ပျိုးသူဝေး အခြေမဲ့လည်း
စုန်ဆန်ချီ နဒီကြောမှာ
ချိန်တန်လျှင် ဝေဆာလှသည့်
ပန်းဗေဒါ ကမ်းခြေစပ်မှာ
တန်းလို့သာဆီ။
ေ၇ယာဉ်က အတင်းခွဲလို့
လူသားတို့ တိုက်ဖျက်တာကြောင့်
ဒီဗေဒါ ရေလျှင်ကျောမှာ
ကွဲလို့သာမျော။
အစုံဆန် ခေါက်ပြန်ချီရင်း
အန္တရယ် အဖုံဖုံကို
ရင်ဆိုင်လို့ ကြုံခိုက်မှာလည်း
မြုပ်ပြန်ပေါ့ တဒင်္ဂသာ
ခေါင်းမော့်ကာ ပြန်ပေါ်၇င်းဖြစ်
ပန်းဗေဒါ နဒီပေါ်မှာ
ပျော်လျှက်သာမျော။ ။
0 comments:
Post a Comment