ဘဝဇာတ်ဆရာ…..အလိုကျ
အိုလူသားတို့ “က”ရာဝယ်
ကျရာရာဇာတ်ရုပ်ကိုဖြင့်
နှလုံးသားနှင့်မွေး
ဦးနှောက်ဖြင့်တွေးရင်း
ပီပြင်စွာ ရုပ်လုံးဖေါ်ရင်း
ဘဝကို မော်ရင်းဖြင့် သူတို့ပျော်။
လှိုင်းစေရာ…လေအဝှေ့မှာ
ပန်းဗေဒါ ဖြေမသိမ့်စွာဖြင့်
ကမ်းကိုစွန့်ခွါ ဝေးရပြီမို့
ခြေမခိုင် စုံဆန်မှာနှစ်လည်း
လိုက်သင့်ရာ နဒီကျော်မှာ
ပေါလောပေါ် ခေါင်းမော့ရင်းဖြစ်
မျော်လို့သာစီး။
အနေမတူ…ဖြစ်စဉ်တူလည်း
လူသားကဦးနှောက်ယှက်
ဗေဒါကခံစားချက်မဲ့လို့
လူသားကမယိုင်
ဗေဒါခိုင်မှာဖြင့်
တစ်ပါးသူခေါ်ရာနောက်
လိုက်သင့်သာမျော။ ။
0 comments:
Post a Comment