နွေရင်ပြင်မှာ...ခမ်းခြောက်နေတဲ့
ကန္တရရဲ့....ပူလောင်မှုတောင်
ရင်ထဲကအပူကိုမမှီပါ။
စိတ်ဆာလောင်မှုဆိုတဲ့....လောဘရမ္မက်ကို
ဘယ်အရာနှင့်တိုက်ကျွေးကျွေး
မက်မပြေခဲရှာပါ။
ွတရှိန်ရှိန်ပြင်းတဲ့ မီးတောင်ရဲ့
အငွေ့တောင် ပြင်းတယ်ဆိုပေမယ့်
လိုချင်တဲ့မောဟငွေ့ကို ....မမှီပါ။
တအားကုန်သုံးထားတဲ့ကားဟာ
ဘယ်လောက်ပဲအစားထိုး
မူလစွမ်းအားကိုပြန်မရတော့ပါ။
ထိုနည်းတူစွာ.....
စာဟူသောအ၇ာကား...
ကျောင်းသားဟူသော....
လူသားတွေကို
ခမ်းခြောက်နေတဲ့ စွမ်းအားဖြစ်
၇င်ကို...ထာဝစဉ်ပူလောင်စေကာ
ထပ်ရှာချင်သောလောဘက
၇လေလိုလေအိုတစေပမာ
အောင်မြင်မှုဆိုတဲ့အရာကို
တမျှော်မျှော်ဖြစ်ရင်း
ကိုယ်စိတ်ဒဏ်ရာ များဖြစ်
လူ့စိတ်အစဉ်ကို ရောင်ချယ်
နဂိုမူလအရောင်ကိုပျယ်
လူကိုဒုက္ခပေးတယ်။ ။
Posted by
Chit Latt
0 comments:
Post a Comment