အချိန်ဆိုတာခဏလေးပါ။ တိုတောင်းလွန်လှပါတယ်။ ဒါဟာလည်းပျော်၇ွှင်မှုတွေနဲ့ ဖြစ်သန်းရင်ပေါ့ဗျာ။ ဒါပေမဲ့ လူဘဝဆိုတာ သုခခံစားရတဲ့အချိန်လေးဟာ တိုတောင်းလှပြီး ဒုက္ခတွေဘဲလာတာများလှပါတယ်။ လူတွေဟာ သုခ ခံစား၇ရင် အချိန်ခဏလေးလို့ထင်ပေမဲ့၊ ဒုက္ခတွေနဲ့ဆိုရင် ဖြစ်ကျော်၇တဲ့အချိန်တွေဟာ ကုန်ခဲလှပါတယ်။
ဒီလိုပါဘဲ လူတိုင်းဒုက္ခမကင်းတဲ့အထဲမှာ ကိုယ်လည်းအပါအဝင်ပေါ့။ မိဘမစုံလင်တဲ့ဘဝမှာ ကျန်၇စ်တဲ့သားသမီးကော၊ ကျန်ရစ်သူဘဝကြင်ဖော်ပါ ရုန်ကန်ရတဲ့ဘဝဟာ တော်တော်ကိုမလွယ်တာပါ။ ပစ္စည်းဥစ္စာ ချန်ထားခဲ့သေး၇င်တော့တော်သေးတာပေါ့ဗျာ။ မပြည့်စုံ၇င်တော့ တစ်ယောက်ထဲနဲ့မိသားစုတစ်စုလုံးကို တင့်တင့်တယ်တယ်ထားနိုင်ဖို့၊ သားသမီးတွေလိမ္မာစွာ ဖြစ်ထွန်းဖို့ကို အ၇မ်းကို ကြိုးစားခဲ့၇တဲ့ မေမေမှာ ကိုယ်ေ၇ာစိတ်ေ၇ာဒဏ်၇ာတွေနဲ့ဆိုတာ ကျွန်တော်တို့အသိဆုံးပါ ဖေဖေရာ။
ဖေဖေစောစောမိသားစုထဲက ထွက်ခွါသွားတာ ဒီဆောင်းဆို၇င် (၂၉)နှစ်ပြည့်ခဲ့ပြီပေါ့ဗျာ။ မေမေလေ နှုတ်အားဖြင့် အဖေ့ကိုတမ်းတကြောင်းမပြပေမဲ့၊ ၇င်ထဲမှာခံစားနေရတာက သူလုပ်၇ပ်တွေကဖေါ်ပြနေတယ်လေ။ ဒီ(၂၉)နှစ်တာကာလမှာ မေမေဘယ်လောက်သောကတွေဝေနေမလဲဆိုတာ ဖေဖေမြင့်မြတ်ဘုံဘဝကနေ ကြည့်နေပြီးမြင်နေရမယ်ဆိုတာ ကျွန်တော်သိနေပါတယ်ဖေဖေ။ ငယ်ငယ်ရွယ်ရွယ်မှာ မုဆိုးမဖြစ်ခဲ့ပြီး၊ အရွယ်ကောင်းချိန်မှာ အိမ်ထောင်မပြုဘဲ သားသမီးတွေ ဘဝထောင်မတ်ဖို့ ကြိုးစားလာတဲ့မေမေက ဒီနေ့ ကျွန်တော်ကန်တော့လိုက်တဲ့အချိန်မှာ ပေးလိုက်တဲ့ဆုလေးကတော့“ သားလည်းကိုယ်စိတ်နှစ်ပါးကျန်းမာ၊ချမ်းသာပါစေ။ မေမေလည်းစိတ်ချမ်းသာ၇ပါလို၏။”တဲ့ ဖေဖေ၇ာ။
Posted by
Chit Latt
ဖေဖေ မရှိတဲ့အသိစိတ်ကြောင့် မိသားစုတွေအတွက်ဆိုတဲ့အသိနဲ့ ကြိုးစားခဲ့တယ် မေမေဟာ (၂၉)နှစ်တာလုံးကြုံတွေ၇တဲ့ ဒုက္ခတွေကြောင့် ကိုယ်စိတ်နှလုံးချို့တဲ့နေမှာကိုလည်းအသိပါ။ မေမေကိုတတ်သိသလောက်လိမ္မာအောင် ကျေးဇူးဆပ်ရင်း မေမေရဲ့ နှလုံးသားဒဏ်၇ာနှင့် ကျန်းမာရေးကို ဂရုစိုက်တော့မယ်ဖေဖေ၇ာ။ စောစောစီးစီးနဲ့ လူလောကထဲကထွက်သွားတဲ့ ကြွေလွင့်သွားတဲ့ဖေဖေကိုကော၊ စောစောစီးစီးလူလောက ဒုက္ခမျိုးစုံကိုခါးစီးကာခံခဲ့၇တဲ့မေမေကိုကော ရင်ထဲမှာသနားမိတယ်၊ ချစ်မိပါတယ်။ ရှိတဲ့မေမေကို ကျေးဇူးဆပ်ရင်း၊ လူတိုင်းကို မေတ္တာထားကူညီခြင်းဖြင့် ဖေဖေကျေးဇူးကို အမျိုးဂုဏ်ထိန်းသိမ်းခြင်းနည်းဖြင့် ဆပ်နေတာကို ဖေဖေတစ်ယောက်မြင်လှည့်၇င်ဖြစ်......။ ။
0 comments:
Post a Comment