Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

လောကမှာ အခက်ခဲဆုံးအရာတစ်ခုဟာ လူဖြစ်ရဖို့ ဖြစ်မယ်ထင်ပါတယ်။ ထိုခက်ခဲခြင်းကို လူတို့က `လူ့ပြည်ကအပ်တစ်စင်းနှင့် ဗြဟ္မာပြည်ကအပ်တစ်စင်း ထိဖို့လွယ်ပေမယ့်၊ လူရယ်လို့ ဖြစ်ဖို့က ခဲယဉ်းတယ်´ လို့ ပြောတတ်ကြပါတယ်။

ဤမျှရတောင့်ရခဲလှသော လူ့ဘ၀မှာ လူသားတို့အကြောက်ဆုံးသောအရာမှာ သေမင်းနှင့် ရင်ဆိုင်ရခြင်းပင်ဖြစ်ပါလိမ့်မယ်။ လူသားတို့သာမက သက်ရှိသတ္တ၀ါတိုင်း မည်မျှပင် စိုးစိတ်ရှိရှိ၊ သေခြင်းဆိုသောအရာကို မလွှဲဧကန် တချိန်ချိန်မှာ ဖြတ်ကျော်ရခြင်းဟာ သဘာဝတရားကပေးသော သတ္တ၀ါတိုင်းအတွက် မျှတမှုကြီးတစ်ခုပါ။

အမှန်စင်စစ် သေခြင်းဆိုသည်မှာ ခန္ဓာ့ဝန်ကို ခြွေချသောအရာလေးတစ်ခုပါ။ ဥပမာပေးရမယ်ဆိုလျှင် လိပ်ပြာငယ်တစ်ကောင်ဟာ အမိပိုးအိမ်ငယ်လေးမှ ထွက်ခွါလာပြီးနောက် လိပ်ပြာလေးဟာ မြင့်မားသောအသိတရားများကို လောကအလယ်ကျင်လည်ရာမှ ရရှိလာပြီး၊ ထိုမှတဆင့် နားလည်မှု၊ ပျော်ရွှင်ရယ်မောမှု ဟူသောစိတ်အာရုံများ၊ ကိုယ်ခန္ဓာကြီးထွားဖွံဖြိုးမှုများနှင့် နောက်ဆုံးအနေဖြင့် ဆန္ဒနှင့် ကိုယ်ခန္ဓာဆုံးရှုံးမှုတွေကို ဆက်တိုက်လက်ခံရရှိလာတာဟာ သဘာဝတရားပါ။ အဆုံးမှာတော့ အရာအားလုံးကို စွန့်ခွါသွားရခြင်းပါ။

လူတွေ စိုးရွံကြောက်လန့်နေတဲ့ သေခြင်းဟာ ဥပမာပေး၇လျှင် နွေဦးရာသီရောက်ပြီဆိုလျှင် လူတွေဟာ သူ့တို့ ၀တ်သော ဆောင်းရာသီအ၀တ်ထူထူကို မလိုလားတော့ဘဲ ဖယ်ရှားလိုက်ခြင်းပါ။ သေခြင်းဆိုတာဟာလည်း ရှိပြီးသား ခန္ဓာကိုယ်ကို အ၀တ်လဲသလိုမျိုးစွန့်လိုက်ခြင်းပါ။ သို့ပေမယ့် ထိုကဲ့သို့ ခန္ဓာကိုယ်အား စွန့်လွှတ်ရမှာကို လူတို့ အမတန်အမတန် အလွန့်အလွန်ကိုဝန်လေးနေကြပါတယ်။ ထိုကြောက်၇ွံ့နေမှုကို ကျော်လွှားနိုင်ဖို့အတွက်ကို ငယ်၇ွယ်စဉ်ကတည်းက၊ ကျန်းမာစဉ်ကပင် ဖြစ်၊ပျက်တရားရှုမှတ်ရင်း ရုပ်ဆိုသော ခန္ဓာမှာ နာမ်ဆိုသောစိတ်ကို ကွာချခြင်းသာ ဖြစ်သောကြောင့် လူတွေအားလုံးကြောက်ရွံ့နေသော သေခြင်းတရားကိုတည်ငြိမ်စွာ ဖြစ်ကျော်နိုင်ပါစေ ဆန္ဒပြုသည့်အနေဖြစ် ရေးသားလိုက်ခြင်းပါ။ ။

" Death is simply a shedding of the physical body...................it is like putting away your winter coat when spring come" written by " Elisabeth Kubler_Ross" ရေးသားချက်ကို ကိုးကားထားခြင်းပါ။

0 comments:

Search This Blog

Blog Archive

Visitor

-