗာန်
လူကောင်း၊လူဆိုး
အမျိုးမျိုးသော.....ဆန့်ကျင်ရာကို
ဖန်တီးခြင်းဖြင့်.....
လူသားတို့အား....
ပြည့်စုံခြင်း...အလုံးဆုံးအား
မပေးခဲ့တာ....
လောကသဘာဝပါ။ ။
Posted by
Chit Latt
0 comments:
Post a Comment