ဘ၀ဆိုတာ...........
နောင်တတွေ ကြားမှ နိုးထဖို့ဆိုတဲ့ အခွင့်အရေးလေး ပေးဖို့အတွက်တောင်မှ
တိုတောင်းလွန်းလှပါတယ်။
တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ
သင့်ဘ၀အတွက်.....
မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ပေးခဲ့သူတွေကို
မေတ္တာတရားတွေ ပြန်ဝေမျှရင်း၊
သင့်ဘ၀အတွက်.....
အနာတရတွေနှင့် ဒဏ်ဖြစ်စေခဲ့သူတွေကိုအား
မေတ္တာတွေနဲ့ ပေးဆပ်လိုက်ရင်း...
ခွင့်လွှတ်လိုက်ခြင်းသည်သာ
ဘ၀ ရဲ့ စစ်မှန်တဲ့ အနှစ်သာရလေးပါ။ ။
0 comments:
Post a Comment