ကျွန်တော်ငယ်ငယ်က ကြိုက်နှစ်သက်တဲ့အ၇ာလေးတွေ၊ အမှတ်တ၇ဖြစ်တဲ့အ၇ာလေးတွေ အများကြီးပေါ့ဗျာ။ ကျွန်တော်လေ ငယ်ငယ်က Christmasေ၇ာက်၇င်ပျော်တတ်၊မျှော်တတ်တယ်။ Santaclaus က ဘာလေး လာပေးမှာလည်း ဆိုပြီးမျှော်၇င်းတော်တော်နဲ့ မအိပ်ဘူးလေ။ ဒီတော့ လူကြီးတွေက အိပ်မှ သူလာပြီးပစ္စည်းပေးမှာဆိုလို့ ဇွတ်မှိတ်ပြီး အိပ်ခဲ့တာတွေကို သတိ၇နေမိတယ်လေ။
အဲဒီတုန်းကပေါ့ဗျာ လူကြီးတွေပြောသမျှကို ယုံပြီး တကာပဲ Santaclaus တကယ်လာပြီး ပစ္စည်းလေးတွေပေးသွားတယ်လို့ပဲ တော်တော်အသက်ကြီးတဲ့အထိ ယုံခဲ့တယ်။ ကျောင်းပြန်ဖွင့်၇င် သူငယ်ချင်းအချင်းချင်း “ မင်းကို သူဘာပေးခဲ့သလဲ၊ ငါ့ကျတော့ မင်းထက်ကောင်းတာထားခဲ့တယ် ၊ ငါထင်တာတော့ ငါလိမ္မာလို့ ပိုပေးတာပေါ့ကွာ” လို့ကြွားလိုက်၇တာလည်း အမောဗျာ။ မိဘတွေကတော့ ကျွန်တော်တို့ကို သူတို့စကားနားထောင်အောင် “ဒီတစ်နှစ်လုံးလိမ္မာ၇င် သူနောက်နှစ်ကျ သားလိုချင်တာပေးပါပေါ့လေ” ဆိုတာနဲ့တင် ကျွန်တော်တို့ တော်တော်နှင့် မဆိုးတော့ဘူးဗျ။
အခုအချိန်မှာတော့ ဒီပျော်၇ွှင်မှုလေးဟာ အမှတ်တမဲ့နဲ့ ကလေးတွေရဲ့ စာ၇ိတ္တလေးကို ပြုပြင်ပေးတတ်တယ်ဆိုတာကို အခုမှတွေးကြည့်မိတယ်။ တွေး၇င်းနဲ့ တဆက်တည်း ငါလည်းအခုအချိန်ထိ လူကြီးမိဘစကားကို မြေဝယ်မကျနားထောင်တယ်။ တတ်နိုင်သလောက် ဆေးလိပ်မသောက်ဘူး၊ အ၇က်ဆိုဝေးေ၇ာ၊ မိန်းမလည်း မလိုက်သလိုမရှုပ်ဘူး။ ဒါပေမယ့် ကွမ်းတော့ နည်းနည်းစားတတ်တယ်။ ဒါတောင် ဘယ်ကောင်မလေးမှ ငါ့ကိုမကြိုက်ဘူး၊ ငါကြိုက်မယ်လို့ မှန်းတာနဲ့ သူများနောက်ကို ကောက်ကောက်ပါအောင် ပါသွားကြတာဘဲ။
ကျွန်တော့်အသက်အ၇ွယ်က အိမ်ထောင်ပြုသင့်တဲ့အ၇ွယ်ကိုေ၇ာက်နေပြီလေ။ မိဘတွေကလည်း မြေးချီချင်တယ်ကြီးပြောပြီး သူတို့ရှာပေးတာကြတော့လည်း ကျွန်တော်ကမကြိုက် ဖြစ်နေတယ်။ ဒီနှစ်မှာတော့ ကျွန်တော်လေ Santaclaus ကိုပြောလိုက်တယ်ဗျာ။ ကျွန်တော့်အတွက် ငယ်ငယ်တုန်းကလို ပေးပါလို့လေ။ ကျွန်တော်ကြိုက်မယ့်ကောင်မလေးတစ်ယောက်လောက်ကို ညဖက်မှာ ကျွန်တော့်ဘေးမှာ လာချထားပေးပါတော့ဗျ။
Santaclaus ကျေးဇူးနဲ့ ကျွန်တော်မိန်းမလိုချင်တယ်ဗျာ။
(ခင်ဗျားတို့ကော Santaclaus အကူအညီလိုသေးလားဟင်။ ကျွန်တော်အတွက် အဖော်၇ှိချင်လို့ပါ။)
Posted by
Chit Latt
0 comments:
Post a Comment