အချစ်ဆိုတဲ့အရာ
နှစ်ဦးသားရင်ဝယ်
ခိုင်မြဲရင်ဖြစ်
ဆင်းရဲချမ်းသာ
ဘာသာမတူ
လှမ်းဝေးတဲ့ ...အယူ
လူမျိုးမတူလို့
မိဘမကြည်ဖြူရင်
ခွဲခွါေ၇းဆိုတာ....မတွေး
အဝေးပြေးလို့
ဘဝအိမ်လေး
တည်ဆောက်ရေးတွက်
နှစ်ကိုယ်တူဆောက်ကြစို့လေး .......။ ။
[ကျွန်တော် သူငယ်ချင်းတော်တော်များဟာ ချစ်နေလျှက်နှင့် ဘာသာမတူလို့၊ ဆင်းရဲချမ်းသာ မညီမျှလို့၊ မိဘသဘောမတူလို့ ကွဲကွာကြတာတော်တော်များများတွေ့ နေရပါတယ်။ အခြားတဖက်မှာလည်း မတူညီမှုတွေကြားထဲကနေ ဘဝအိမ်ကို ခိုင်မြဲစွာ တည်ဆောက်လို့ သာယာနေကြတဲ့ အိမ်ထောင်ဖက်တွေ အများကြီးရှိနေကြတယ်လေ။ တကယ်ချစ်ကြတယ်ဆိုရင် ဘဝမှာ မတူညီမှုဆိုတာ မရှိအောင် တစ်ဦးနှင့်တစ်ဦး ညှိုယူနေကြခြင်းဟာ ဘဝရဲ့အနှစ်သာရလေးပါ။ ဘဝတိုင်းကို ညှိုယူကြရင်းဖြစ် သာယာသော ကြင်ဖော်များဖြစ်နိုင်စေရင် ရည်စူးရင်း..............ချစ်သူတိုင်းညားစေရန်ဆုတောင်းရင်း......။ ။]
Posted by
Chit Latt
0 comments:
Post a Comment