Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


ဒီနေ့လေးဟာ ကျွန်မဘ၀ကို မောင်ဆိုသောလူက ထပ်မံပြောင်းလဲစေခဲ့တယ်လေ။ ပထမအကြိမ်ကလည်း ဒီလိုလုပ်ခဲ့တဲ့သူပါ။ အရာရာကိုသူ့သဘောအတိုင်း လုပ်ဆောင်ခဲ့သူ၊ လစ်လျှုရှုတတ်သူ၊ သူများစိတ်ကိုနဲနဲလေးမှ ဂရုမထားတတ်သူလေ။ အစကတည်းက ဒီလိုမချစ်လို့ ပစ်ခဲ့မယ်ဆို၇င်လည်း လာမချစ်နဲ့ပေါ့ကွယ်။

အခုတော့ သူ့ရဲ့အပြုံး၊ သူ့၇ဲ့စကားလုံးတွေ၊ သူ့ရဲ့ အယုအ၇တွေကြားမှာ တို့လေသာယာကာ နှလုံးသားအစစ်တစ်ခုနဲ့ တစ်သက်တာထာ၀၇အတွက် ချစ်လိုက်မိတယ်။ အများတွေ သတိပေးတားမြစ်နေတဲ့ကြားက သူ့ကိုချစ်ခဲ့တယ်။

ပထမအကြိမ်တုံးက သူစွန့်ခွါစဉ်မှာ တို့ဟာညပေါင်းများစွာ သူ့အတွက်မက်ပြီးငိုခဲ့၇တဲ့ ညပေါင်းတွေကြောင့် အိပ်ယာထဲလဲခဲ့တယ်။ အနာလေးကျက်ခါစမှာတော့ သူကပြန်ပြီးချော့မော့တာကြောင့် ပျော့ခဲ့တဲ့သူလေးပါ။ အနာ၇င်းချိန်မှာ အားပေးခဲ့သူတွေက ကျွန်မရဲ့လုပ်၇ပ်ကြောင့် ကျွန်မကို မခေါ်မပြောဖြစ်တဲ့အထိ ကျွန်မသူ့ကိုချစ်ခဲ့တာပါ။

ဒါပေမယ့် အနာဖြစ်ခဲ့သောဒဏ်ကြောင့် သံသယဆိုတဲ့ အမာ၇ွတ်လေးက ကျွန်မ၇င်ထဲမှာ ကျန်၇စ်ခဲ့ပါတယ်။ သံသယဆိုတာ မထားကောင်းမှန်းသိပေမယ့် ဒီတစ်ကြိမ်မှာတော့ ထင်ထားမျှော်မှန်းထားတဲ့အတိုင်း နှလုံးသားအတုကို အရင်းပြုသူကတော့ ပျော်၇ွှင်စွာနှင့် ကျွန်မကို စွန့်ခွါသွားပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အနာပေါ်အနာဆင့်လေတော့ နာလွန်းလို့ မျက်ရည်ဆိုတာ ရှားပါးပစ္စည်းဖြစ်သွားခဲ့ပါတယ်မောင်ရယ်။ အကယ်၍များ မျက်ရည်တွေဟာ သူ့အတွက်ကျနေတယ်ဆိုတာကို သူသိခဲ့ရင် ထိရောက်တဲ့ စင်တင်ဟာသပြကွက်တစ်ခုကို ကြည့်နေသူကတော့ ဟားတိုက်ကာ ရယ်မောနေမှာ အမှန်ပါ။

သူ့ကိုချစ်သော အချစ်ဆိုသောအ၇ာကို အခုတော့လေ ကျွန်မကိုယ်တိုင် နှလုံးသားသချိုင်းမှာ မြေမြှုပ်ခဲ့တာ ဒါနဲ့ဆို ၂ခါ၇ှိပြီလေ။ ပထမအကြိမ် အချစ်ကိုမြှပ်နှံပြီး မောင်ပြန်လည်တူးဖော်စဉ်က မူလလောက် မကောင်းတော့တဲ့အချစ်ကို ဒီတစ်ကြိမ်မှာ မြှပ်နှံစဉ်မှာတော့ ပြန်လည်တူးဖော်ခွင့်မ၇လောက်အောင် ရုပ်ပျက်နေပါပြီ။ ဘယ်တော့မှာလည်း တူးဖော်လို့၇မယ်မထင်တော့ပါဘူး။ အကယ်၍များ နောင်တတွေပိုက်ပြီး အပြေးပြန်လှည့်ခဲ့ရင်တောင် ဆွေးမြေ့သွားပြီဖြစ်တဲ့ အချစ်ကို ပြန်လည်၇၇ှိတော့မှာ မဟုတ်တော့ဘဲ ကျွန်မကိုယ်စားကမ္ဗည်းထိုးထားတဲ့ နှလုံးသားဂူလေးရှေ့မှာ အစဉ်အမြဲဝမ်းနည်းနေမယ့် သူတစ်ယောက်ကိုသာ တွေ့၇ှိ၇မှာဖြစ်ပြီး ကျွန်မရဲ့အချစ်တို့က အေးမြသော ဘုံတစ်ခုဝယ် နားခိုအိပ်စက်ရင်း သာယာချမ်းမြေ့မှု၊ နွေးထွေးကြင်နာမှုတို့နဲ့ ပြည့်ဝနေမှာအမှန်ပါ။

တစ်ချိန်သောကာလမှာလေ အချစ်စစ်ဆိုတာကို မထိုက်တန်လို့ စွန့်ပစ်ခဲ့သူ၇င်ထဲကို တိုးမ၀င်နိုင်ပေမယ့် အချစ်ကို တန်ဖိုးထားသူ တစ်ဦးတစ်ယောက်ရဲ့ အကြင်နာရိပ်အောက်မှာ နေထိုင်ရင်း........... နောင်တ၇နေသူ၊ အချစ်တုပိုင်၇ှင်အား စာနာသောမျက်ဝန်းတို့ဖြင့် ကြည့်နေမိမှာ အမှန်ပင်ဖြစ်ပါတော့တယ်။ ။

0 comments:

Search This Blog

Blog Archive

Visitor

-