တရံရောအခါမှာ ကလေးငယ်လေးတစ်ဦးဟာ ကြယ်လေးကို ကြည့်ပြီး စတင်ငိုကြွေးနေသတဲ့။ ဒီငိုကြွေးသံကို သူကြည့်နေတဲ့ကြယ်ကလေးက ကြားတဲ့အခါ ကလေးငယ်ကိုမေးသတဲ့ “ဘာကြောင့်များ ငါ့ကိုကြည့်ပြီးငိုနေ၇သလဲ ကလေးငယ်ရယ်”လို့ မေးလိုက်ပါတယ်။
ထိုအခါကလေးငယ်က “ကြယ်ကလေးရယ် နင်ကငါ့ရဲ့ ဟိုးအဝေးကြီမှာ ရှိနေတော့ ငါနင့်ကို ဘယ်တော့များမှ ထိတွေ့လို့မရတော့လို့ပါ” လို့ ငိုပြီးဖြေတာပေါ့နော်။ ဒီတော့ ကြယ်ကလေးပြန်ဖြေလိုက်တာကို ကလေးငယ်လေးကြားလိုက်တာကတော့ “ကလေးငယ်ရယ် ငါသာမင်းရဲ့ နှလုံးသားမှာ မရှိခဲ့ရင်တော့ ဘယ်လောက်ပဲအနေနီးနေပါစေ၊ မင်းလေး ငါ့ကို မမြင်နိုင်ပါဘူးကွယ်.........။ ။”
translates from " A Small Boy" by John Magliola
[ဒီဇာတ်လမ်းလေးကတော့ ချစ်ခြင်းမေတ္တာဆိုတာ အနေနီးခြင်း၊ ဝေးခြင်း နှင့် မသက်ဆိုင်ပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ နှလုံးသားတစ်နေရာမှာ ရှိနေခဲ့ရင်ဖြင့် အချစ်ဆိုတဲ့အရာဟာ နီးနီးဝေးဝေးအရာအားလုံးကိုမြင်နိုင်စွမ်းရှိပါတယ်။]
Posted by
Chit Latt
0 comments:
Post a Comment