Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


ခြင်ထောင်ထဲကို လှန်ပြီးအ၀င် ခွေးပေါက်ကလေးတွေလိုလုံးထွေးပြီးအိပ်နေတဲ့ ကလေးငယ်လေးတွေကို ကြည့်ရင်း ကျမရင်ထဲစို့လာမိပါတယ်။ ကျမအသက်နှစ်ဆယ်ကျော်အ၇ွယ် အရွယ်ကောင်းတုန်းမှာ ချစ်တဲ့သူက စိမ်းကားစွားထားရစ်ခဲ့ပြီလေ။ ကျမရှေ့ဆက်ဘာလုပ်ရမလဲကွယ် ဒီလူမမယ်ကလေးတွေနဲ့။ လောကကြီးရယ် ကျမဘာများမှားခဲ့လို့လဲဟင်။ ဘာများ မကောင်းတာ လုပ်ခဲ့မိလို့လဲ။ အတိတ်က အကြွေးများ ရှိခဲ့လေလို့လားဟင်။ ချစ်တဲ့သူက ချစ်ခဲ့ပြီးမှ အခုလို စွန့်ခွါချိန်မှာလဲ သူရုတ်တရက်ထွက်ခွါသွားရစ်တယ်။

အိပ်မယ်ဆိုတဲ့အသိနဲ့ ၀င်ခဲ့တဲ့အိပ်ယာထက်က ကလေးငယ်လေးတွေကို ကြည့်ပြီး `အော်……ခလေးတို့ရယ် နင်တို့ ဘ၀ဟာ ဘာအပူအပင်မှ မရှိပါလားနော်။ ခလေးတို့ကို စွန့်သွားတဲ့ ဖေဖေကို မေမေလေ ဘယ်လိုအပြစ်တင်ရမလဲ။ ´ အိပ်တုန်းကတော့ သီးခြားစီစောင်လေးတွေနဲ့ ပေးအိပ်ပေမယ့် အချိန်ကြာလာတော့ ခွေးကလေးတွေလို ကွေးကွေးလေးတွေဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက်လုံးနေတော့တာပါဘဲ။

သူတို့လေးတွေကို ကြည့်ရင်း ကျမတစ်ယောက်ထဲအားနဲ့ ဒီခလေးတွေကို လူလားမြောက်အောင် ပြုစုနိုင်ပါ့မလားစိုးတဲ့ အသိက ကျမ၇င်ကို စိုးထိတ်လို့လာပါတယ်။ ကျမလက်ထဲ ငွေဆိုတာလည်းဘာမှ မယ်မယ်ရရ မရှိ။ ကျမလုပ်တဲ့ ရုံးကလည်း လခလေး မလောက်တစ်လောက်ပါ။ အခုချိန်မှာ မည်သည့်ဆွေမျိုးတို့ကလည်း ကူမယ်ဆိုတဲ့စကား လားလားမှမဟကြပါလားနော်။ အားပေးစကားပြောဖို့နေနေသာသာ ` ဒီကောင်မ နောက်ထပ်ယူအုံးမှာပါ ´ ဆိုတဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေကြတယ်ဆိုတာ ကျမခံစားလို့ရပါတယ်။

အားငယ်စိတ်တွေ၊ စိုးစိတ်တွေပြည့်လာတော့ မျက်ရည်ဆိုတာအလိုလိုကျလာမိတာ သဘာဝပါ။

ကလေးတွေနိုးမှာဆိုးတာကြောင့် ခေါင်းအုံးလေးကိုမျက်နှာအပ်ကာ ရှိုက်ငိုမိတော့တယ်။ အချိန်အတော်ကြာအောင် ငိုပြီး ကလေးတွေကိုပြန်အကြည့်မှာတော့ ကျမတွေးမိတယ်ရှင်။ `ငါငိုနေလို့ကော၊ ငါ့လက်ရှိဘ၀က လွတ်မြောက်နိုင်ပါ့မလား။ ငါငိုနေလို့ကော သူများကလာသနားမှာလား။ ဝေးလေစွ။ သနားဖို့နေနေသာသာ ငါ့ဆီက အားနည်းချက်တွေကို ရှာတွေ့ပြီး သနားနေကြမှာဆိုတာဝေးလေစွ။ တခြားနေရာတစ်ခုမှာသာ ကျမအားနည်းချက် အတင်းတွေပြောနေမှာတော့ သေချာပါတယ်။´ ဆိုတဲ့ အတွေးတွေက တစ်ခုပြီးတစ်ခုတိုးလို့သာဝင်လာပါတယ်။ `ဟုတ်တယ်၊ ငါ့အားရှိမှ ဖြစ်မယ်။ ငိုနေလို့ ဘာမှ မဖြစ်လာဘူး။ စွန့်ခွါသွားသူကကော သူကော စွန့်ခွါချင်ပါ့မလား။ ဒီလောက်ချစ်တဲ့မိသားစုကို ဘယ်လိုလူမျိုးမှ မစွန့်ခွါချင်တာ သဘာဝပါ။´

` လူဆိုတဲ့ အမျိုးက မစွန့်ခွါနိုင်အောင်ကြိုးစားပေမယ့် သေမင်းဆိုတဲ့ အမိန့်အောက်မှာ ရုံးထွက်နိုင်သူဆိုတာ ဒီနေ့အထိမရှိသေးဘူးလေ။ အေးချမ်းရာနေရာကို သွားနေသူကို ဘာလို့များ အပြစ်တင်စောမိပါလိမ့်နော်။ သူ့လမ်းသူသွားပါစေတော့။ ငါ့အတွက် အဖော်ဆိုတဲ့ သားသမီးလေးတွေကို သူထားပေးခဲ့တာဘဲ။ ဟုတ်တယ်....... ငါလည်းသူတို့အတွက် မိဘကောင်း၊ အဖော်ကောင်းဖြစ်အောင် ရပ်တည်ပေးနိုင်၇မယ်။ မမြင်နိုင်တဲ့စွမ်းအားဆိုတာ လူတိုင်းကိုယ်စီမှာ ရှိနေကြတာဘဲ။ ဒါကို ရိုးသားကြိုးစားစွာ လုပ်ကိုင်မယ်ဆို ငါ သူတို့လေးတွေကို ထားနိုင်ပါတယ်လေ။´ ဆိုတဲ့ အားပေးစကားသံတို့က ရင်ထဲပြည့်နှက်လို့လာပါတယ်။

` ကျမလို အဖော်မဲ့ကာ မိသားစုအတွက် ကြိုးစားရပ်တည်နေကြသူတို့ တစ်ပုံကြီးပါ။ လူဆိုတာက တစ်ယောက်ထဲမွေးပြီး တစ်ယောက်ထဲရပ်တည်၇မှာ သဘာဝလေ။ ဘာလို့များ သေပြီးသူကို အပြစ်တင်လိုက်မိပါလိမ့်။ အော်……..တရားမရှိတဲ့ ငါပါလားနော်လို့´ တဖြည်းဖြည်းအသိတရားတွေ တိုးဝင်လို့လာပါတယ်။ ဒီအချိန်မှာ `မေမေ သား ရှူရှူပေါက်ချင်တယ်´ ဆိုပြီး သားလေးလက်လာကိုင်တာကြောင့် အသိတရားတို့ ဘေးဖယ်ကာ သားသားကို ရှူထွက်တည်ပြီး အိပ်ယာထက် ပြန်ဝင်လာခဲ့မိတယ်။

ဒီအချိန် အိပ်ယာထက်ဝင်လာခြင်းမှာ သားသားလက်ကလေးကို ဆွဲပြီး အားမန်အပြည့်နဲ့ပါ။ မနက်ဖြန်ဆိုတဲ့ မမြင်၇သေးတဲ့အချိန်တွေအတွက် ကျမအားတွေပြည့်ဖို့လိုပါတယ်။ စောစောကနဲ့ မတူတဲ့ အချိန်ခဏလေးအတွင်းမှာ ကျမစိတ်တို့ဟာ အားမာန်တွေပြည့်လို့နေပါပြီ။ သားသမီးဆိုတဲ့ အားက မည်သည့်အရာနဲ့မှ မတူအောင် အချိန်တိုအတွင်းအားကိုဖြစ်စေတယ် ဆိုတာ ကျမယုံကြည်လာမိပါတယ်။ သားသားကိုသိပ်ရင်း သူ့နဘေးမှာဝင်အိပ်ရင်း နွေးထွေးတဲ့မိသားစုအတွက် ကျမမေတ္တာစေတနာအပြည့်နဲ့ ကြည့်ရှုရမယ်ဆိုတဲ့ မောပန်းနေမယ့် ကျမဘ၀ရဲ့ မနက်ဖြန်ဆိုတဲ့နေ့ရက်များ၊ အခက်အခဲများစွာကို အေးမြနွေးထွေးတဲ့ မေတ္တာတွေနဲ့ဖြည့်ရင်း ကျမရဲ့မနက်ဖြန်တိုင်းဟာ အစဉ်လှပနေအုံးမယ်ဆိုတာကိုတွေးရင်း တွေးရင်း တွေးရင်း………………………….။

0 comments:

Search This Blog

Blog Archive

Visitor

-