ကျွန်တော်တို့ဟာ .....ဘာကြောင့် အမျိုးသမီးတွေလိုအပ်တာလည်းဆိုတာကို တွေးကြည့်မိတော့လေ.............
ကျွန်တော်တို့ရဲ့ ...............ဘဝတွေကို.........
မောင်နှမသားချင်းကဲ့သို့ ......ဂရုစိုက်မှုတွေ
သူငယ်ချင်းကဲ့သို့ ...... နွေးထွေးမှုတွေ
ချစ်မြတ်နိုးသူတစ်ယောက်ရဲ့ ...... ချစ်ခြင်း၊မုန်းခြင်းတွေ
ဇနီးကောင်းကဲ့သို့ ..... ရည်စူးခြင်းတွေ
မိခင်ကဲ့သို့.....ကောင်းမွန်ခြင်းနှင့် ပြည့်စုံခြင်းတွေ
ဖွားအေကဲ့သို့.... မေတ္တာပို့သခြင်းတွေ ကို ပေးနိုင်သူ...
သူမကိုယ်တိုင်ကလည်း..............
ကြံ့ခိုင်ခြင်းတွေ
နူးညံ့ခြင်းတွေ
ဆွဲဆောင်ခြင်းတွေ
ကလေးဆိုးလို ဆိုးခြင်းတွေ
မျှဝေခံစားခြင်းတွေ
သာယာနာပျော်ဖွယ်ကောင်းခြင်းတွေ နှင့် ပြည့်စုံလေတော့........
ယောကျာ်းတော်တော်များများအတွက် .......မိန်းမဆိုတဲ့အရာဟာ............လိုအပ်ချက်တစ်ခုပေါ့ဗျ။ သူတို့လေးတွေရဲ့ ကောင်းတာဆိုးတာလေးတွေကို ကျွန်တော်တို့တွေက သာယာကြတယ်လေ။ မိန်းမတွေအတွက် ယောကျာ်းဆိုတာ ချီတိုင်က နွားကြီးတွေပေါ့။ သူတို့ အတွက် ရှာဖွေကျွေးမွေးရင်းနဲ့ ဘဝကို ကုန်ဆုံးနေကြတော့ နွားတွေနဲ့ကျွန်တော်တို့ ဘဝတွေနဲ့က တူကြတာပေါ့လေ။ အမှန်တကယ်တော့ ကျွန်တော်တို့ ကိုယ်တိုင်က နွားဖြစ်ချင်သူတွေပါ။
Posted by
Chit Latt
0 comments:
Post a Comment