ဒီနေ့ကျွန်တော်မြို့ထဲကအပြန် ကားပေါမှာ မောမောနဲ့ ငိုက်လာရင်း ကျွီကနဲ ဆိုတဲ့အသံကြောင့် ငိုက်နေ၇ာကနေနိုးထလာခဲ့၇တယ်။ ဪ ......လူစည်းစိမ်တောင်အပြည့်အဝ မခံစားပါလားနော် ဆိုပြီး ကိုယ်ကိုကိုယ်ပဲအပြစ်တင်မိတော့တယ်။ေ၇ာက်မဲ့ မှတ်တိုင်ကလည်း သိပ်မလိုတော့တာကြောင့် မငိုက်တော့ ပါဘူးလေ ဆိုပြီး ဟိုငေးဒီငေးလုပ်လာတာပေါ့လေ။ ဒီလိုနဲ့ ဆင်းခါနီးမှတ်တိုင် (၂) ခုအလိုမှာ ကျွန်တော့် မြင်ကွင်းထဲကို လက်တစ်ဘက်ရောက်လာတယ်။ ရှေ့ခုံက ကောင်မလေးက သူ့ကောင်လေးပခုံးလေးကို ဖက်လိုက်တာကိုး။ အားပါး လှမှလှဗျ။ ကျွန်တော့် တစ်သက်တွေ့ဖူးသမျှ လက်တွေထဲမှာ အလှဆုံးလေးဗျ။
လက်ချောင်းလေးတွေက တော်တော်ကိုလှတာနဲ့ အကြည့်ကိုတဖြည်းဖြည်းခြင်းလွှဲ လာတာ လားလား လက်တစ်ခုလုံးကို လုံးမှာအမွှေးနုနုလေးတွေနဲ့ ဆိုတော့ ကျွန်တော်အကြည့်ကို မလွှဲနိုင်တော့ဘူးပေါ့။ ကျွန်တော်လည်း အကြည့်တွေကို တိုးလာလိုက်တာ ကောင်မလေးရဲ့အသားက မဖြူမညိုလေးဆိုတော့ တော်တော်ကို ကြည့်ကောင်းတာမှမပြောတဲ့နော်ဗျ။
ပခုံးကျော်ကျော်ဆံပင်မတိုမရှည်ကြားလည်တိုင်လေးမှာတော့ ပလက်တီနံ ဆွဲကြိုး မျှင်မျှင်လေးတစ်ကုံးနှင့် ရွှေဆွဲကြိုးမျှင်မျှင်လေးတစ်ကုံး ပေါင်းနှစ်ကုံးဆွဲထားတာလေးကိုက ကျွန်တော့်အတွက် မရိုးနိုင်သော် အမြင်လေးပေါ့ဗျ။ အမြင်တခဏက လူကိုတော်တော်ကို ဒုက္ခပေးတော့တာပဲလေ။ မကြည့်ပဲကို မနေနိုင်တော့ပါပဲကောင်မလေးရေ။ ပိုင်ရှင်၇ှိမှန်းသိသိကြီးနဲ့ကို အကြည့်မလွှဲနိုင်တာ မင်းအလှကြောင့် ထင်တယ်ကောင်မလေးရေ။
ဆက်အကြည့်မှာတော့ အနက်ရောင်တစောင်းဖော် ဘလောက်(စ်) လေး ရဲ့အခြားဖက်မှာတော့ ကျောလှလှလေးနဲ့ ကျောအလယ်ခေါင်မှာ မှဲ့နက်နက်လေးတစ်လုံးနဲ့ အတော်လှတဲ့ကောင်မလေးဗျ။ ကျွန်တော်စိတ်ကူးထဲမှာတော့ ငါ့ကောင်မလေးသာ ဖြစ်လိုက်ပါတော့လို့တွေးရင်း သူမရဲ့ရည်းစားလေးတော်တော် ကံကောင်းတာပဲလို့တွေးလိုက်မိတယ်။ ဒီအချိန်မှာပဲ ဆင်း၇မယ့်မှတ်တိုင်ေ၇ာက်လာလို့ သူမတို့စုံတွဲေ၇ှ့ကဖြတ်ကာ အပေါက်ဝ အရောက်မှာတော့ သမင်လည်ပြန်လေး နောက်ဆုံးအနေနဲ့ နှုတ်ဆက်အကြည့်လေး ကောင်မလေးဆီအကြည့်မှာတော့ “ဟာ” လို့ ပါးစပ်ကအော်လိုက်မိတယ်ကောင်မလေးေ၇။ ငါ့ရင်ထဲမှာ ဘယ်လိုမှန်းမသိတဲ့ ခံစားမှုမျိုးကို နင်ပေး၇က်တယ် ကောင်မလေးေ၇။ နင့်အလှက ငါထင်တာထက်တောင်လှလိုက်တာဟာ...။ ဒါပေမဲ့ နင်ကို ငါနမျှော်မိတယ်ကောင်မလေးေ၇...။ တွဲစရာ ဟာ ဒီလိုမိန်မ မဟုတ် ယောကျာ်မဟုတ် ယောက်ကလျာလေးနဲ့ဟာလို့ပေါ့ဗျ။ ငါရင်တွေကွဲနေတာ နင့်အတွက်ပါ ကောင်မလေးရာ.........။ ။
Posted by
Chit Latt
0 comments:
Post a Comment