Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

ကျွန်တော်ရဲ့ ခံစားချက်လေးတစ်ခုကို မပြောခင်၊ ကျွန်တော်ကို၌ကလည်း မိသားစုတို်င်းလိုလိုကို လိုက်ကြည့်မိတဲ့ အကျင့်လေးတစ်ခု၇ှိတယ်။ ဒါဟာ ဘာလည်းဆိုတော့ မိသားစုတိုင်းမှာရှိတဲ့ အလတ်တိုင်းရဲ့ စ၇ိုက်နဲ့ ဗီဇလေးတွေကိုပါ။ အလတ်တိုင်းလိုလိုဟာ အေးတိအေးစက်နှင့် ပြန်မပြော၊ နားမထောင်စ၇ိုက်လေးတွေနဲ့ လူတွေကို ဘာမထီမျက်နှာပေးနဲ့ အသည်းနှလုံးမရှိသူလို ဖာသိဖာသာနေတတ်ကြပါတယ်။ ဒါပေမဲ့ အတွင်းကျကျပေါင်းလိုက်တဲ့အခါမှာ သူတို့ဟာ သူတို့ကိုမေတ္တာပေးလာလျှင်တော့ ထိုသူကို တတ်စွမ်းသ၍ကူညီတတ်ကြပြီး မိသားစုရဲ့ လစ်လျှူရှူခြင်း အမျိုးမျိုးကိုခံစားခဲ့ရတော့ အလိုလိုရင်းအားငယ်တတ်ကာ မိသားစုကို ပြန်လည်ပေးဆပ်လိုသူတွေပါ။

မိသားစုတွေမှာ အကြီးဆုံးဆို၇င်တော့ သက်ဦးအရူးမို့ သည်းသည်းလှုပ်ချစ်တတ်ကြပြီး ဦးစားပေးခြင်းခံ၇တတ်ပါတယ်။ အငယ်ဆုံးကျတော့ အထွေးဆုံးမို့ အလိုလိုက်ကာ ချစ်ကြပြန်လေရောဗျ။ မိသားစုတိုင်းရဲ့ ဒုတိယသားသမီးတိုင်းလိုလိုဟာ ကျန်းမာဖွံဖြိုးပြီးမွေးကတည်းက သိပ်ပြီးမချူခြာတတ်ကြဘူး ဆိုတော့ မိဘတွေက သိပ်ဂရုမစိုက်သလိုဖြစ်နေကာ ကြီးလာလေလေ အသိုင်းအဝိုင်းကြားမှာ တဖြည်းဖြည်းသိမ်ငယ်မှုတွေနှင့်အတူ အနေစိမ်းလာတတ်ကြတော့တာပဲလေ။ မိဘတွေရဲ့မေတ္တာကတော့ အတူတူပဲဆိုတာ အချိန်တော်တော်လင့်ခဲ့သည်အထိ မသိခဲ့ကြသောသူတွေပါ။

ကျွန်တော်ကိုယ်၌က အလတ်မို့ ဒီလိုခံစားချက်မျိုးလေးတွေကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်အိမ်ထောင်ကျလို့ သားသားမီးမီးတို့ရခဲ့လျှင် အလတ်လေးကို ပိုအလိုလိုက်မယ်လို့ စိတ်ကူးခဲ့တယ်။ စိတ်ကူးခဲ့တဲ့အတိုင်းဘဲ ကလေးလေး(၃)ယောက်၇ရှိခဲ့ပါတယ်။ အလတ်ကောင်က ကျွန်တော်နဲ့ နေ့တူ၊ အကျင့်စရိုက်တူလေးပေါ့ဗျာ။ သူလေးကို ကျွန်တော်ပိုအလိုလိုက်ကာ အချစ်ပိုခဲ့ပေမဲ့...........။ ။

[ကျွန်တော့်ဖေဖေက အလတ်မို့ သူ့ပြောခဲ့တဲ့စကားလေးတွေ၊ လုပ်ဆောင်ချက်လေးတွေကို အလတ်ဖြစ်တဲ့ ကျွန်တော်ရရှိခဲ့တာ တိုတောင်းသောအချိန်လေးပေါ့ဗျ။ အလတ်သမားလေးဖေဖေလေ စောစောစီးစီးနဲ့ ထွက်ခွါသွားပြန်လေတော့ ဒီအလတ်ကောင်ရဲ့၇င်ထဲမှာတော့..................။ ဒါကတော့ဆိုးရွားတဲ့ ကျွန်တော့်ရဲ့အတိတ်ကံကိုသာ ပုံချလိုက်တာ အကောင်းဆုံးပဲပေါ့ဗျာ။]

0 comments:

Search This Blog

Blog Archive

Visitor

-