Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

`အား´ ကားကလည်း ရောက်ဖို့နှေးလိုက်တာနော်။ ` ကျွန်တော်တစ်ယောက်ထဲ စိတ်လေနေတာဖြစ်မှာပါလေ။ တစ်ကားလုံးက အိပ်နေလိုက်တာ အင်းလေ ညသန်းခေါင်ဆိုတော့လည်း ပင်ပန်းပြီးအိပ်ရှာတော့မှာပေါ့။ ငါတစ်ယောက်သာစိတ်စောနေလို့ဖြစ်မှာပါလေ။´


`ချစ်သူလေးရယ် မောင်လေ မင်းရှိရာကို ရင်ခုန်သံအပျော်တွေထွေးပိုက်ရင်း လာနေပြီနော်။ ဒါပေမယ့်ချစ်သူလေး နေမကောင်းလို့ ဆေးရုံတက်နေ၇တယ်ဆိုတာကို မောင်သိနေတော့ အရင်တပတ် မင်းနဲ့အတူပျော်ရွှင်ခဲ့လို့များ မင်းလေး ပင်ပန်းသွားလို့လားဆိုပြီး မောင့်ရင်ထဲမှာ စိုးစိတ်တွေနဲ့အပြည့်ပါချစ်သူလေးရာ။ မင်းလေးက အစကတည်းက ချူချာသူလေးမို့ သနားချစ်လေးနဲ့တိုးပြီးချစ်ခဲ့ရတာပါကွယ်။´


`အင်းချစ်သူလေးဆီ ဖုံးဆက်တော့လည်း ချစ်သူလေးအသံကိုမကြားရတာ ၃ရက်ရှိနေတော့ ပိုလို့တောင်စိတ်ပူနေမိပေမယ့် ကိုယ်လေး သက်လေးဆီအပြေးလေးလာချင်ပေမယ့် အလုပ်တာဝန်တွေနဲ့ ခွင့်မရတာကြောင့် မောင်လေး မင်းလေးဆီကို အပြေးလေးလာချင်ပေမယ့် အခွင့်မသာခဲ့ဘူးချစ်သူလေးရာ။ အခုတော့…….. မောင်တို့ ဆုံနိုင်ခွင့်တွေနီးဖို့ မင်းလေးဆီကို အပြေးလေးလာနေပြီသက်လေးရယ်။´


အားလုံးအိပ်စက်နေကြတော့လည်း သူများကို မနှောက်ယှက်ဘဲ အတွေးတွေနဲ့လည်နေတာတောင် မင်းလေးနဲ့ စတွေ့ခဲ့တဲ့ အကြောင်းလေးတွေစီကို ဦးတည်မိနေတယ်ချစ်သူလေးရယ်။ သက်လေးနဲ့ ကျွန်တော်ကို စတင်တွေ့ခဲ့တာကတော့ ဒီအလုပ်လေးကိုစတင်၇ခဲ့အချိန်ကစခဲ့တာပေါ့။ ကျွန်တော်ကို ဒီအလုပ်ကို မနှစ်သက်ခဲ့ပေမယ့် မိဘတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒလေးကို ဖြည့်ဆည်းလိုက်ချင်ဟာလည်း ကျွန်တော်နဲ့ သက်လေးတို့ တွေ့ဆုံမှုကို ဖန်တီပေးလိုက်ခြင်းပါဘဲ။ နှစ်ဦးသား ဖောင်ကြီးသင်တန်း ၄လ တက်ရာကနေ အတိုချုံးလေးပြောရရင်တော့သက်လေးကို မရအရပိုးလိုက်မိပါတယ်။


ကျွန်တော့်စိတ်ထဲမှာ အချစ်ဆိုသော စိတ်ဓါတ်ပြင်းပြမှုကြောင့်သာလျှင် လိုက်ခဲ့ရပေမယ့် သက်လေးနဲ့ ကျွန်တော်က တကယ်ကိုမလိုက်ဖက်မှန်းသိသာပါတယ်။ သက်လေး က အရပ်မြင့်မြင့်လေးနဲ့ ဆံပင်ရှည်ရှည် တကောက်ကွေးထိနက်မှောင်ကျော့ဆင်းနေပြီး မျက်နှာလေးက ချော၇ုံသာမက အပြုံးချိုချိုလေးနှင့် ပါးခြိုင့်လှလှလေးနှစ်ဖက်ကြောင့် ကာလသားတို့ကြားမှာ သက်လေးက နာမည်ကြီးပေါ့ဗျ။ သမီးအငယ်ဆုံးလေး ၊ ချမ်းသာပြည့်စုံသော မိသားစုတွေကြားမှာအထွေးဆုံးသမီးလေးမို့ မိသားစုတွေဖူးဖူးမှုတ်လောက်အောင် ချစ်ခင်မှုကိုခံရတဲ့ ရွှေမင်းသမီးလေးပါ။ ဘယ်လောက်တောင်လှသလဲဆို ချစ်သူဖြစ်သွားမှာ ပြက္ခဒိန်မှာ သူမပုံလေးပါလာတဲ့အထိ ကိုယ့်ချစ်သူလေးကလှတာပါ။


ကျွန်တော်ကကော ၇ုပ်ရည်ကအချောထဲကမဟုတ်တဲ့အပြင် မျက်နှာမှာက ၀က်ခြံဗရပစ်နှင့် အချောစားထဲကမဟုတ်သလို မိသားစုကလည်း ချစ်သူလေးလောက်မပြည့်စုံပါ။ သူများကိုစနေတာကများတာကြောင့် လူသိများတာတော့အမှန်ပါ။ သက်လေးကတော့ ဘယ်တော့မေးမေး `ချစ်ခြင်လို့ ချစ်တာပေါ့မောင်ရယ် သက်လေးစိတ်ထဲကကိုချစ်တာ ဘယ်တတ်နိုင်မလဲ။ ချစ်တာက ရုပ်ချောတာ။ ဆင်းရဲ၊ ချမ်းသာတာနဲ့ မဆိုင်ပါဘူး။ သက်လေးတို့ သစ္စာရှိရှိ နားလည်မှုတွေနဲ့ ဘ၀တသက်တာလက်တွဲနိုင်ဖို့က အဓိကပါမောင်ရယ်။ မောင်ဘယ်ဘ၀ရောက်ရောက် သက်လေးလည်း ဘာဖြစ်နေနေ သက်လေးတို့ နားလည်မှုတွေနဲ့ အသက်ဆက်ရှင်သန်ရင်း ဘ၀ကိုရင်ဆိုင်နိုင်ဖို့ကသာ အဓိကပါမောင်ရယ်။´


ကျွန်တော်က `သက်လေး အကယ်လို့ မောင့်အလုပ်ကိစ္စနဲ့ တစ်ရပ်တဝေးသွားနေရရင်ကော သက်လေး မောင်နောက်ကို လိုက်နိုင်ပါ့မလား ။ အခုသက်လေးနေသလို မောင်မထားနိုင်ပေမယ့် မောင်သက်လေးကို ပျော်ရွှင်အောင်ထားမှာပါကွာ။ မောင့်နောက်ကို လိုက်ရဲရဲ့လားကွာ။ မောင်လေး အမြဲဘဲစိတ်ပူနေရတယ်ကွာ သိလား သက်လေးရာ။ အထူးသဖြင့် သက်လေးတို့ မိဘတွေက သဘောမတူမှာကို စိုးမိတာပါကွယ်……။´

ကျွန်တော်အဲ့လိုပြောလိုက်တိုင်း သက်လေးက ` အော် …… ဒီမောင်တစ်ယောက်တော့ ခက်နေပါပြီ။ သက်လေး ကုန်ကုန်ပြောမယ်နော် ဘယ်လိုအခြေအနေဖြစ်ဖြစ် မောင့်နောက်ကို က်လေးလိုက်နေမှာနော်။ ပြီးမှ ကောင်မလေးရှုပ်လိုက်တာကွာဆိုပြီးသာ မောင် .... မောင်းမထုတ်နဲ့။ သက်လေးက .... သက်လေးမိဘတွေကို ရအောင်ပြောမှာပါ။ သက်လေးအိမ်ကလည်းသက်လေး သဘောပါနော်။ ဟွန်း …… နောက်တော့မှ ဒီ မိချုခြာလေးကို ဘာလို့ ချစ်ခဲ့ရပါလိမ့်လို့ စိတ်ပျက်မသွားနဲ့နော် …. နော်မောင် ။´


`ဟ…..ဟ ဒီအပြောလေးတွေကြောင့် ဒီကကောင် ဒီကောင်မလေးကို ကြွေပြီးရင်း ကြွေနေတာဖြစ်မှာပါကွာ။ မောင်တို့ချစ်တာ တစ်သက်တာ ထာဝရပါချစ်လေးရာ။ ဘယ်အရာမှ စိတ်မပျက်သွားဘူး။ အချစ်တွေလည်း မလျှော့သွားဘူးနော် ။ ဒီကကောင်ကို စိတ်သာချ။ ဒီကကောင်ကသာ မင်းလေးကို စိတ်မချဖြစ်နေရတာသိလား။ ရည်းစားရှိမှန်းသိသိကြီးနဲ့ ပိုးလိုက်ကြတာ စိတ်ကို မချဘူး သိလား။ ´

`ဟင်း မောင်ကလည်း သက်တို့ အတူနေရအောင်ကြိုးစားမှာပေါ့။ သက်လေးကို စိတ်ချနော်။ သက်က မောင်မှ မောင်ဘဲသိလား´


ဒီလိုနဲ့ ပဲ ကျွန်တော်တို့ ချစ်သက်တမ်း ၃နှစ်သို့ တိုင်လာခဲ့ပါတယ်။ `အော် ….. မိုးတောင်လင်းလာပြီးဘဲ ။ ´ ကားပြတင်းမှ အလင်းလေးများမျက်စိအတွင်း ၀င်ရောက်လာမှ သတိတရနှင့် အပြင်ဘက်သို့ ကြည့်လိုက်မိတယ်။ ရန်ကုန်တောင် ၀င်လာပါရောလား။ အိမ်ကို အရင်ဝင်ပြီး အထုပ်အပိုးချပြီးမှ ချစ်သူလေး ရှိရာဆေးရုံလေးကိုသွားတော့မယ်ကွာ။ ချစ်သူလေး နိုးချိန်လောက်မှ ကိုယ့်မျက်နှာလေးကို မြင်နိုင်အောင်လို့ပေါ့။´


ချစ်သူလေးနဲ့ အတူရှိနေပြီး ချစ်သူသက်လေး ဆန္ဒကို မေးပြီး ဟိုတယ်မှာ ရက်ချိန်းသွားယူရတော့မယ်။ `ဟုတ်တယ် …ကျွန်တော် တစ်ယောက်ထဲဘဲ သွားလုပ်လိုက်တော့မယ်။´ ချစ်သူလေးနှင့် ကိုယ့်အတွက်ကတော့ ဟိုးတစ်ပတ်က မင်္ဂလာပွဲဝတ်ဖို့ အ၀တ်စားတွေ အပ်ထားပြီးပြီလေ။ ဖိတ်စာကိုလည်း ဒီတပတ်မှာအပ်ရတော့မယ်လေ။ တလခွဲဆိုတဲ့ အချိန်လေးက သိပ်မကြာတော့ဘူး။ နေဖို့အိမ်လေးမှာ ပစည်းတွေ ၀ယ်ထဲ့ဖို့ ဟိုးတစ်ပတ်တိုင်ပင်ထားကြပြီးသားဆိုတော့ ကျွန်တော်ဘဲ လုပ်လိုက်ပြီး ချစ်သူလေးကို အနားပေးထားပြီး ညနေစောင်းမှ ချစ်သူလေးကို ဘာတွေလုပ်ပြီးကြောင်းပြောပြလိုက်တော့မယ်။


`အင်း ပြောရင်းဆိုရင်းနဲ့ ဂိတ်တောင်ဝင်လာပြီရော…။ ဟင် အိမ်ကလာကြိုနေပါလား။ မနက်အစောကြီးဆိုတော့ အဖေတော့ မအိပ်ဘဲလာကြိုနေပါလား။ အော် ….အမေကော ပါလာတယ်´ လို့ စိတ်ထဲကပြောနေမိတယ်။ `အဖေကလည်း သားဟာသား ပြန်လာမယ်ပြောထားတာကို မနက်အစောကြီးဘာလို့ ကြိုရတာလဲ အဖေတို့အိပ်ရေးပျက်တော့မှာဘဲနော်´ ကျွန်တော် အပြောမှာ `ရပါတယ်သားရယ်ားပစ္စည်းတွေအကုန်ဘဲဆိုသွားရအောင်လေ။ သက်လေးအိမ်က ဖုံးခေါ်တယ် သားကို ခေါ်ပြီး အခုချက်ခြင်းလာခဲ့ပါတဲ့။ ဒါကြောင့်ဖေဖေတို့ အခုဆေးရုံကိုတန်းသွားရမယ်သား။ ကောင်မလေး အခြေအနေတော်တော်ဆိုးနေပြီ ထင်တယ်။ ´


`ဟင် သက်လေး တော်တော်ဖြစ်နေတားလားဖေနဲ့မေရယ်။ ဟိုတစ်ပတ်ကတောင် သားတို့ လျှောက်လည်ကြသေးတယ်လေ။ သူနေမကောင်းလို့ ခွင့်ယူထားပေမယ့် ဟိုးတစ်ပတ်ကတောင် သားတို့ အိမ်ကိုလိုက်လာသေးတော့ အကောင်းကြီးလေ ဖေဖေရယ်။´


`စိတ်အေးအေးထားပါ သားရယ်။ အခုတို့သွားနေပြီဘဲကွာ။ မင်းတွေ့ရတော့မှာဘဲလေ´လို့ ပြောအပြီး တိတ်တဆိတ် လိုက်ပါလာကြပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ မီးဟုန်းဟုန်းတောက်လို့ နေပါပြီ။ `သက်လေး တစ်ယောက်ကျန်းမာနေကောင်းပါစေ။ ဝေဒနာတွေ မခံစားရစေပါနဲ့ နှလုံးဝေဒနာတွေနဲ့ ၀ဋ်ကြွေးတွေရှိရင်ကုန်ပါစေတော့ကွာ။´ လို့ ဆုတွေတောင်းနေရင်း ဆေးရုံသို့ရောက်လာခဲ့ပါတယ်။


`ဖေဖေ ဘယ်အထပ်လဲ´

`သား ၂ ထပ် အခန်း က …… ဓါတ်လှေကားက ဟိုမှာသား ´

ဓါတ်လှေကားထဲရောက်နေပေမယ့် အချိန်တွေက ကြာလိုက်တာနော် လို့ ထင်လိုက်ပါတယ်။ အခန်းတံခါးကို စွဲအဖွင့် အိပ်ယာထက်လဲနေမယ့် ချစ်သူလေးကို အားပေးစကားတွေပြောဖို့ စဉ်းစားလာရင်း အခန်းတံခါးကို အဖွင့် မျက်ရည်တွေနဲ့ ၀ိုင်းကြည့်နေတဲ့ သူမလေး မိသားစုတွေဆီကို အပြေးလှမ်းပြီး အကြည့် `ဟင် ချစ်သူလေး အိပ်နေပါလား။ အသဲအသန်ဖြစ်နေတယ်ဆို ဘယ်ကသာလဲ။ အင်းအိပ်နေလဲ လှနေပါလား သက်လေးရာ….´ လို့ အတွေးမဆုံးခင် ` သား … သူ မင်းကို မစောင့်နိုင်တော့ဘူးကွာ။ သူမျှော်နေရှာပါသေးတယ်။ ခုဏကလေးတင်မှ သားရယ်…………. သမီးလေး အားလုံးကို စွန့်ပြီး အပြီးထွက်ခွါသွားပြီသားရယ်´


`ဗျာ …. ဘာရယ်´ `သား … သမီးလေးဆုံးပြီ´ လို့ သူမအဖေက မျက်ရည်တွေအပြည့်နဲ့ ပြောရင်းဆက်လက် ငိုရှိုက်နေလို့သာ။။။။ ကျွန်တော် မယုံကြည်နိုင်စွာနဲ့ သူမလက်ကလေးကို အကိုင် `ဟင် လက်ကနွေးနေပါတယ်။ သက်လေးပြုံးနေတာဘဲ။ သေတာမဖြစ်နိုင်ပါဘူး.´ ` ဆရာဝန်တွေစစ်ပြီးပြီသား ။မော်ကျူရီပိုဖို့ သားလေးကိုစောင့်ပေးနေတာပါ။ မင်းလက်မခံမှာ စိုးလို့ပါ´ လို့ထပ်အပြော သူမလေးရဲ့ မိသားစုတွေရဲ့ ငိုရှိုက်သံက ထွက်လို့လာမှ ကျွန်တော်လည်း သူမလက်ကလေး ကို စုပ်ကိုင်မှုကနေ တဖြည်းဖြည်းအေးစက်လာတဲ့ အတွေးလေးကိုခံစားမိရင်း သူမနဖူးလေးကို တရှိုက်မက်မက်လေး နမ်းရင်း မျက်ရည်တွှေ ပိုးပိုးပေါက်ပေါက်ကျလာရင်း အသိတွေဟာ လေဟာနဲထဲသို့ ရောက်နေသလို ခံစားလိုက်ရပါတော့တယ်။ ဟုတ်တယ် သက်လေးနဲ့ ကိုယ် အတူလက်တွဲပြီး ပျော်ရွှင်နေတာဘဲ ဘယ်မှာ သက်လေးသေဆုံးလို့လဲ????????


`သား ….. သမီးလေး လက်ကို လွှတ်လိုက်ပါတော့ကွယ်။ မင်း နောက်ဆုံးနှုတ်ဆက်လိုက်ပါအုံး´ လို့ ဖေဖေသတိပေးလာတော့မှဘဲ `လူတွေဝိုင်းအုံးနေတဲ့ကြားမှာ စေ့စပ်တဲ့နေက ချစ်သူလေး ၀တ်ထားတဲ့ အ၀တ်လေးနဲ့ လှနေလိုက်တာ။ မင်း ရဲ့ ကိုယ်ခန္ဓာသာ ဒီလောကကြီးထဲက ထွက်ခွါသွားခဲ့တာပါ ချစ်သူလေးရယ်။ မောင့်ရင်ထဲမှာတော့ ဒီဘ၀ တစ်သက်တာမှာ ချစ်သူလေရှိနေအုံးမှာ…..။ ဟုတ်တယ် မောင်မငိုဘူး ….. သက်လေးရာ …. မင်းရဲ့ ၀ဋ်ဥဉ်လေးက တစ်နေရာရာကနေ မောင့်ကို ကြည့်နေအုံးမယ်ဆိုတာ မောင်သိနေ၊ ခံစားနေရတယ်။ မောင်မငိုဘူး ….. သက်လေးဟာ မောင့်အနားမှာ ဆက်လက်ရှင်သန်နေအုံးမယ်ဆိုတာမောင်သိနေတယ်ကွာ´ လို့ ပြောအပြီး သက်လေးရဲ့ နဖူးပြင်လေးကို နမ်း၇ှိုက်လိုက်ကာ အပြုံးချိုချိုလေးနဲ့ မောင်သက်လေးကို ကြည့်နေရင်း သက်လေးကို ခေါင်းတလားကဖုံးအုပ်လိုက်ပါတော့တယ်။


`သက်လေး ကောင်းရာသုဂတိလားပါစေ သက်လေးရာ။ မောင်တို့ နောင်ဘ၀ဆိုတာ ရှိသေးရင်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ဘဲ အတူတူလက်တွဲသွားကြမယ်ဆိုတာ မောင်ယုံကြည်စွာနဲ့ ဆုတောင်းနေမိတယ်သက်လေးရယ်။´


( `ချစ်သူတိုင်း ပေါင်းဖက်နိုင်ပါစေရန်ဆုတောင်းရင်း။ ညီမငယ်လေး တစ်ယောက်ကောင်းရာသုဂတိလားပါစေ။ ညီလေးတစ်ယောက်လဲ ………. ´ ဆုတောင်းပေးလိုက်ပါတယ်။)

0 comments:

Search This Blog

Blog Archive

Visitor

-