Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

ဒီနှစ် 2009 မှာ ချစ်သူလက်ကိုတွဲပြီး မြို့ထဲကိုအတူသွားကာ 31 တစ်၇က်လုံးကို အနားယူကာ ပျော်လိုက်အုံးမယ်ဆိုတဲ့ အသိလေးကပ်ကာ အတွေးနဲ့ ပျော်နေမိတယ်။ ဒီလိုအတွေးလေးကို ချစ်သူလေးကို ဖုံးခေါ်ပြီး အပြင်မှာတွေ့ကာ နှစ်ကိုယ်တူပျော်၇ွှင်ဖို့အေ၇း တိုင်ပင်၇အောင်ဆိုတော့ ချစ်သူလေးကလည်း တွေ့မယ်ဆိုတော့ စိတ်ငြိမ်ကာအေးဆေးတဲ့ ကာဖေးဆိုင်လေးကို ချိန်းလိုက်ကြတယ်။

နှစ်ကိုယ်ကြားတွေ့တော့ ချစ်သူလေးဆန္ဒလေးကို အ၇င်မေးလိုက်တယ်လေ။ ချစ်သူလေးက မြို့ထဲသွားကာ ၇ုပ်၇ှင်ကြည့်မယ်၊ နှစ်ယောက်သားအကြိုက် hot pot သောက်မယ်၊ shopping လုပ်မယ် ပြီး၇င် မြို့လယ်ခေါင်မှာ stage show ကြည့်ပြီး count down လုပ်ပြီး ၊ နှစ်သစ်ကို ကြိုမယ်တဲ့လေ။ ကျွန်တော့်ဆန္ဒတွေနဲ့ အားလုံး တိုက်ဆိုင်တော့ စိတ်ထဲမှာ ကြည်နူးမိတာပေါ့ဗျာ။ ချစ်သူဆိုတာ တော်တော်များများ အကြိုက်တူတတ်ကြတယ်ထင်ပါတယ်နော်။

ကျွန်တော်လည်း ချစ်သူကို ကြည်နူးစိတ်ကလေးနဲ့ နမ်းအ၇ှိုက်မှာ အေးစက်စက်အထိလေးက ကျွန်တော့်ကို လန့်သွားစေတယ်လေ။ ဘာလို့များ ချစ်သူက ရှက်နေ၇လဲဆိုပြီး အား၇ပါး၇အမွှေးမှာ ချစ်သူကိုယ်စား ဖက်ခေါင်းအုံးလေးရဲ့အိစက်စက်အအေးကလူကို အိပ်၇ာမှ နိုးထစေခဲ့ပါတယ်။ အော် အိပ်မက်လေးနိုးထစေပြီလား။ ၇က်စက်လိုက်တာဗျာ ဒီလိုကြည်နူးစ၇ာကောင်းတဲ့အိမ်မက်ကိုမှ နိုးထစေ၇လားကွာ။

မထူးတော့ပါဘူးဆိုပြီေ၇ထအသောက်မှာ မီးေ၇ာင်ဖျော့ဖျော့အောက်မှာ လှပတဲ့ဖိတ်စာလေးတစ်ခုက လှမ်းလက်စလက်ကလေး၇ပ်တန့်သွားစေပါတယ်။ေ၇ခွက်ဆီ လက်ကမေ၇ာက်တော့ပဲ ဖိတ်စာလေးကို လှမ်းယူကာအဖတ်မှာတော့ ကျွန်တော့ ၇င်သွေးခုန်နှန်းတွေ၇ပ်သွားစေပါတယ်။ သတို့သမီးနေ၇ာမှာတော့ လှပတဲ့ချစ်သူနာမည်လေးလေ ။ သတို့သားက ကျွန်တော်မဟုတ်တဲ့တခြားတစ်ယောက်ပေါ့။ လက်ထက်မဲ့၇က်က 31 December တဲ့ဗျာ။ ဒီလိုနဲ့ ဖိတ်စာလေးကိုချပြီး ပူလောင်တဲ့၇င်ကိုေ၇တဝသောက်ပြီး ပြန်အိပ်လိုက်ပေမယ့်............။ ။

0 comments:

Search This Blog

Blog Archive

Visitor

-