Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

စီမံခန့်ခွဲအုပ်ချုပ်မှုအရာမှာ...လူသားဟာ.....တိရစ္ဆာန်လေးတွေကို
ပြုစုပျိုးထောင်ပေးရာမှာ....ကျွမ်းကျင်သူ...လူသားသဖွယ်
ခိုင်းစေနိုင်တဲ့သူတစ်ဦးပါ။
တီထွင်မှုအရာမှာလည်း .....လူသားဟာ...ထူခြားဆန်းပြားမှုတွေဖြစ်တဲ့
အပ်ကအစ...ဒုံးပျံအဆုံး..မရိုးနိုင်သော...ဆန်းပြားသော
တီထွင်မှုကို.....တီထွင်နိုင်သူပါ။
လောကဆိုတဲ့ .......သဘာဝတရားဟာ
ဒီလို လူသားကို....အောင်မြင်ခြင်း၊ ပြည့်စုံခြင်းတွေ
အလုံးစုံကို ......ပေးမထားခဲ့တဲ့
လောကတရားခွင်ကြီးပါ။
အစစအရာရာကို တီထွင်ဖန်တီးသူ....လူသားဟာ
မမြင်နိုင်တဲ့....ချစ်ခြင်းမေတ္တာရဲ့
ကွန်ယက်အောက်မှာ.....ရုန်းမထွက်နိုင်ဘဲ
ဒူးထောက်ကာ ...ဘ၀ကိုအရှုံးပေး
သံယောဇဉ်တွေရစ်ပတ်၇င်းဖြင့်
တဏှာကျွန်ဘ၀မှာ....နစ်နေသူပါ။ ။

ချစ်သူ.........
မင်းအလိုရှိရာကို...စေခိုင်းဖို့
မင်းစေလိုရာကို...တို့လုပ်ဆောင်ခဲ့ပါတယ်။
တို့ဘ၀မှာ....
မွေးဖွားလာကတည်းက
ဘ၀ ဆိုတာ တို့တွက်လို့ မရည်ရွယ်ခဲ့ဘဲ
ချစ်သူစေရာတွက် လုပ်ပေးခဲ့ချင်သူပါ။
တို့ရဲ့ပေးဆပ်မှုကြောင့်
လိုချင်သူတွေ ၀ိုင်းဝိုင်းလည်ခဲ့သော်လည်း
တို့ကိုလိုချင်သူတိုင်းဟာ
တို့ကိုသာယာစွာထွေးပိုက်မယ်လို့.....ရည်ရွယ်ကာ
စွတ်သူမဟုတ်ခဲ့ဘူးကွယ်။
တို့ဘ၀ကို
သူတို့အောင်မြင်မှုတွက်
အနင်းခံကာပေးဆပ်ခဲ့ပါတယ်ကွယ်။
သူတို့တွေက
အောင်မြင်မှုတွေနဲ့
ဂုဏ်ယူဝံ့ထယ်နေချိန်မှာ.......
တို့ဘ၀ဟာ
လိုချင်သူများပေမယ့်
နွေးထွေးကြင်နာမှုဝေးတဲ့
ဘ၀အဖြစ်သာ
ဆက်လက်ဖြတ်သန်း၇င်း
ပေးဆပ်နေကာဖြတ်သန်းနေရတာကို
ချစ်သူသိမယ်ဆိုရင်တော့ဖြင့်.......။ ။

[တို့ဘာဖြစ်မလဲဆိုတာ တွေးဆကြည့်ပေးပါလား။ တို့ ဘ၀ဟာ ဘာလဲဟင်?????]


မိုးသားထက်တက်
ဓူဝံကြယ်ကို
စွတ်မယ်ဆိုတဲ့
အချစ်တွေနဲ့
၇ဲဝင့်စွာဖြင့်
ဒီမောင်ချစ်လည်း
မောင်လိုတာက
တော်မ၀င်လည်း
အချစ်စစ်လေး
ပေးလှည့်ပါလို့
တောင်းဆိုခဲ့လည်း
သူပေးခဲ့တာ
အဆုံးမှာတော့
ပမာနှိုင်းသုံး
သုဘဒ္ဒါလို
အညှိုးမျိုးနဲ့
မင်းသုံးခဲ့တယ်
မိန်းခလေးရယ်။ ။

သားသမီးတို့ ရုပ်ရည်
သီတာအလား
မိဘတို့ဝမ်း...အေးချမ်း၏။
သားသမီးတို့ ဂုဏ်ရည်
ဓူဝံကြယ်အလား
မိဘတို့တွက်....ပီတီပါ။
သားသမီးတို့ လိမ္မာမှုက
နေမင်းအလား
မိဘတို့တွက်....ခွန်အားပါ။
သားသမီးတို့..သိတတ်မှုကား
ပင်လယ်ရေ ပမာ
မိဘတို့တွက်...နှလုံးအားပါ။ ။

မဲနက်ဝတ်ရုံ
ခေါင်းဆောင်းခြုံလို့
သြသြညံသည့်
အသံတွေနှင့်
များသည့်လူကြား
တိုးဝေ့နေလည်း
ပိတီရွှန်းသော
မိဘများ၏
မျက်နှာဖုံးက
အိုချစ်သားတွက်
အလှဆုံးလေ။ ။

ရာသီတွေနှောင်း
ချိန်တွေပြောင်းကာ
ကုန်လွန်ခဲ့လည်း
ဖြစ်သန်းခဲ့သော
အိပ်မက်ဆိုးကား
သောကအမော
လောဘဇောကြောင့်Align Centreဇရာတွေအို
အားတွေကုန်လည်း
စာရွက်ဖြူပေါ်
တင်ခဲ့ကမ္ဗည်း
တစ်ချက်တည်းနှင့်
အမောအားလုံး
ပြေရပြီလေ
တို့ကျောင်းတော်ရေ။ ။

နွေးထွေးတဲ့
မေတ္တာတွေနဲ့.....မျှဝေခဲ့သူ
အချိန်တွေနှောင်း
အရွယ်ပြောင်းကာ
ကြီးရင်းလည်းပဲ
မလျော့သောကြိုး
တိုးလို့တိုးရင်း
ပေးသူတစ်ယောက်
အရည်တွေတွန့်
အ၇ိုးဖြိုင်းကာ
သွားတွေကြိုးလည်း
ပါးပြင်ထက်က
သနပ်ခါးနှင့်
ဆံဖြူတွင်းက
ဆီရနံ့က
သားသမီးအား
ထာဝရတွက်
၇နံ့မွှေးပါ
အို....အမေရယ်။

ချစ်သူ
နေ့တာရဲ့....တဒင်္ဂမှာ
ဘ၀အရေးတွက်
အခြေမပေးလို့
ခဏလေး....အနေဝေးလည်း
နှလုံးသားဖုံးလိုင်းကိုတော့
တို့တွေဖွင့်ထားရင်း
ပြန်ဆုံမယ့်.....ညလေးမှာ
အချစ်တွေတိုးပြီး
အမုန်းဆိုတာကို
မဆိုကြကြေးနော်....ချစ်သူ။ ။


နေ့ဘက်ထွက်တဲ့ နေမင်းနှင့်
ညအရောက်မှာ သာနိုင်သောလမင်း
တချိန်ချိန်မှာ .. တထပ်တည်းကျ၇သေးတယ်။
ပင်လယ်ကရေဟာ
တောင်ထွတ်ထက်ကမြေသားနှင့် အနေဝေးလည်း
သဘာဝတရားရဲ့ဖန်တီးမှုကြောင့်
တချိန်ချိန်မှာထိတွေ့ခဲ့ရသေးတယ်။
လှပတဲ့ မိုးကောင်းကင်နှင့်
ပြာစင်းတဲ့ပင်လယ်ပြင်ဟာ
ထိစပ်ဖို့အလှမ်းဝေးပေမယ့်
အပူရှိန်ကြောင့်ေ၇ငွေ့ဖြစ်ပြောင်းလဲကာ
တချိန်ချိန်မှာ တွေ့၇ှိရသေးတယ်။
ဒီတော့
နာကျင်ခါးသီးမုန်းတီးပါတယ်ဆိုတဲ့အမုန်းတရားကို
အေးမြခွင့်လွှတ်တတ်တဲ့ချစ်ခြင်းမေတ္တာနှင့်
နားလည်းပေးခဲ့လျှင်
အမုန်းရဲ့အခြားတဘက်ဖြစ်တဲ့
ချစ်ခြင်းသို့ရောက်နိုင်တယ်ဆိုတာကို
ယုံကြည်မိတယ်။ ။


ဒီနေ့လေးဟာ ကျွန်မဘ၀ကို မောင်ဆိုသောလူက ထပ်မံပြောင်းလဲစေခဲ့တယ်လေ။ ပထမအကြိမ်ကလည်း ဒီလိုလုပ်ခဲ့တဲ့သူပါ။ အရာရာကိုသူ့သဘောအတိုင်း လုပ်ဆောင်ခဲ့သူ၊ လစ်လျှုရှုတတ်သူ၊ သူများစိတ်ကိုနဲနဲလေးမှ ဂရုမထားတတ်သူလေ။ အစကတည်းက ဒီလိုမချစ်လို့ ပစ်ခဲ့မယ်ဆို၇င်လည်း လာမချစ်နဲ့ပေါ့ကွယ်။

အခုတော့ သူ့ရဲ့အပြုံး၊ သူ့၇ဲ့စကားလုံးတွေ၊ သူ့ရဲ့ အယုအ၇တွေကြားမှာ တို့လေသာယာကာ နှလုံးသားအစစ်တစ်ခုနဲ့ တစ်သက်တာထာ၀၇အတွက် ချစ်လိုက်မိတယ်။ အများတွေ သတိပေးတားမြစ်နေတဲ့ကြားက သူ့ကိုချစ်ခဲ့တယ်။

ပထမအကြိမ်တုံးက သူစွန့်ခွါစဉ်မှာ တို့ဟာညပေါင်းများစွာ သူ့အတွက်မက်ပြီးငိုခဲ့၇တဲ့ ညပေါင်းတွေကြောင့် အိပ်ယာထဲလဲခဲ့တယ်။ အနာလေးကျက်ခါစမှာတော့ သူကပြန်ပြီးချော့မော့တာကြောင့် ပျော့ခဲ့တဲ့သူလေးပါ။ အနာ၇င်းချိန်မှာ အားပေးခဲ့သူတွေက ကျွန်မရဲ့လုပ်၇ပ်ကြောင့် ကျွန်မကို မခေါ်မပြောဖြစ်တဲ့အထိ ကျွန်မသူ့ကိုချစ်ခဲ့တာပါ။

ဒါပေမယ့် အနာဖြစ်ခဲ့သောဒဏ်ကြောင့် သံသယဆိုတဲ့ အမာ၇ွတ်လေးက ကျွန်မ၇င်ထဲမှာ ကျန်၇စ်ခဲ့ပါတယ်။ သံသယဆိုတာ မထားကောင်းမှန်းသိပေမယ့် ဒီတစ်ကြိမ်မှာတော့ ထင်ထားမျှော်မှန်းထားတဲ့အတိုင်း နှလုံးသားအတုကို အရင်းပြုသူကတော့ ပျော်၇ွှင်စွာနှင့် ကျွန်မကို စွန့်ခွါသွားပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အနာပေါ်အနာဆင့်လေတော့ နာလွန်းလို့ မျက်ရည်ဆိုတာ ရှားပါးပစ္စည်းဖြစ်သွားခဲ့ပါတယ်မောင်ရယ်။ အကယ်၍များ မျက်ရည်တွေဟာ သူ့အတွက်ကျနေတယ်ဆိုတာကို သူသိခဲ့ရင် ထိရောက်တဲ့ စင်တင်ဟာသပြကွက်တစ်ခုကို ကြည့်နေသူကတော့ ဟားတိုက်ကာ ရယ်မောနေမှာ အမှန်ပါ။

သူ့ကိုချစ်သော အချစ်ဆိုသောအ၇ာကို အခုတော့လေ ကျွန်မကိုယ်တိုင် နှလုံးသားသချိုင်းမှာ မြေမြှုပ်ခဲ့တာ ဒါနဲ့ဆို ၂ခါ၇ှိပြီလေ။ ပထမအကြိမ် အချစ်ကိုမြှပ်နှံပြီး မောင်ပြန်လည်တူးဖော်စဉ်က မူလလောက် မကောင်းတော့တဲ့အချစ်ကို ဒီတစ်ကြိမ်မှာ မြှပ်နှံစဉ်မှာတော့ ပြန်လည်တူးဖော်ခွင့်မ၇လောက်အောင် ရုပ်ပျက်နေပါပြီ။ ဘယ်တော့မှာလည်း တူးဖော်လို့၇မယ်မထင်တော့ပါဘူး။ အကယ်၍များ နောင်တတွေပိုက်ပြီး အပြေးပြန်လှည့်ခဲ့ရင်တောင် ဆွေးမြေ့သွားပြီဖြစ်တဲ့ အချစ်ကို ပြန်လည်၇၇ှိတော့မှာ မဟုတ်တော့ဘဲ ကျွန်မကိုယ်စားကမ္ဗည်းထိုးထားတဲ့ နှလုံးသားဂူလေးရှေ့မှာ အစဉ်အမြဲဝမ်းနည်းနေမယ့် သူတစ်ယောက်ကိုသာ တွေ့၇ှိ၇မှာဖြစ်ပြီး ကျွန်မရဲ့အချစ်တို့က အေးမြသော ဘုံတစ်ခုဝယ် နားခိုအိပ်စက်ရင်း သာယာချမ်းမြေ့မှု၊ နွေးထွေးကြင်နာမှုတို့နဲ့ ပြည့်ဝနေမှာအမှန်ပါ။

တစ်ချိန်သောကာလမှာလေ အချစ်စစ်ဆိုတာကို မထိုက်တန်လို့ စွန့်ပစ်ခဲ့သူ၇င်ထဲကို တိုးမ၀င်နိုင်ပေမယ့် အချစ်ကို တန်ဖိုးထားသူ တစ်ဦးတစ်ယောက်ရဲ့ အကြင်နာရိပ်အောက်မှာ နေထိုင်ရင်း........... နောင်တ၇နေသူ၊ အချစ်တုပိုင်၇ှင်အား စာနာသောမျက်ဝန်းတို့ဖြင့် ကြည့်နေမိမှာ အမှန်ပင်ဖြစ်ပါတော့တယ်။ ။


စည်းနဲ့ဝါး ကာရံကိုက်မှ
နားဝင်ပီသော သံစဉ်ချိုချိုတစ်ခုကို၇တယ်။
လမင်းနဲ့ကြယ်စင်ဟာ ညအမှောင်မှာ
တွဲလျှက် အလင်းဆောင်သော လမ်းပြတဲ့အရာတစ်ခုပါ။
ဖို၊မ သဘာဝအားဖြင့် မျိုးဆက်သစ်များကို
ဖန်တီးရှာတဲ့ လောကအလှတစ်ခုပါ။
အချစ်၊အမုန်းဆိုတဲ့ မေတ္တာတ၇ားများနှင့်
ဘ၀အိမ်ကို တည်ဆောက်၇ှာတဲ့ မေတ္တာမဏ္ဍိုင် တစ်ခုပါ။

ဒီလို`တွဲဖက်´တွေနဲ့ ပြည့်နေသော
ကမ္ဘာမြေမှာ
သံစဉ်ချိုတွေနှင့် အလင်းဆောင်ရင်း
လောကကြီးအား မေတ္တာတရားနှင့်
အားဖြည့်ကြကာ
အနာဂတ်လမ်းကိုဖောက်ကြပါစို့
ကိုယ့်ချစ်သူ၇ယ်။ ။

နှလုံးသားတစ်ခု ...အရင်းပြုရင်း
ချစ်ခဲ့ဖူးသူတစ်ယောက်.....
အချစ်တွေနဲ့ပေးဆပ်
နားလည်မှုနဲ့တည်ဆောက်
သစ္စာတ၇ားနဲ့ဘ၀တည်
စာနာမှုကိုမျှော်လင့်ရင်း
သူဆိုသောသူရယ်.........
တို့အတွက်ပေးခဲ့တာတော့
လမ်းခွဲမှုဟာ ... ရင့်ကျက်ခြင်း
အမုန်းကို....အစစ်ပေးရင်း
စွန့်ခွါခြင်းဆိုသော... ဘ၀သစ်တစ်ခုကို.....ဖန်တီးရှာသူအတွက်
ပေးဆပ်ခဲ့သူတစ်ယောက်ရဲ့....ဆုတောင်းကား
ပန်းခင်းလမ်းရဲ့.... ဖဲမွေ့ရာပေါ်မှာ
ပျော်နိုင်ခြင်းဖြင့်...
ပေးဆပ်သူတစ်ယောက် ....မဖြစ်ပါစေနဲ့သူရယ်။ ။

သင်္ချာပုစ္ဆာကို ဖြေရှင်းနိုင်ဖို့အတွက်
သင်္ချာရဲ့ formula ကိုသိပြီး
နေရာမှန်မှန်နှင့်အချိန်တိုတိုတွင်း တွက်နိုင်ဖို့က အေ၇းကြီးတယ်။

လူ့ဘ၀မှာ လူတွေနဲ့ ဆက်ဆံသ၍
လူ့အကြိုက်နှင့် အားနည်းချက်ကို သိကာ
လူ့အလိုက်နှင့် ဆက်ဆံရေးဟာ အဓိကပါ။

မိန်းကလေးတစ်ယောက် ချစ်နိုင်ဖို့ကား
မိန်းကလေးအထင်ကြီးမှု၊ လေးစားမှုကို ရမှ
သူမနှလုံးသားကို ဖွင့်နိုင်၊ လှုပ်ရှားနိုင်မှာသေချာပါတယ်။ ။

လူတိုင်းဟာ ကိုယ်ကိုယ်တိုင်အနုပညာကို မဖန်တီးတတ်နိုင်ပေမယ့် သူများဖန်တီးမှုကို ခံစားတတ်၊ ဝေဖန်တတ်၊ ချီးကျူးတတ်၊ အပစ်တင်တတ်တာ လူသဘာဝပါ။ အခုလည်း ဒီပုံလေးတွေကိုခံစားတတ်မှာပါ။ ကလေးတစ်ဦးဆွဲထားသလို ၊ ပန်းချီသင်စလူတစ်ဦးဆွဲထားသလား ထင်မှားမိမှာပါ။ ဒါပေမယ့် လူသားတစ်ဦးဆွဲတာမဟုတ်ဘဲ တိရစ္စာန်တစ်ကောင်ကဆွဲထားတဲ့ ဟာလေးပါ။ ကိုယ်ကိုယ်တိုင် ၀င်ကြည့်ပြီး သူတို့ရဲ့ စွမ်း၇ည်ကို (သင်ကြားနိုင်မှုစွမ်း၇ည်) ချီးကျူးမိတယ်လေ။

လူတွေတောင် သင်ကြားနိုင်တဲ့အခွင့်အရေးတွေရှိနေပါလျှက်နဲ့ တခါတရံမှာ အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်နေပြီး အပျင်းထူတတ်ကြပေမယ့် အသိဥာဏ်မရှိတဲ့သူတောင် သင်ရင်တတ်မြောက်တယ်ဆိုတာကို ကျွန်တော်တွေ့တော့ အပျင်းထူတတ်တဲ့ မကောင်းတဲ့ အကျင့်တွေကိုဖြောက်၇င်း ဘယ်အ၇ာကိုမဆို တတ်အောင်သင်၇င် တတ်မှဘဲဆိုတဲ့ အားကျစိတ်ကလေးနဲ့ ပြုပြင်မှုတွေ စလုပ်တယ်ဗျာ။

မယုံကြည်မှာ စိုး၇ိမ်လို့ သူတို့လေးတွေ စတင်ပုံဆွဲကတည်းက တစ်ကောင်တည်းကိုပဲ ဦးတည်ကာရိုက်ထားတယ်။ လက်မပါဘဲ နှာမောင်းလေးနဲ့ ဆွဲတတ်အောင်သင်ကြားပေးတဲ့ သူတွေကိုလည်း ချီးကျူးမိပါတယ်။
တဖြည်းဖြည်းနဲ့ ပုံဆိုတာ ပီပြင်လာပြီလေ။

ဟော တဖြည်းဖြည်းနဲ့ သူတို့လေးတွေဘာကိုဆွဲနေတာလည်းဆိုတာ တွေ့လာရပြီဗျာ။

ရုပ်လုံးပေါ်လာလေလေ မထင်မှတ်လောက်အောင်ကို တော်တယ်လို့ဘဲ ချီးကျူးလိုက်မိတယ်လေ။

ဒါကသူတို့လေးတွေ တစ်ကောင်ခြင်းစီးဆွဲထာတဲ့ သူတို့ အနုပညာလေးတွေပေါ့ဗျာ။ သူတို့လေးတွေရဲ့ ပုံကို ၀ယ်ယူအားပေးသူတွေကလည်း ဈေးကြီးကြီးပေးပြီးတော့ကို ၀ယ်ယူသွားတာကို တွေ့ခဲ့၇တယ်ဗျာ။

ဒီပုံလေးတွေကိုကြည့်ပြီး လူတိုင်းအားတက်မှု၊ အားကျအတုယူနိုင်မယ်လို့ ယုံကြည်မိတယ်ဗျာ။ ။

ကျွန်တော်လေ ကိုယ့်ကိုယ်ကိုအထင်ကြီးသမျှ အလကားကောင်လို့သာ ပြောလိုက်ချင်တယ်။ ဘ၀မှာ လိုချင်တဲ့လောဘတွေနဲ့ ပြည့်နေတော့ တချိန်လုံးလိုလို သောကကင်းတဲ့ဘ၀ဆိုတာကို သိပ်မ၇ခဲ့ဘူးဗျ။ ဖြစ်ချင်လေလေ လိုက်လုပ်လေလေနဲ့ ကုန်ဆုံး၇တဲ့အချိန်တွေဟာလည်း မနည်းတော့ပါဘူးလေ။ ဘ၀ကျောင်းကိုတစ်ခုထက်မက (ကိုယ့်လက်ရှိထက်) အောင်မြင်ချင်တော့ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုအလိုမကျတာတွေ၊ အားကုန်လာတာတွေကိုခံစားလာရတယ်။

ဘယ်အရာမဆို ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့ အယူက ကိုယ့်ကိုယ်ကိုဒုက္ခပေးမှန်းမသိပေးနေတာကို ကိုယ်တိုင်မသိတော့ဘူးလေ။ ကိုယ့်ဘ၀မှာ ဘယ်အရာကိုဦးစားပေးရွေးချယ်ရမယ်၊ ဘာတွေဖြစ်သင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာတွေဟာ `လောဘ´တရားရဲ့ အောက်မှာပျောက်ကွယ်သွားတော့တာပါပဲ။ အပူတွေတွေးနေမိတော့ လူကိုကအပူသည်ရုပ်ပေါက်နေပြီး သေကောင်ပေါင်းလည်းလို လူတစ်ဦးဖြစ်နေတာပေါ့။ အများကတွေ့တော့လည်း စိတ်ချမ်းသာမှုမရှိ၊ ကိုယ်ကိုယ်တိုင်ကလည်း မပျော်နဲ့ တကယ်ဒုက္ခကို ရှာဖွေသူ၊ သနားစရာမကောင်းတဲ့ သူတစ်ဦးဖြစ်နေတာပေါ့ဗျာ။

အချိန်တစ်ချိန်လည်း ကုန်ဆုံးရော ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပဲ ဦးစားပေးလုပ်ဆောင်ကြရတာပါဘဲဗျာ။ ကိုယ်မလုပ်လည်းလုပ်မယ့်သူက အဆင်သင့်ဘဲလေ။ ကိုယ်မရှိလည်း လူတိုင်းဟာ သူတို့ ဘာသာ သူတို့ရပ်တည်နိုင်ပါတယ်။ လောဘကကော ကိုယ့်အတွက်မကောင်းတဲ့ဆိုးကျိုးသာဖြစ်စေတာပေါ့။ ဒါပေမယ့် လူဆိုတာတိုးတက်ဖို့အတွက် လောဘာတော့ ရှိသင့်ပါတယ်။ ဘယ်အချိန်မှာ ဘယ်အတိုင်းအတာအတွက်ဆိုတာကိုတော့ စံထားကာဆုံးဖြတ်ရမှာလည်း အရေးကြီးတာပေါ့ဗျာ။

လောဘကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့သာ၊ ဘ၀ပျက်ဖို့သာ ရာခိုင်နှုံးများပါတယ်။ အထူးသဖြင့် ကျွန်တော့်အကြောင်းကို ပြောပြချင်တယ်ဗျာ။ ကျွန်တော့်လက်ရှိအလုပ်က တစ်ပတ်တစ်ရက်ထဲ ဖြစ်တဲ့ part-time job ပေါ့။ ကျန်တဲ့လုပ်ခနဲ့ပေါင်းရင် သူများတစ်လစာလောက်နီးနီးရှိတယ်ဗျ။ ဒါကို နောက် full-time job တစ်ခုသွားလျှောက်တယ် ကျွန်တော်ငတုံးကောင်ပေါ့ဗျ။ ဒီအလုပ်ကလည်းနောက် 2လနေမှာခေါ်မှာကို မျှော်လင့်နေခဲ့တယ်။ စဉ်းစားကြည့်ဗျ ကျွန်တော့်လောက်တုံးတဲ့ ငတုံးမရှိဘူးထင်တယ်ဗျာ။ ဒါကို မိသားစုဝင်တွေ သတိပေးတော့မှ သတိဝင်လာမိတယ်။ တကယ်တမ်းတော့ လောဘတက်တော့ အရာအားလုံးကိုမေ့သွားတာပေါ့ဗျာ။ လက်ရှိဟာ လက်မဲ့ထက်အကောင်းဆုံးပေါ့ဗျာ။ ဒါပေါမယ့် လူဆိုတာဟာ လက်ရှိဘ၀၊ လက်ရှိအရာမှန်သမျှကို တန်ဖိုးထားရမှန်းမသိကြတာပါဗျာ။ မရနိုင်တဲ့ အရာကိုမှတန်ဖိုးရှိတယ်၊ ကိုယ့်အတွက်အသုံးဝင်တယ်ဘဲထင်နေကြတာပါ။ ဒါကိုဘဲ လိုချင်ကြတယ်ဗျာ။

အမှန်တကယ်တော့ ကိုယ့်အစွမ်းရှိသလောက်ကြိုးစားပြီးရရှိလာတဲ့ အရာမှန်သမျှကို တင်းတိန်ရောင့်ရဲကာ၊ တန်ဖိုးထားတတ်ရပါမယ်။ မဖြစ်နိုင်၊ မရနိုင်တာကို မျှော်လင့်သူဟာ ဖိုးလမင်းကြီးကို လိုချင်တယ်ဆိုပြီး ရူးသွပ်ကာ တမ်းတနေသူတွေပါ။ တကယ်လက်တွေ့မှာ ဖြစ်မလာပါဘူး။ ဒီလို လောဘနဲ့ ရူးသွပ်နေသူတွေဟာ နိုးနေလျက်နဲ့ အိပ်မက်မက်နေသူတွေပါ။ လူတိုင်းဟာ ဒီအိပ်မက်ကို နိုးနေလျှက်မက်နေသူတွေပါ။ ဒီလိုမက်သူတွေကို ကျွန်တော့်လိုမဖြစ်အောင် သတိပေးရင်း........နေ့ခင်းအိပ်မက်များမှ လွတ်မြောက်နိုင်ပါစေနော်ဗျာ။ ။


၇င်ခုန်သံတွေတဖြည်းဖြည်းမြန်လာတယ်။ အချိန်တွေနီးလာလေလေ တွေ့၇ဖို့နေ၇ာနီးလာလေလေပေါ့။ သူ

တို့ကို၇င်ခုန်စေတယ်၊ ၇င်တုန်စေတယ်။ လက်ဖျားလေးတွေအေးစက်စက်ဖြစ်စေကာ သူ့ကိုမျှော်လင့်ခဲ့တယ်။


သူ့အတွက်ဆို တို့လေအချိန်တွေအကုန်ခံကာ ကြိုးစားပြီး အစစအ၇ာ၇ာပြင်စင်ထားပါလျှက်၊ တို့ပိုင်နိုင်သေချာပြီလို့

ယုံကြည်ထား၊ လက်ခံထားပါလျှက် အချိန်တွေ၊နေ၇ာတွေ နီးလာလေလေ စိုး၇ိမ်စိတ်တွေ၊ ပူပန်စိတ်တွေ

တိုးတိုးလာကာ လုပ်ထားသမျှ အ၇ာမထင်တော့သလို၊ ဘာမှမရှိတော့သလို ခံစားမိပါတယ်။ သူ၇ယ် တို့များကို

အစစအ၇ာ၇ာလွှမ်းမိုးကာ ချယ်လှယ်နိုင်သူ၇ယ်။


သူ့ကိုတွေ့ဖို့ အခန်းထဲဝင်လာတော့ သူနဲ့တွေ့၇မယ်ဆိုတဲ့ အသိက ၇င်ကိုနိုးထလန်းဆန်းစေပါတယ်။

တဆက်တည်းမှာဘဲ ၇င်မှာစိတ်လှုပ်ရှားလာကာ တုန်၇င်မှုကို ခံစားမိတယ်။ စိတ်လှုပ်၇ှားလာတာကြောင့်

မူးဝေေ၀အသိလေးတွေပါတွယ်ပြီး ခံစားလာ၇တယ်သူ၇ယ်။ သူ၇ယ် သူနဲ့တွေ့ဖို့ အချိန်ခဏလေးအတွက် တို့မှာလေ

၇င်း၇တဲ့အချိန်၊ ကြိုးစားအားထုတ်မှုတွေနဲ့ ကုန်လုလုစွမ်းအားတွေအတွက် တို့ဘာကိုပြန်၇မယ်ဆိုတာ မသိခဲ့ပါ၊

မမျှော်လင့်ခဲ့ပါဘူးကွယ်။ ဘာကိုပဲ ၇၇ သူကပေးခဲ့မယ်ဆို၇င် တို့ကျေနပ်နေမှာပါကွယ်။


ဟော…..ပြော၇င်းဆို၇င်း သူ…ကျွန်မဆီလာပြီဆိုတဲ့အသိကြောင့် မနည်းတုန်၇င်နေတဲ့စိတ်ကို ငြိမ်အောင်ထားလဲ

တို့ရဲ့မတည်ငြိမ်မှုကို သူများတွေ အထူးသဖြင့်တို့မိသားစုဝင်တွေတောင်မှ သိကုန်ကြပြီလေ။ တထိတ်ထိတ်နှင့်

နီးစပ်လာတဲ့သူ ၇င်ခုန်မှု၊ မျှော်လင့်မှု၊ စိတ်လှုပ်ရှားမှုတွေနှင့်

သူ့ကိုအထိမှာတော့…….ကျွန်မ၇ဲ့အေးစက်စက်လက်ကလေးမှာ မာကြောကြောနွေးထွေးထွေးအထိနဲ့

သူ့ကိုအကြည့်…… စိတ်ထဲမှာထခုန်မတတ်ပျော်မိတယ်သူ၇ယ်။ တို့ကြိုးစားထားတာ

အလကားမဖြစ်တာကိုတွေ့လိုက်၇လို့လေ။ သူ၇ယ်….တို့လေ ဘောလ်ပင်လေးကိုကောက်ကိုင်ပြီး မှတ်မိသမျှ

ေ၇းချလိုက်တယ်သူ၇ယ်။


တို့ရဲ့ ကြိုးစားမှုကို လစ်လျှူမ၇ှုဘဲ အသိအမှတ်ပြုခဲ့တဲ့ သူ့အတွက် တို့လေတို့ဘ၀မှာ သူ့ကိုအမှတ်၇၇င်း ၇လာမယ့်

အကျိုးဆက်လေးကိုမျှော်၇င်းဖြင့် အမှတ်၇နေမယ့် သူ(မေးခွန်းလွှာ)လေး၇ယ်။

လက်ခုပ်သံလေးရဲ့ အဓိပ္ပါယ်လေးကတော့ ပြိုင်ပွဲတစ်ခုအတွက်ဆို၇င်

၁။ တက်ေ၇ာက်ကာ ဟောပြောနေသူအတွက် လက်ခုပ်သံဟာ ပင်ပန်းနွမ်းနယ်မှု၊ ပီတီကို၇၇ှိစေတဲ့ အားပေးဂုဏ်ယူသံပါ။

၂။ ဧည့်ပ၇ိတ်သတ်ထဲမှ မိဘဆွေမျိုး၊ သူငယ်ချင်းတွေအတွက်ကတော့ အားပေးသံပါ။

၃။ တာဝန်ယူကျင်းပသူအတွက်တော့ အောင်မြင်ပြီဆိုပြီး အပူအလုံးကြီးကျသွားကာ ပျော်နေတဲ့အသံပါ။

၎။ တက်ေ၇ာက်သူတွေအားလုံးအတွက်တော့ ပျင်းစ၇ာကောင်းတဲ့ အချိန်ကြီးတော့ ပြီးပြီဆိုပြီး အားပါးတ၇တီးတဲ့အသံပါ။

၅။ လက်ခံကျင်းပပေးသူအတွက်ကျတော့ ငွေတွေတော့၇ပြီဆိုပြီး ၇င်ခုန်နေတဲ့အသံပါ။

အချစ်ဆိုတာ......မခေါ်ချင်၍
အလွမ်းဆိုတာ......မယူချင်ပါ
အမုန်းကိုတော့.....လျစ်လျှူရှုကာ
အေးချမ်းမှုကို .....ရှာဖွေမယ်ဆို၇င်းဖြင့်
လောဘ၊ ဒေါသ၊ မောဟ ဖက်တွယ်မှုနှင့်
သံယောဇဉ်ကို ရမယ်ပြု၇င်း
လူ့ဘဝ၇င်းစားတောင်မှ... မရရင်း
သူတို့ပြန်ခဲ့၇တဲ့ .... လူပေါင်းလည်း
မနည်းတော့လေပြီ။ ။

အပြစ်တ၇ားမသိ၍ အပြစ်မဲ့သူ
ငိုခြင်းဖြစ်သာ လောကသို့ေ၇ာက်လာသူ
မိဘဆွေမျိုး မသိသေးသူ
ချစ်ခြင်းမုန်းခြင်း ကင်းမဲ့သူ
လောကအကြောင်း တစ်လုံးမှမသိသူ
ကောက်ကျစ်မှုများ ဝေးသူ
အကုသိုလ်တ၇ား ကင်းသူ
ဒီလိုလူကို
အပြစ်မဲ့သော လက်များဖြင့် ထွေးပိုက်
နွေးထွေးသော မေတ္တာ၇ိပ်မှာ ကြီးပြင်း
ဖြူစင်တဲ့ လောကဘဝလေးအား
တည်းဆောက်ပေးစို့လေး။ ။

မိသားစုတွေရဲ့ရီသံ၊ သူငယ်ချင်းတွေနဲ့ အတူတကွ သီချင်းဆိုသွတွေဟာ အခန်းတွင်းမှာ ပျံလွင့်လို့နေပါတယ်။ ဒီ 2008 ကြိုညလေးမှာ ပျော်၇ွှင်ခြင်း၊ အေးမြခြင်း၊ ချမ်းမြေ့ခြင်းတွေနဲ့ နှစ်သစ်ကို မိသားစုတွေအတူတကွ စောင့်ကြိုနေကြတာပေါ့။ အေးမြတဲ့ဒီဆောင်းလရဲ့ ညချမ်းမှာ အစားအစာပူပူနွေးနွေးလေးတွေ လုပ်စား၇င်း၊ သန်းခေါင်ယံအချိန်ကို ကျွန်မအကြိုက်ဆုံးသော ကော်ဖီခါးခါးတစ်ခွက်ကို သောက်ရင်းကြိုစိုနေတယ်လေ။

ဒီလိုနဲ့ နာရီလက်တံကြီးဟာ တဖြည်းဖြည်းနဲ့ 11:55 ကိုလည်းအရောက်မှာ အားလုံးဟာ စတင်ငြိမ်သက်စွာဖြစ် နှစ်ကူးအချိန်လေးကိုဖြတ်ကျော်ဖို့စောင့်စားနေကြတယ်လေ။ ဒီအချိန်မှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာကတော့ ဆူညံကာ အဆက်မပြတ်ခေါက်နေတဲ့ တံခါးခေါက်သံလေးပေါ့နော်။ ကျွန်မတို့တွေ အံ့သြစွာဖြင့် ဒီအချိန်မှာ ဘယ်သူတကူးတကလာစနေပါလိမ့်တော့ထင်မိတယ်။ မဖွင့်မခြင်း မ၇ပ်တဲ့ တံခါးသံကြောင့် ကျွန်မအပြေးသွားကာ တံခါးအဖွင့်မှာတော့ ကျွန်မလုံးဝမမျှော်လင့်ထားတဲ့ ကျွန်မသူငယ်ချင်းလေးပေါ့။ သူအိမ်နဲ့ ကျွန်မအိမ်က အတော်လေးလှမ်းတာကြောင့် သူပုံကြည့်၇တာ ပြေးလာတဲ့ပုံပါဘဲ။

အိမ်နှစ်အိမ်ကလည်းသိနေတဲ့အပြင် လူငယ်ချင်းပါ၇င်းနှိးီနေတော့ သူေ၇ာက်လာတာကိုတော့မအံ့သြပါ။ အိမ်ကလူကြီးတွေက ဘယ်သူလည်းလို့လှည့်အမေးမှာ ကျွန်မသူ့နာမည်ကို ပြောလိုက်တော့ အိမ်ကလူတွေက “ဟဲ့ လာလေသား၊ အထဲဝင်လေကွယ်” လို့ ခေါ်လိုက်ပါတယ်။ သူ့မှာ အမောကြီးမောနေတော့ ကျွန်မလည်း ကိုယ်ချစ်သူလေးအမောပြေစေ၇န် ကော်ဖီခွက်ကိုလှမ်းအပေးသူကလည်း မရွံရှာဘဲ မော့သောက်လေတော့တယ်။ ဪ.....နင်ဘာဖြစ်လာတာလည်းလို့မေးတော့သူက ဘာမှမဖြစ်ဘူး၊ နှစ်ကူချိန်မှနင့်ကိုတွေ့ချင်လို့တဲ့။

ကျွန်မတို့နှစ်ယောက်ရဲ့ အကြောင်းက တစ်ယောက်ကိုတစ်ယောက်အထူးကို နားလည်မှုရှိကြတယ်၊ တစ်ယောက်အလိုကိုတစ်ယောက်က အစဉ်အမြဲလိုက်လျောတတ်တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကြီးမှုက သူငယ်ချင်းတွေသာမက မိဘတွေကပါ အံ့သြယူ၇တဲ့အထိပါ။ ဒါပေမယ့် အခုချိန်ထိကျွန်မတို့နှစ်ယောက်ဟာ သူငယ်ချင်းထက်ပိုသောသူငယ်ချင်းတွေပါ။

“ဟဲ့ ဝင်လေ” ဆိုတော့ သူက “နင်ကို ငါပြောစ၇ာ၇ှိတယ်၊ ဒီမှာဘဲ ပြောမယ်နော်လို့ဆိုလိုက်တဲ့အချိန်မှာ count down က “10”.......“9”..............“8” “ငါ့ဘဝမှာလေနင”် “7” “မ၇ှိ၇င်မဖြစ်ဘူး” “6” “ငါလေနင့်ကိုတခြားသူ” “5” “၇င်ခွင်ထဲလဲမထားနိုင်ဘူး” “4” “ငါနင့်ကိုချစ်တယ်” “3” “နင်ငါ့ကိုချစ်နိုင်မလား” “2” ကျမခေါင်းအလိုလိုအငြိမ့်မှာ “1” “Happy New Year” ပဲ့တင်သံတို့နှင့်အတူ လက်နွေးနွေးလေးတစ်ခုက ကျမလက်ကို ဆုပ်ကိုင်လျှက်ပေါ့။ နှစ်ယောက်သားကြည်နူးနေကြတဲ့မြင်ကွင်းကို ကောင်းကင်ထက်ကေ၇ာင်စုံမီးပန်းတို့က မယှဉ်သာနိုင်ပါဘူးလေ။ ဒီနှစ် နှစ်သစ်မှာ ကျမအလိုချင်ဆုံးဆန္ဒလေးတစ်ခုပြည့်ဝလို့သွားခဲ့ပါပြီ။ သူကပြောတယ် နောင်နှစ်သစ်တွေမှာလည်း တို့နှစ်ဦးလက်တွဲကာ အတူကြို၇အောင်နော်တဲ့......။ ။

Search This Blog

Blog Archive

Visitor

-