“ခင်ပွန်း” ဆိုတာ
အထင်ကြီးဖွယ်
အားထားဖွယ်
မြတ်နိုးကိုးစားဖွယ်
မိတ်ရင်းသဖွယ်
မှီတင်းနေထိုင်ရာ
ဇနီးသည်အတွက်
တစိမ်းဆန်သော တစိမ်းပါ။
“ဖေဖေ”ဆိုတာ
ယုံကြည်ရာ
အားကိုးရာ
လေးစားရာ
တုယုဖွယ်ရာ
ချစ်ကြောက်ဖွယ်ရာ
သားသမီးတို့အတွက်
သွေးအနီးဆုံး လူသားတစ်ဦးပါ။
တစိမ်း နှင့် သွေးသားကြား
မှီတည်ထားရာ
ကမ္ဘာငယ်ရဲ့.....ဥသျှောင်
မှီတည်ရာလူသားတို့ရဲ့....သခင်
မှီတည်သူတို့အား
ချစ်ခြင်းအပြည့်
ခွန်အားမကျန်
အသက်ပါစတေး
ရင်နှင့်အပြည့်ပေးဆပ်ခြင်းဖြင့်
မှီခို၇ာ....ခင်ပွန်းကောင်း
အားထားရာ....ဖခင်ကောင်း
နာမည်ကောင်းနှင့် ....၇ပ်တည်ခဲ့သူ။
ထိုလိုလူမဲ့ခြင်းဟာ
ခေါင်းမိုးမဲ့တဲ့........အိမ်
ဦးစီးမဲ့တဲ့..........လှေ
မာခြင်းမဲ့တဲ့.....မြေသား
လေမဲ့တဲ့........အာကာသ
ေ၇မဲ့တဲ့......ကန္တာရပမာ
ပျော်၇ွှင်မှုအတိ....ပြည့်စုံခြင်းမရှိ
ပတ်ဝန်းကျင်ရဲ့...ဘေးကမလွတ်
ဒဏ်သင့်ဖွယ်...မိသားစုမယ်
အားနည်းခြင်း၊ အားငယ်ခြင်း
သိမ်ငယ်ခြင်းတွေနဲ့
ပြည့်လို့နေတာ
မြင့်မြတ်ရာ....ဘုံဘဝက
မြင်လှည့်ပါ....ဖေဖေရာ.....................။ ။
ှ
Posted by
Chit Latt
0 comments:
Post a Comment