Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

တန်ဆောင်မုန်းလပြည့်တောင် ရောက်လာတဲ့အခါ မနှစ်က ဒီတန်ဆောင်မုန်းလပြည့်နေ့ကို သွားအမှတ်ရမိပါတယ်။ မနှစ်က ကျွန်တော်ရန်ကုန်အပြန်မှာလေ မိသားစုဆုံတုန်းခရီးထွက်ရအောင်ဆိုပြီး နောက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက်စောစောမှာ မိသားစုတွေ မကွေးရွှေစက်တော်ဘုရားဖူးထွက်ခဲ့ကြတာ တနေကိုကုန်မှ ညနေဆောင်းအချိန်မှသာ မကွေးမြို့သို့ေ၇ာက်၇ှိခဲ့ပါတယ်။ အညာရဲ့အပူ၇ှိန်က နေဆောင်းနေသည့်တိုင်လူကို ပူလောင်စေတာမို့ ကျွန်တော်တို့အားလုံးကို နုံးချိစေတာမို့ေ၇ာက်ရင်နားမယ်လို့ မြို့အဝင်ထဲက အား၇ပါး၇စိတ်ကူးလာခဲ့ပါတယ်။

ဒါပေမယ့် ခရီးရောက်မစိုက် အထုပ်တွေလည်းချပြီးရော ကောက်ခါငင်ခါ ပြောလာတဲ့ အမေစကားကိုလည်း ကြားလိုက်ရော လူကိုသေချင်စော်နံသွားတော့တာပါဘဲ။ မင်းဘူးက မယ်ပေးကုန်းကို သွားရအောင်တဲ့။ ဝိဇ္ဇာထိုတွေဖူး၇အောင် အားလုံးလိုက်ခဲ့၇မယ်။ ကလန်ကဆန်မလုပ်နဲ့ ကုသိုလ်ဖြစ်ခရီးမှာတဲ့။ မှန်တာပေါ့ ငါဟာတော်တော် အကုသိုလ်များပါလားဆိုပြီး လိုက်ခဲ့ပါတယ်။ မင်းဘူးအဝင်ကျတော့ (၇)နာရီထိုးနေတော့ တော်တော်ကိုမှောင်သွားပါပြီ။ မယ်ပေးကုန်း ရေနံမြေအဝင်မှာတော့ ၆ နာရီကျော်လျှင် အပြင်လူမဝင်ရ ဆိုင်းဘုတ်ကို တွေ့ပေမယ့် ဂိတ်ကို မယ်ပေးကုန်းသွားပါ၇စေဆိုတော့ ကားနံပါတ်ကိုမှတ်ထားပြီး ဝင်ခွင့်ပြုလိုက်ပါတယ်။ ဝင်ပြီး (၃) မိနစ်လောက်အကြာမှာ ကျွန်တော့်ဘေးက (၂၇)နှစ်အ၇ွယ် ညီမက ထအော်လိုက်တာကတော့ “မေမေ ဘုန်းကြီးတစ်ပါးကားဘေးမှာပါလာပြီ” လို့ပြောတော့ အားလုံးဝိုင်းကာကြည့်တော့ ပါလာသူ(၇)ယောက်အနက် (၃)ယောက်ကတွေ့နေရပြီး ကျန်သူများမတွေ့ရပါ။

အားလုံးလည်း ဘုန်းကြီးကျောင်းလည်းရောက်ေ၇ာ ငြိမ်ငြိမ်မနေတတ်တဲ့ ကျွန်တော်နှင့် ဦးလေး (၂)ယောက်က ကျောင်းဝန်းကျင်ကို လေ့လာတော့တာပါပဲ။ ကြားသိ၇တာတွေဟာ အမှန်တကယ်မှ ဟုတ်ရဲ့လားလို့ လိုက်လေ့လာကြတာပါလေ။ မေမေက လိုက်မေးတော့ ဒီညဟာ လပြည့်ည ဖြစ်တာကြောင့် ဘုန်းဘုန်းတွေ ကြွချင်မှ ကြွလိမ့်မယ်။ ဖူးဖို့ကံပါလာရင် ဆုတောင်းတာနဲ့ဖူး၇တယ်လို့ လာပြီးဖူးကြတဲ့ အခြားသော ဘုရားဖူးများကပြောကြတယ်။ ဒါနဲ့ မေမေက (၉)နာရီအထိစောင့်ကြည့်ကြမယ်လို့ပြောတာနဲ့ ဘုန်းကြီးကျောင်းပေါတက်ရင်း အဝင်တံခါးဝအနီးမှာ ဦးလေးတွေနှင့်အတူထိုင်ချလိုက်တယ်။ မေမေ၊ ညီမလေးနှင့် အခြားအဖော်ကတော့ အလယ်လောက်မှာဝင်ထိုင်ပါတယ်။

မှတ်မှတ်၇၇ ၈နာရီကျော်ကျော်လောက်မှာ ကြေးစည်ထုသံကြားရပြီး စောစောက ကျောင်းဝန်းအတွင်းက လူတွေ ပြုံပြီးတက်ခါေ၇ှ့နားမှာထိုင်ကတည်းက ထူးခြားပြီဆိုတာ သိလိုက်တယ်။ ဒီလိုနဲ့ေ၇ှ့တည့်တည့်ကို ကြည့်နေတုန်း superman လို ဝတ်ရုံကို ဝတ်ပြီးလွှားကနဲ ဝင်လာကာ ချက်ခြင်းဝတ်ရုံကို ဝတ်လိုက်တာကို တွေ့လိုက်ရတာ တကယ်ကို မိနစ်ပိုင်းလေးပါပဲ။ နောက်တော့ ဒီထက်ထူးဆန်းတာကိုတွေ့ရတော့တာပါပဲ။

ဘာမှမရှိတဲ့လေထဲကနေ လှမ်းပြီးယူလိုက်တာ ပုလင်းလေးပါလာတာ၊ စိတ်ပုတီးပါလာတာ၊ အင်းပြားပါလာတာ တို့ကို ကျွန်တော်ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မှပဲ ဪ...... မမြင်အပ်တဲ့လောကကြီးဟာ တော်တော်ထူးဆန်းတဲ့ အရာတွေရှိသေးတာပေါ့လေ။ နောက်တစ်ခုက မျက်နှာကျက်ကနေ အုန်းသီးတော်တော်များများကျလာတာကိုလည်း မြင်ခဲ့ပါသေးတယ်။ အပြန်လမ်းမှာ စကားလက်ဆုံကြလာရင်းနှင့် ပါလာသူတွေအားလုံးက ဘုန်းကြီး (၂) ပါးနှင့် ဘိုးသူတော်တစ်ပါးကို မြင်ခဲ့ရပေမဲ့၊ ကျွန်တော့်ဦးလေး တစ်ယောက်က ထူးထူးဆန်းဆန်း ဘုန်းကြီးတစ်ပါးဘဲသူအစအဆုံးမြင်ခဲ့ ၇ကြောင်းပြောပြပြီး ဓါတ်ပုံကိုထောက်ပြတော့ ကျန်သောသူတစ်ယောက်မှ မဖူးခဲ့၇သော ကျန်ဆရာတော်တစ်ပါးဖြစ်နေသည်ကို တွေ့ရလေတယ်။

(၃၁) ဘုံမှာ ဝိဇ္ဇာနည်းလမ်းဆိုတာ ကိုထည့်မထားပေမဲ့ ကျွန်တော်အပြန်လမ်းမှာ နားလည်လာတာကတော့ ဘုရားလက်ထက်မှာကတည်းက ဝိဇ္ဇာထိုဆိုတာ ရှိခဲ့တာပါ ( ကျိုက်ထီးရိုးဘုရားသမိုင်းကို လေ့လာလျှင် ဝိဇ္ဇာထိုရှိတာကို တွေ့၇ပါတယ်။)သာမန်လူတို့ထက် တန်ခိုးအရှိန်အဝါ မြင့်မားကာ စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားကာ နှိဗ္ဗာန်ကို သွားနိုင်ရန်အတွက် ကြိုးစားနေကြသော ပုဂ္ဂိုလ်ထူများသာဖြစ်ပါတယ်။ နိဗ္ဗာန်မရောက်မှီ ကာလအတွင်း လူတို့ကို တတ်စွမ်းသရွေ့ ကူညီမစ နိုင်စွမ်း၇ှိသူများသာဖြစ်ပါတယ်။

သူတို့ကိုယ်တိုင် နိဗ္ဗာန်ကို၇ည်းစူးပြီး တရားအားထုတ်နေသူများသာ ဖြစ်ပါတယ်။ သူတို့ ပြန်ခါနီးဟောကြားလိုက်သော တရားများကလည်း လူသားတို့အား ၇တောင့်ရခဲလှသော လူဘဝအတွင်း သီလ၊ ဒါန၊ ဘာဝနာ စီးဖြန်းခြင်းဖြစ် သတိမမေ့လျော့ပဲ အမြဲအသိကပ်ကြစေရန် တိုက်တွန်းလိုက်ခြင်းသာ ဖြစ်ပေသည်။


အမှန်တကယ်တော့ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားဟောကြားတော်မူသော တရားတိုင်းဟာ ရိုးရှင်းပြီး သာမန်ရိုးကျလေးဖြစ် အမှန်တရားများကို ထောက်ပြပေးခဲ့သော တန်ခိုးတော်အစုံစုံနှင့် ပြည့်စုံတော်မူသော အတုမရှိသော ရှင်တော်ဘုရားပါ။ လူဆိုတာကလည်း ဆန်းတာကိုရှာပြီး နီးကပ်နေတဲ့ ရိုးရှင်းတဲ့မှန်ကန်သော အရာမှန်သမျှကို မေ့လျော့နေကြသူများသာဖြစ်ပါတယ်။ ဘုရားရှင် မိန့်တော်မူခဲ့သော လောဘ၊ ဒေါသ၊ မောဟ တို့ကို အသိဖြင့် အချိန်ယူကာ တဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့မည်ဆိုလျှင် မဝေးသော နိဗ္ဗာန်လမ်းကို တက်လှမ်းနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။ ။

[ကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်လေးကို ဓမ္မဒါနအဖြစ် မျှဝေလိုက်ပါတယ်။ ။]

0 comments:

Search This Blog

Blog Archive

Visitor

-