မြူခိုးတွေဝေနေတဲ့ နံနက်ခင်းလေးဟာ ကျွန်တော့်စိတ်ကို အမှန်တကယ်ကြည်နူးသာယာမိပါတယ်။ လူဘ၀ဟာုတိုတောင်းတဲ့အချိန်မှာ လူအချင်းချင်း ပြိုင်ဆိုင်မှုတွေနဲ့ဘဲ ကုန်ဆုံးနေကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုတွေ လုပ်ရင်း အချိန်တွေကုန်မှန်းမသိကုန်၊ ဘ၀တွေအိုမှန်းမသိအိုရင်း၊ လက်ရှိဘ၀အတွက် ရုန်းကန်ရင်းဖြတ်သန်းခဲ့ကြတယ်။ အပျော်အတွက်တော့ ဟိုဟိုဒီဒီသွားကာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိတဲ့ loneliness ဖြစ်စွာဖြင့် သဘာဝအလှတရားကို မခံစားနိုင်ကြတာဟာ လူတွေရဲ့အလွန်လဲမဟုတ်ဘူးဗျာ။ ခေတ်ကိုက စက်ရုပ်ခေတ်ဆိုတော့ လူသားတွေလည်း စက်ရုပ်လို သက်ဝင်လှုပ်ရှားနေကြတာဟာ မဆန်းလှပါဘူး။
ခေတ်ကအရမ်းတိုးတက်လာလေလေ ခေတ်ကိုဆန်အောင်၊ ခေတ်ကိုလွန်အောင် လုပ်ရင်း လူတွေဟာပြိုင်ဆိုင်မှုတွေကြားမှာ နှစ်မြှပ်နေကြတာပါ။ ခေတ်ပြိုင်ဖြစ်လာလေလေ သဘာဝတရားကို လစ်လျှုရှုရင်း သဘာဝတရားတွေဟာလည်း ပျက်စီးလာနေပါပြီ။ ဘာလိုပဲ ခေတ်မှီမှီလေ သဘယတရားတွေ မျိုးပြုန်းတော ရာသီတွေ ဖောက်ပြန်ကာ၊ သဘာဝကပ်တွေ၊ ရောဂါဆန်းတွေပေါလာလိုက်နဲ့ သေလိုက်ကြတဲ့ လူတွေဗျာ။
အားကစားဆိုရင်လည်း Gym ကို တကူးတက သွားကစားနေကြတယ်။ အခုလို လှပတဲ့ နံနက်ခင်းမှာ အိပ်ယာကစောစောထပြီး သန့်ရှင်းလတ်ဆတ်တဲ့လေနဲ့ သာယာလှပတဲ့လောကအလှကို ခံစားရင်း လမ်းလျှောက်ထွက်ခြင်းဟာ မနက်စောစောထခြင်းမှလွဲ၍ လူကိုလန်းဆန်းတက်ကြွကာ ကျန်းမာရေးလည်းကောင်းကာ ကိုယ်ရည်စစ်စေတယ်ဗျာ။ ဒါ့အပြင် အရောင်တွေခြယ်သမထားတဲ့ လောကကြီးကို တ၀ခံစားနိုင်ပါတယ်။
ဒီလိုကောင်းမွန်တဲ့ အကျိုးတရားများစွာရှိတဲ့ နံနက်ခင်းအလှကို လက်လွတ်သွားမှာဆိုးလို့ အသိပေးလိုက်ပါတယ်ဗျာ။ ။
Posted by
Chit Latt
0 comments:
Post a Comment