ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ဒေါင်ကျကျ ပြားကျကျ ၊ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်မို့ မိသားစုတွေထဲမှာ စာကမတော် ၊ ပြန်မပြောနားမထောင်မို့ မိသားစုဝင်တွေထဲမှာ အဆင်မပြေပါ။ ဒါကြောင့် အချိန်တော်တော်များများကို အမဝမ်းကွဲအိမ်မှာ ကျောင်းပိတ်တာနဲ့ သွားနေတတ်ပါတယ်။ ကျွန်တော်ဟာ ဒီအချိန်ထဲက သူမလေးကို ဂရုတစိုက် စောင့်ရှောက်ခဲ့တာလေ။ သူမလေးက မွေး၇ာပါနှလုံးရောဂါသည်လေးမို့ ဒီဲညီမဝမ်းကွဲလေးကို အလိုလိုက်ပြီးချစ်ခဲ့၇တယ်။ သူမကလည်း ကျွန်တော့်ကိုဆို အစ်ကိုကြီးတစ်ယောက်လိုပါပဲ။
ဒီလိုနဲ့ အရွယ်ေ၇ာက်လာတော့ သူမလေးဟာ ဒူးခေါင်းခွဲစိတ်မှုကို ပြုလုပ်ခဲ့တာ နှစ်ချီကြာသည်အထိ ဆွဲပြီးကုသခဲ့ရလေတော့ ပိုပြီးအသားနားပိုခဲ့၇တာပေါ့ဗျာ။ ကျွန်တော်က မိန်ခလေးပေါင်းများစွာကို ချစ်ကြည့်တွဲကြည့်နေတဲ့အချိန်မှာ လူတွယ်လေးနဲ့ လမ်းလျှောက်နေရတဲ့ ညီမလေးဆီကိုတော့ သွားပြီးညီမလေးအလိုကျ လိုက်လျောတတ်တာ နေ့စဉ်ဝတ္တရားမပျက်ခဲ့ပါဘူး။ ညီမလေးတစ်ယောက်ရဲ့ရောဂါတွေကို သိလေလေ၊ ပိုပြီးအနောတာခံကာ သနားလေလေပါဘဲဗျာ။ ဪ....မေ့လိှု့ဗျ.....ညီမလေးနဲ့ ကျွန်တော်က ဆယ်နှစ်ကျော်ကျော်ကွာတယ်ဗျ။
အချိန်တွေကအကုန်မြန်ကာ ကျွန်တော်အလုပ်တွေလုပ်နေချိန်၊ ညီမလေး ဘွဲ့၇ပြီးလို့ အလုပ်တောင်လုပ်နေပြီပေါ့ဗျ။ ကျွန်တော်ကိုယ်ကို ကျွန်တော်ပြန်ပြီးမေးကြည့်လာမိတယ်။ ဘာလို့ ချစ်သူရှိရဲ့နဲ့
ပြည့်စုံနေပါလျှက်နဲ့ ချစ်သူကလည်း အကြိမ်ကြိမ်လက်ထက်နိုင်ရေးကို သာပြောပြောလာပေမယ့်၊ ကျွန်တော့်လက်ထပ်ချင်စိတ်မရှိခဲ့ဘူး။ ၇င်ထဲမှာ စိုးရိမ်တာက ကျွန်တော်အိမ်ထောင်ပြုခဲ့လျှင်ကော ညီမလေးကို ဒီလိုလုပ်ပေးနိုင်တော့မှာ မဟုတ်ဘူးဆိုတာကိုပဲ စိုးရိမ်နေမိတာအမှန်ပါ။
ဒီမှာတင် ကျွန်တော်စိတ်ကို နားလည်လာပါတယ်။ ညီမလေးကို သနားစိတ်အပြည့်နဲ့ ချစ်မိတာပေါ့။ ကျွန်တော် ညီမလေးကို တစိမ်းသူရင်ခွင်ထဲတားရင်ကော ကျန်းမာရေးချူခြာတဲ့ ညီမလေးကို ထိုလူကကော ကြာ၇ှည်သီးခံနိုင်ပါ့မလား။ သည်းခံတယ်ဘဲထားပါအုံး ညီမလေးကို မေတ္တာမပျက် ပြုစုနိုင်ပါ့မလား။ တကြိမ်ကြိမ်မှာတော့ စိတ်ပျက်လာနိုင်တာပေါ့လေ။ ညီမလေးရေ ..... အစ်ကိုကြီး ဘာလုပ်၇မှန်းတောင် မသိတော့ဘူး။ လူတွေကပြောကြမှာပဲလေ သေ၇ပေါ်အိပ် သေ၇နားစားတဲ့အကောင် ဆိုပြီး ဝိုင်းကာပြစ်တင်ကြမှာလေ။
ညီမလေးတို့က မပြည့်စုံကြတဲ့မိသားစု။ မောင်နှမတွေ အများကြီးနဲ့ ရုန်းကန်နေ၇တဲ့ ဘဝလေးပါ။ ညီမလေးရဲ့ ရုပ်၇ည်ကလည်း ချောမောလှပတဲ့သူတွေထဲမှာ မပါဘူးဗျာ။ အသားလေးဖြူကာ ပိန်ပိန်ပါးပါးလေးနဲ့ မျက်မှန်လေးအောက်က စောင်းနေတဲ့ မျက်လုံးလေးတွေက ကျွန်တော့်အတွက် မရိုးနိုင်သော ချစ်စ၇ာလေးတွေပေါ့ဗျ။ ဒါပေမဲ့ ပြည့်စုံတဲ့ကျွန်တော့်မိသားစုက ညီမလေးကို တူမလေးတစ်ယောက်လိုသာ လက်ခံကြပြီး ၊ ချွေးမတစ်ယောက်အနေနဲ့တော့ ဘယ်တော့မှ လက်ခံကြမှာမဟုတ်ဘူး ဆိုတာကို ကျွန်တော်၇ိပ်မိပါတယ်။
နောက်ဆုံးမှာတော့......ကျွန်တော် အစ်မနဲ့အစ်ကိုကို ခွင့်တောင်းပြီး နှစ်ဖက်မိဘသဘောမတူတဲ့ကြားက ညီမလေးကို ၇အောင်ယူခဲ့ပါတယ်။ ညီမလေးကစိတ်ဆိုးလိုက်တာ မပြောပါနဲ့တောဗျ။ နောက်တော်တော်လေး အချိန်ကြာလာတော့မှ ကျွန်တော်ရဲ့မေတ္တာ တ၇ားကို သိရှိလို့လာမှ သူမလေးကမေးတယ် ဘာကြောင့်သူမကို ချစ်တာလဲတဲ့၊ ယူရတာလဲတဲ့ ဗျ။ ကျွန်တော်ပြန်ဖြေလိုက်တာကတော့ “သားသားမီးမီးလေးတွေကျ ဒီအဖေကြီးကပြော၇အုံးမယ်၊ လူတစ်ယောက်ကို ဘယ်တော့မှ သနားချစ်မချစ်ပါနဲ့လို့ လေ။ ဖေဖေတော့ မင်းမေမေကို သနားချစ်ချစ်ခဲ့တော့ ဘယ်တော့မှ အနိုင်မယူ၊ ပေးဆပ်ချစ်နဲ့ ချစ်နေတော့မှာကွာ။” ဒီအချိန်မှာတော့ ညီမလေးရဲ့ မျက်နှာမှာ မျက်ရည်တွေနဲ့၊ ကျွန်တော့်ရင်မှာတော့ ချစ်ခြင်းအပြည့်ပေါ့ဗျ။ ။
[ကျွန်တော့်ဖေဖေက မေမေ့ကို ကျွန်တော်တို့တွေ သူလို သနားချစ်မျိုး မချစ်မိစေဖို့ အမြဲပြောတတ်တဲ့စကားလေး နဲ့ ဖေဖေနှင့်မေမေတို့ရဲ့ ဘဝလက်တွဲဖော် မှတ်တမ်းလေးပေါ့ဗျ။]
Posted by
Chit Latt
0 comments:
Post a Comment