ဒီနေ့ သူငယ်ချင်းတစ်ယောက်ဆီက ပြောတယ် `အချစ်ကရက်စက်တတ်တယ်တဲ့´။ ဒါကိုနောက်တစ်ယောက်က ၀င်ပြောတယ် `မဟုတ်ဘူးကွ၊ အချစ်က ချစ်ဖို့ကောင်းတယ်တဲ့´။ ဒီမှာတင် နောက်တစ်ယောက်ပြောလိုက်တာကတော့ `ဟေ့ကောင်တွေ အချစ်ကိုစရင်၊ အဆုံးမှာ အချစ်နဲ့လား၊ အမုန်းနဲ့လား တခုခုတော့ ဇာတ်သိမ်းရမယ်ကွာ´တဲ့။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း တစ်ယောက်တစ်ပေါက်ပြောသံလေးဟာ အိပ်ယာဝင်တဲ့အထိ ကျွန်တော့်ကို အတွေးနယ်ချဲ့စေပါတယ်။
ကျွန်တော် အထင်ပြောရရင် အချစ်ကအချစ်ပါ။ လူတွေက သူတို့လိုရာတွေးကာ သူတို့လိုရာလုပ်ပြီး ခံစားလာရ၊ မျှဝေလာတာတွေကို သူတို့အတွေးထဲမှာ အဲဒါဟာ အချစ်လို့ မှတ်ယူထားတာဖြစ်ပါမယ်။ ကျွန်တော့အထင်တော့ အချစ်ဆိုတာဟာ အရမ်းကို ဖြူစင်ပြီးရိုးသားလှပတဲ့ အရာတစ်ခုပါ။ ဥပမာပြရရင် အချစ်ဟာ စက္ကူ ဖြူလေးတစ်ချပ်လိုပါဘဲ။ သူဟာသူဖြူစင်ပြီးသားကို လူတွေက သူတို့လို၇ာရေးခြစ်ပြီး စိတ်ကူးပုံဖေါ်ခဲ့တယ်။ သူတို့လို၇ာကို မရရင်တော့ ဖျက်ကာထပ်ကာထပ်ကာဆွဲရင်း ဖြူစင်မှုလေးဟာ ဖြူစင်မှုပျောက်ပြီး အရောင်တွေနဲ့ ညစ်လို့နေပါတယ်။ ဖျက်တာများလေလေ ညစ်လေလေပေါ့ဗျာ။
ဒါမှမဟုတ် ကိုယ်လို၇ာမရောက်လို့ ဒီအတိုင်းလေထားမယ်ဆိုရင် ကိုယ့်ပုံကို စိတ်ဝင်စားသူတစ်ဦးကနေ ၀င်ရောက်ကာ ပြင်ဆင်ခြယ်သမယ်ဆိုရင် ဒီပုံလေးဟာ မူလကထက်ကောင်းလာဖို့များပါတယ်။ တစ်ဦးရဲ့စိတ်ကူးထက် ၊ နှစ်ဦးရဲ့စိတ်ကူးကပိုကောင်းလာမယ်ဗျ။ ဒါမှမဟုတ် အဖြူကို ကြိုက်လို့ အဖြူေ၇ာင်စက္ကူလေးဘဲထားမယ်ဆို ကိုယ်လိုအကြံတူသူ( အဖြူကြိုက်သူ) ကိုတွေ့မယ် (သို့) သူမစိတ်ကြိုက်ချယ်သခြင်ချယ်သပါလိမ့်မယ်။ လူ့စိတ်အပေါ်မူတည်ပြီး စက္ကူဖြူလေးရဲ့ ဘ၀ကအမျိုးမျိုးပြောင်းလဲသွားတာပါ။
ကျွန်တော့အထင်တော့ အချစ်ကအချစ်ဖြူလေးပါ။ လူ့စိတ်ရောင်နဲ့ ဆေးရောင်ခြယ်ကပြီးမှ စက္ကူဖြူလေး (အချစ်ဖြူလေး)ကို အမြင်တွေပြောင်းပြီး ဂုဏ်ထူးတွေတပ်နေတာပါ။ အမှန်က အချစ်ကို လူစိတ်နဲ့ဟပ်ပြီး အမျိုးမျိုးအဓိပ္ပါယ်ဖွင့်နေတာ။ အချစ်ဆိုတာ အရမ်းကိုဖြူစင်ကာ၊ အရမ်းကိုနူးညံ့ကာ၊ အရမ်းရိုးသားလွန်းတယ်ဗျာလို့ဘဲ ပြောလိုက်ချင်တယ်ဗျာ။ ။
Posted by
Chit Latt
0 comments:
Post a Comment