Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

ဒီနေ့ သူငယ်ချင်းတစ်ယောက်က `အချစ်ဟာလူတိုင်းနဲ့မထိုက်တန်ဘူးတဲ့ ´ သူ့ဘ၀မှာ အချစ်ကိုယုံကြည်စွာနဲ့ ပေးဆပ်ခဲ့ပါလျှက် သူ့ချစ်သူက သူ့ကို အကြိမ်ကြိမ်အခါခါပစ်သွားခဲ့လို့ပါတယ်။ နောက်တစ်ယောက်ကလည်း သူ့ကိုအကြိမ်ကြိမ်ပြစ်သွားကာ ထားသွားတဲ့သူကိုမှ စွဲစွဲမြဲမြဲလိုက်၇ှာနေသူပါ။ သူတို့ကိုတော့ ဘာမှပြန်ပြောခြင်းမရှိဘဲ စိတ်ထဲမှာတော့ အတွေးများစွာကို ဖြစ်ထွန်းစေတာပေါ့နော်

အော်.............၇ှားပါးမှုတွေ ငတ်မွတ်မှုတွေကြားမှာ အချစ်ငတ်ခြင်းဟာလည်း ပေါ်ပြူလာတစ်ခုလိုဖြစ်နေ၇တဲ့ အထဲမှာ အချစ်ကိုတန်ဖိုးထားကြသူများကို တွေ့တော့ ၀မ်းသာကြည်နူးမိတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်ဆိုတာဝယ် နှစ်ဦးနှစ်ဘက်သံယောဇဉ်လေးတွေ ကိုယ်စီရှိကြမှုကို ဖော်ပြနေတာပါ။ အချစ်ဆိုတဲ့အရာက ဆန်းကြယ်သားပါ။ မဖြစ်နိုင်မှန်းသိလို့ ဘာလိုပဲထိန်းထိန်း ချုပ်တည်းလို့၇တဲ့ အရာမျိုးမှ မဟုတ်တာ။ အချိန်တစ်ခု အတိုင်းအတာတစ်ခုကိုကျော်လွန်းပြီးလျှင်တော့ ချစ်ခြင်းကိုဖွင့်ထုတ်တတ်ကြတာဟာ လူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့အ၇ာကြီးတစ်ခုပါ။ ဒီလို ချစ်ကြပြီးမှ အကြောင်းတစ်ခုခုကြောင့် ခွဲခွါခဲ့ကြလျှင်ကော .......။ ချစ်သူတိုင်း ညားပါစေလို့ ဆုတောင်းပေမယ့်၊ ချစ်သူတိုင်း ညားနိုင်မှုကတော့ အလွန့်အလွန်ကိုနဲပါးလှပါတယ်။

အကယ်၍များ မစုံစီးနိုင်ကြလို့ ခွဲခွါကြလျှင်လည်း ထာဝရ သူငယ်ချင်းကောင်းအဖြစ် ရပ်တည်နိုင်အောင် ကြိုးစား အားထုတ်သင့်တယ်လို့ထင်တယ်ဗျာ။ မချစ်လို့၊ မုန်းလို့ခွဲခွါကြတာမှ မဟုတ်ကြတာလေ။ တစ်ဦးကိုတစ်ဦးနစ်နာမှု၊ အပစ်တင်မှု၊ နာကြင်မုန်းတီးမှုတို့ကို ဖယ်ရှားထားပြီး သံယောဇဉ်လက်ကျန်လေးတွေထားရှိကာ လက်တွဲဖြုတ်ကြမယ်ဆို၇င်ဖြင့် ကျန်၇စ်သူတိုင်းရဲ့ ရင်မှာဖြင့် မငြိုးသောမေတ္တာအဖြူရောင်ပန်းတို့ကတော့ ဖြစ်ထွန်းကျန်၇ှိနေမှာအမှန်ပင်ဖြစ်ပါတယ်။ ။

(ကံမပါလာလို့ လက်တွဲခွင့်လေးများမရရှိခဲ့သောသူများရဲ့ စိတ်တို့၌ အမုန်းမပွား ချစ်ခြင်းတရားများဆက်လက်၇ှင်သန် နိုင်စေရန် ဆန္ဒပြု ဆုတောင်းရင်း..................)

0 comments:

Search This Blog

Blog Archive

Visitor

-