Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


`အကို၊ အကို ညီမလေးကိုကူညီပေးပါအုံးး။ ညီမလေးတောင်ဥက္ကလာကို ပြန်မလို့ ။ အဲဒါ မပြန်တတ်လို့ ဘယ်ကားစီးရမလဲဟင်´ လို့ ဘေးက မွန်မွန်ရည်ရည် လူကြီးတစ်ယောက်ကို မေးလိုက်ပါတယ်။ ဒီနေ့ အိမ်ကကားကလည်း မလာတာကြောင့် အိမ်ကိုတော့ တက္ကစီနဲ့ပြန်ခဲ့မယ်ပြောပြီး ကိုယ်လိုချင်တဲ့ ပစည်းလေးဝယ်လိုက်တာကြောင့် အပြန်စရိတ်မလောက်လို့ ဘတ်စ်ကားဂိတ်ဖက် လျှောက်လာခဲ့မိတယ်။ ဘတ်စ်ကားဂိတ်မှာ အတန်ကြာ ရပ်နေသည့်တိုင်အောင်ဘယ်ကားကိုစီးရမှန်းမသိတာကြောင့် ဘေးကလူကို အကူအညီတောင်းလိုက်မိတယ်။

သူကလည်း `တောင်ဥက္ကလာဘယ်နေရာကို ပြန်မှာလဲ။ အကိုနေတာက မြင်သာဘက်မှာလေး ညီမလေး´။ `ဟယ်….တကယ် တိုက်ဆိုင်လိုက်တာနော် ညီမလေးနေတာက မြင်သာ ……..အခြမ်းမှာလေ အကိုရဲ့။´ လို့ စပ်မိလိုက်တဲ့စကားကြောင့် ကားအတူတူစီးမယ့်သူကိုရှာလို့ တွေ့လိုက်ရပြီ။ ကားပေါ်ရောက်တော့လည်း ကားက ရုံးဆင်းချိန်ဆိုတော့ ကျပ်လို့နေတာကြောင့် မေလေးလည်း မသိမသာလေး သူ့ရင်ခွင်ထဲရောက်ရှိလို့သွားပါလေရော။ ထိုနောက်အပြန်လမ်းတစ်လျှောက်လုံးမှာတော့ ကိုယ့်အကြောင်းသူ့အကြောင်းတွေပြောရင်း နှစ်ဦးသားမိတ်ဆွေတွေဖြစ်သွားကြတယ်ရှင်။

အဲ့နေ့မှာတော့ သူဟာ ကျမကို အိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့ပါတယ်။ နောက်နေ့တွေမှာလည်း သူဟာ မေလေးအတွက် အစ်ကိုတစ်ယောက်လို မေလေတက်သမျှ သင်တန်းတွေမှာ မကြာခဏဆိုသလို လာလာစောင့်ကြိုရင်း သူ့အကြောင်းပြောလိုက်၊ မေလေးအကြောင်းပြောလိုက်နဲ့ ခင်မင်မှုတွေတိုးလို့သာ လာပါတော့တယ်။

စကားမဆပ်ဆိုသလို မေလေးလေ….. သူအကြောင်းလေး ပြောပြလိုက်မယ်နော် ၊ ကြွားတယ်လို့ မထင်စေချင်ပါဘူး။ သူဆိုတဲ့သူက မေလေးထက် အသက်၁၀နှစ်ကျော်ကြီးပြီး ကျောင်းပါ ပြီးထားသူတစ်ယောက်ပါ။ မိသားစုတွေထဲမှာတော့ အငယ်ဆုံးသားပေါ့ရှင်။ မိဘတွေက မေလေးလိုပြည့်စုံသူတွေ ဖြစ်တာကြောင့် အလိုလိုက်ထားကာ မိန်းခလေးတော်တော်များများနဲ့ တွဲနေသူတစ်ယောက်ပါ။ မေလေးကကော ဘာထူးလို့လဲ၊ ဆယ်တန်းပြီးခါစ သင်တန်းတွေလျှောက်တက်ပြီး ရည်းစာမှိုလိုပေါက်အောင်ထားနေသူပါ။ မေလေးက သူ့ကို ကိုကြီးလို့ခေါ်ပြီး သူကလည်းမေလေးကို ငယ်လေးလို့ခေါ်ပါတယ်။ သူကောင်မလေးတွေ ဖြတ်ချင်ရင် မေလေးကို သူ့ရည်းစားအသစ်ဆိုပြိး ခေါ်ပြတယ်လေ။ မေလေးကကော ဘာထူးလို့လဲ ကောင်လေးတွေရှုပ်သမျှကို ကိုကြီးကဘဲ ဒိုင်ခံဖြေ၇ှင်းပေးခဲ့၇တယ်လေ။

မေလေးနဲ့ အကိုကြီးတို့ ကြားမှာနားလည်မှုတွေ တိုးလို့သာလာပါတယ်။ အများအမြင်မှာတော့ သိပ်မကြာခင်မှာတော့ ချစ်သူတွေဖြစ်လာတော့မယ်ပေါ့။ လူတွေတွေးတာဟာ တစ်ခါတစ်ရံမှာ မှန်တတ်တယ်ဆိုတာ တချိန်မှာတော့ သိလာရပါတယ်။ တကယ်ပဲ ကိုကြီးနဲ့ မေလေးတို့ ချစ်သူတွေ ဖြစ်လာခဲ့တယ်။ ချစ်သူတွေ ဖြစ်လာသည့်တိုင်အောင် သူကလညှ်းရှုပ်တုန်း ၊မေလေးကလည်း အားကျမခံ လိုက်ရှုပ်တာပေါ့။

အော်…..ဒီမှာတင် ယောကျာ်းတွေ အကြောင်းကိုသိလို့လာပါတယ်။ သူကသာ ရှုပ်တယ် မေလေး၇ှုပ်သမျှကို လိုက်လန်အပြစ်တင်ကာ တစ်ကြိမ်မှာတော့ လက်တောင်ပါတော့ မတတ်ပါဘဲ။ တကယ်တမ်း မေလေး၇ှုပ်လား ကိုယ့်ကိုယ်ကိုယ်မေးကြည့်တော့ တကယ်တမ်း မရှုပ်ခဲ့ပါဘူး။ ကျောင်းမှာ သူငယ်ချင်းယောကျာ်းလေးထားတာပါ။ အားလုံးက ဖြူဖြူစင်စင် မေလေးကိုချစ်ကြတာပါ။ ခင်ခင်မင်မင် တွဲသွားတာကို သူကမနာလိုဖြစ်ကာ မေလေးကို လက်ပါတဲ့ အဆင့်ထိဖြစ်လာတယ်။ အော်….အရင်ကလည်းမေလေးက ရှုပ်ခဲ့တဲ့ အပြစ်တွေလည်းပါမှာပေါ့နော်။ နောက်တော့ မေလေးကို ကိုကြီးက အကြောင်းစုံသိပြီးလာတောင်းပန်တော့ မေလေးလည်းပြန်လည်လက်ခံမိတယ်။

ဒါပေမယ့် ရင်ထဲမှာတော့ ဒဏ်ရာရခဲ့တယ်ဆိုတာ မေလေးကော၊ ကိုကြီးပါသိခဲ့ပါတယ်။ ကိုကြီးကကော မေလေးကိုစိတ်ချပါလို့သာပြောနေတယ် ကောင်မလေးတွေနဲ့ တွဲနေတုန်းပါ။ မေလေးသူ့ကို ချစ်တဲ့စိတ်တွေနဲ့ ခွင့်လွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ မေလေးနဲ့ ကိုကြီးချစ်သူဖြစ်ပြီး ၃ နှစ်အကြာမှာတော့ မေလေးမိဘတွေက ရေခြားမြေခြား အလုပ်တစ်ခုသွားရောက်လုပ်ကိုင်ခွင့် ပေါလာလေတော့ မေလေးကိုလည်း သူတို့နှင့် အတူ လိုက်ပါဖို့ တစ်ပါတည်း ခေါ်ဆောင်လာခြင်းဟာ ချစ်တဲ့ကိုကြီးနဲ့ ခွဲရဖို့ဖန်လာတဲ့ အကြောင်းဖြစ်လာခဲ့ပါတယ်။

မလာခင်ကတည်းကတော့ ချစ်တဲ့ကိုကြီးကိုမှာခဲ့တယ် မေလေးကိုချစ်ရင် အတူနေဖို့ ကြိုးစားပါ။ မေလေးကိုနားလည်ပေးပါလို့ပါ။ ကိုကြီးကတော့ ပြုံးပြီး `အင်းပါ မေလေးရယ်၊ ကိုကြီး ကြိုးစားမှာပေါ့တဲ့လေ။´ `ကိုကြီးဟာ အသက် ၃၀ နီးနေပါပြီ မေလေးကို ချစ်တယ်ဆို ကိုကြီး နီးအောင်လို့ အလုပ်လုပ်ပါတော့နော်´လို့ မှာနေတာလည်း အာပေါက်မတတ်ပါဘဲ။ ချစ်သူတွေဖြစ်ပြီဆိုကတည်းပါ။

ချစ်သူတွေဖြစ်ကြတယ်ဆိုကတည်းက နှစ်ယောက်ဘ၀ထူထောင်နိုင်အောင် ကြိုးစားကြရမယ်ဆိုတာ မေလေးကသိနေပါတယ်။ ကိုကြီးကိုလည်းသိစေချင်တယ်လေ။ သူကတော့ သူ့အပေါ်သစ္စာရှိဖို့ အတန်တန်မှာတာပေါ့။ သူမသိနိုင်တာတစ်ခုက မေလေးလေ သူ့ကိုချစ်မိကတည်းက ဘယ်သူ့အပေါ်မှာကို ချစ်လို့မရတော့ဘူးဆိုတာကိုပါဘဲ။ အတိတ်ဆိုတဲ့ အရိပ်မဲဟာ အစဉ်လိုက်လာတတ်တာကိုလည်း မေလေးအခုတော့ သိပြီလေ။ ဒါကြောင့် ကြိုးစားပြီးအနေအထိုင်တွေ ဆင်ချင်တာဟာ ကိုကြီးအတွက်တင်မဟုတ်ပါဘူး ၊ မေလေးလေ ကိုယ့်ကိုယ်ကိုယ်သိလာကာထိန်းသိမ်းချင်လာတာပါလေ။ အခုလို ရေမြေခြားမှာ မိန်းခလေးတစ်ယောက်ရဲ့ ထိန်းသိမ်းနိုင်မှုစွမ်းအားဟာ အရေးကြီးဆုံးဘဲဆိုတာကို သိမြင်လာခဲ့တယ်။ ကိုကြီးကိုလည်းသိစေချင်ပါတယ် မေလေး ဘယ်လောက်တောင်မိန်းခလေး ပီသလာပြီလည်းဆိုတာကိုပါ။


ကိုကြီးကို ပြောဖို့ ပြင်နေတုန်း စာမေးပွဲကနီးလာတာကြောင့် သူ့ကိုတောင် ချက်တင်မလုပ်တော့ဘဲ စာကိုဘဲကြိုးစားနေတာကို သူ့ ကလေ မေလေးကိုစိတ်ဆိုးပါလေရော။ နောက်တစ်နေ့မှာ သူနဲ့ ကောင်မလေးတွေပုံတွေကို friendster မှာ တင်ထားလိုက်တယ်လေ။ မေလေးလည်း လူဘဲဟာကို စိတ်တိုမိတာပေါ့။ နောက်ပိုင်းမှာ ရန်ကုန်က မေလေးသူငယ်ချင်းတွေက ပြောကြတယ် သူကောင်မလေးတွေနဲ့ ရှုပ်နေတယ်ဆိုတာ ကိုပါဘဲလေ။ မေလေးနာခဲ့ရပေါင်းများနေပြီ ကိုကြီးရေ…..။ မေလေးလေ ကိုယ့်ကိုယ်ကိုယ်ထိန်းနေတုန်းပါ။


အခုတော့လည်း သူ့ဆီက ချော့မော့တဲ့ စာလေးတွေ မေလေးကို နေတိုင်းမှန်မှန်ရောက်လို့နေပါတယ်။ မေလေးလေ တစ်ခုဘဲ ဆုတောင်းနေပါတယ်။ အခုလို ချော့လိုက်၊ ပြန်တည့်လိုက်မယ့်အစား နားလည်မှုတွေနဲ့ အတူတူကြိုးစားကာ ဘ၀အိမ်လေးတစ်ခုတည်ထောင်ချင်တယ် ဆိုတဲ့ သူ့ဆီက ကတိစကားလေးပါ။ ကိုကြီးလေ မေလေးအတွက် ဘာတွေလုပ်နေပြီလို့ ပြောသံလေးပါရှင်။ တကယ်တမ်းကတော့ ကိုကြီးကို ကြိုးစားခိုင်းတာဟာ မေလေးအတွက်တော့ အဓိကမဟုတ်ပါဘူး။ ချစ်တဲ့ကိုကြီးတစ်ယောက် လူတွေကြားထဲ မျက်နှာမငယ်ရအောင်ပါ။ ကိုကြီးမသိအောင် ဆုတောင်းပေးနေပြီ မေလေးလိုချင်တဲ့ ချော့မော့တဲ့ စကားသံတွေအစား မေလေးကြားချင်တဲ့ စကားလေးပြောလာမယ့်နေ့ကို မေလေး သစ္စာရှိရှိနဲ့ စောင့်နေတယ်ဆိုတာ ကိုကြီးတစ်ယောက်များသိရင်…….။ မေလေးအတွက် အဓိပ္ပါယ်ရှိသော နေ့ရက်များရောက်လာလေမလားလို့ စောင့်စားမျော်လင့်နေတာကို ကိုကြီး မြင်သိနိုင်ပါစေလေ။ ချစ်တဲ့ကိုကြီး အတွက် မေလေးရဲ့ မနက်ဖြန်များစွာကနေ စောင့်စားနေရင်း……………………… မျှော်လင့်နေသူလေးပါ ကိုကြီးရယ်။ ဒါပေမယ့်......ကိုကြီးရယ် အချိန်ဆိုတာ မေလေးအတွက်မကြည့်ရင်တောင်မှ မေလေးအသိုင်းအ၀ိုင်းက လက်ခံပြီးစောင့်နေနိုင်မှာမဟုတ်နိုင်တာ ကို ကိုကြီးတစ်ယောက်သိလိမ့်မယ်ဆိုရင်ဖြင့်..................မေလေးတို့မိန်းခလေးဘ၀ကို အမြန်ဆုံးနားလည်ပေးနိုင်ပါစေ ကိုကြီးရယ် ။ ။

1 comments:

မေလေး ကံကောင်းပါစေ။

Search This Blog

Blog Archive

Visitor

-