"ဟူး "
တစ်နေ့လုံးမတော့
လူပီသစွာ ရပ်တည်မှုတွက်
နွားလိုရုန်းခဲ့ရကာ အားကုန်လုပြီမို့
စိတ်ပန်းလူပန်း နှစ်ဖြာမလန်းကာ
တွက်ကြွမဲ့စွာ အိမ်ပြန်လှမ်းလည်း
လွမ်းလှပါတယ် မွေးရပ်မြေရယ်
တစ်ခါတစ်ခေါက်တောင်
ခြေများမလှမ်းနိုင်ပြီမို့
အလွမ်းကို အားသစ်သဖွယ်မွေးရင်း
မဝေးတော့သော ရောက်ခြည်သစ်ဆီသို့
ဦးတည်ကာ လျှောက်လှမ်းရင်းဖြင့်
မိသားစုပြန်စုံမယ့်အရေး
ဖြေသိမ့်ကာ ဖေးကူတွေးရင်း
ဒုက္ခ မုန်တိုင်းများအား
ဖြတ်ကျော်ကြမယ်ဟေ့။ ။
0 comments:
Post a Comment