Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

တစ်ခါက သားအဖနှစ်ယောက်ဟာ ခရီးတစ်ခုကိုထွက်လာရင်း မြစ်ကျယ်တစ်ခုပေါ်က
တံတားအသေးလေးတစ်ခုကို ဖြတ်ကျော်ဖို့ အလုပ်မှာ...... အဖေလုပ်သူက ၅ နှစ် အရွယ်သမီးလေးအတွက် စိုးရိမ်ပူပန်တာကြောင့် သမီးငယ်အား ` သမီးလေး.......ဖေဖေ့လက်ကို တင်းတင်းစုပ်ထားပြီး ကူးမယ်နော်။ ဒါဆို သမီး ပြုတ်ကျတော့မှာ မဟုတ်ဘူးလေ´ လို့ ပြောလိုက်သတဲ့။ ထိုအခါ သမီးလေးက `မဟုတ်သေးပါဘူးဖေဖေရာ။ ဖေဖေကသာ သမီးလက်ကိုစုပ်ကိုင်ထားရမှာပါ´ လို့ ဖြေတော့ အဖေလုပ်သူလည်း သမီးဖြစ်သူအပြောကြောင့် စိတ်ရှုပ်ထွေးသွားပြီး `ဘာကွာခြားလို့လည်း သမီးရယ်´ လို့ ပြန်မေးလိုက်သတဲ့။

ဒီတော့ သမီးလုပ်သူက ` အရမ်းကွာခြားတာပေါ့ ဖေဖေရာ။ ဖေဖေ စဉ်းစားကြည့်လေ..........သမီးသာ ဖေဖေလက်ကို ကိုင်ထားမယ်ဆို သမီးတစ်ခုခုဖြစ်ခဲ့မယ်ဆို၊ သမီးကိုင်ထားတဲ့ လက်က လွတ်သွားဖို့ အခွင့်အရေးပိုများတယ်ဖေဖေရယ် ။ ´ `ဒါမယ့် ဖေဖေသာ သမီးလက်ကို ကိုင်ထားမယ်ဆိုရင်ဖြင့် သမီးသေသေချာချာ သိနေတာကတော့ သမီးတို့ ဘာပဲဖြစ်ဖြစ် ဖေဖေက သမီးလက်ကို ဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး ဆိုတာကိုပါဘဲ ဖေဖေ။´

( တွဲသောလက်များတိုင်းမှာ ကွဲပြားသော အဓိပ္ပါယ်များစွာရှိနေပေမယ့်....... ပေးဆပ်သူတို့ရဲ့ မေတ္တာနှင့် စုပ်ကိုင်ထားသော လက်တစ်စုံသည် သင့်အား မည်သည့်ဘ၀လမ်းကြမ်း အန္တရယ်၊ အခက်အခဲကို ကျော်ဖြတ်ပါစေ ဘယ်သောအခါမှ စွန့်ခွါခြင်းဆိုသော စကားကို ယောင်ယမ်းတမ်းတကာ လုပ်မည်မဟုတ်တာကတော့ အသေအချာပါ၊ လူတိုင်း ပေးဆပ်သောမေတ္တာများဖြစ် တွဲလက်များ မြဲနိုင်ပါစေသား........။ ။)

[ သူငယ်ချင်းတစ်ယောက်ပေးပို့သော forward mail ထဲက English story လေးကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ ]

0 comments:

Search This Blog

Blog Archive

Visitor

-