ုလူတိုင်းဟာ ကိုယ်ကိုယ်တိုင်အနုပညာကို မဖန်တီးတတ်နိုင်ပေမယ့် သူများဖန်တီးမှုကို ခံစားတတ်၊ ဝေဖန်တတ်၊ ချီးကျူးတတ်၊ အပစ်တင်တတ်တာ လူသဘာဝပါ။ အခုလည်း ဒီပုံလေးတွေကိုခံစားတတ်မှာပါ။ ကလေးတစ်ဦးဆွဲထားသလို ၊ ပန်းချီသင်စလူတစ်ဦးဆွဲထားသလား ထင်မှားမိမှာပါ။ ဒါပေမယ့် လူသားတစ်ဦးဆွဲတာမဟုတ်ဘဲ တိရစ္စာန်တစ်ကောင်ကဆွဲထားတဲ့ ဟာလေးပါ။ ကိုယ်ကိုယ်တိုင် ၀င်ကြည့်ပြီး သူတို့ရဲ့ စွမ်း၇ည်ကို (သင်ကြားနိုင်မှုစွမ်း၇ည်) ချီးကျူးမိတယ်လေ။
လူတွေတောင် သင်ကြားနိုင်တဲ့အခွင့်အရေးတွေရှိနေပါလျှက်နဲ့ တခါတရံမှာ အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်နေပြီး အပျင်းထူတတ်ကြပေမယ့် အသိဥာဏ်မရှိတဲ့သူတောင် သင်ရင်တတ်မြောက်တယ်ဆိုတာကို ကျွန်တော်တွေ့တော့ အပျင်းထူတတ်တဲ့ မကောင်းတဲ့ အကျင့်တွေကိုဖြောက်၇င်း ဘယ်အ၇ာကိုမဆို တတ်အောင်သင်၇င် တတ်မှဘဲဆိုတဲ့ အားကျစိတ်ကလေးနဲ့ ပြုပြင်မှုတွေ စလုပ်တယ်ဗျာ။
မယုံကြည်မှာ စိုး၇ိမ်လို့ သူတို့လေးတွေ စတင်ပုံဆွဲကတည်းက တစ်ကောင်တည်းကိုပဲ ဦးတည်ကာရိုက်ထားတယ်။ လက်မပါဘဲ နှာမောင်းလေးနဲ့ ဆွဲတတ်အောင်သင်ကြားပေးတဲ့ သူတွေကိုလည်း ချီးကျူးမိပါတယ်။
ဒါကသူတို့လေးတွေ တစ်ကောင်ခြင်းစီးဆွဲထာတဲ့ သူတို့ အနုပညာလေးတွေပေါ့ဗျာ။ သူတို့လေးတွေရဲ့ ပုံကို ၀ယ်ယူအားပေးသူတွေကလည်း ဈေးကြီးကြီးပေးပြီးတော့ကို ၀ယ်ယူသွားတာကို တွေ့ခဲ့၇တယ်ဗျာ။
ဒီပုံလေးတွေကိုကြည့်ပြီး လူတိုင်းအားတက်မှု၊ အားကျအတုယူနိုင်မယ်လို့ ယုံကြည်မိတယ်ဗျာ။ ။
0 comments:
Post a Comment