Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

့ဪ... လူတိုင်းလူတိုင်းဟာ ရောက်ရှိလာမယ့် ကိုယ်ရဲ့မွေးနေ့လေးတွေကို မျှော်လင့်ကြီးစွာ စောင့်စားကာ မည်သို့မည်ပုံကျော်ဖြတ်၇မလဲလို့ အမြဲတွေးနေတတ်သူတွေပါ။ မွေးနေ့မှာ party လုပ်မယ်၊ လူတွေကို ဖိတ်ကျွေးမယ်၊ ဘု၇ားတက်ကာ အလှူဒါနလုပ်မယ် စသည်ဖြစ်တနေ့လုံးပျော်ရွှင်ပွဲကြီးတွေကို စည်ကားစွာလုပ်တတ်တာ သဘာဝတရားပါ။ ပိုက်ဆံအနည်းအများပေါ်မူတည်ပြီး ကောင်းမှုတစ်ခုခုကို လုပ်တတ်ကြပါတယ်။ ဒါဟာလည်း ကောင်းသောအလုပ်တစ်ခုပါ။ မွေးနေ့မှာ သူတစ်ပါးဆီက မွေးနေ့ဆုတောင်းလေးတွေ၊ အမှတ်တရလက်ဆောင်လေးတွေ ၇တဲ့အခါမှာလည်း အတော်လေးကိုပျော်ရွှင်မိတာလူသဘာဝတရားပါ။ ဒါတွေက သူများလုပ်ဆောင်နေကြတာပါ။

ကျွန်တော်ကလူတစ်မျိုးပါ။ ဒါကြောင့် လူတော်တော်များများနဲ့ သိပ်ပေါင်းလေ့ပေါင်းထ မရှိတာကျွန်တော့်ရဲ့ အားနည်းချက်တစ်ခုပဲပေါ့ဗျ။ သူများနဲ့ မတူအူကြောင်ကြောင်အတွေးခေါင်တတ်တဲ့ ကျွန်တော့်ကိုလည်း လူတော်တော်များများက အဖက်လုပ်လေ့မရှိပါဘူး။ ဒါကြောင့် ကျွန်တော့်ခံစားချက်တွေကို ရင်ဖွင့်ဖို့ကို ထွက်ပေါက်တစ်ခုအနေထားကာ blogလေးပေါ်မှာေ၇းချလိုက်တာ များတယ်လေ။ အခုလည်း မွေးနေ့လေးကို ဘယ်လိုကျင်းပရင်ကောင်းသလဲ ဆိုတာလေးကိုေ၇းလိုက်ပါတယ်။

ကျွန်တော်ကြီးမှ လုပ်ဖြစ်တဲ့ အလုပ်ကလေးပေါ့နော်။ ကျွန်တော်မှတ်မှတ်ရရ (၂၇)နှစ်မွေးနေ့က စတာပေါ့ဗျာ။ မွေးနေ့ဆိုတာဘာလဲဆိုတာပေါ့ဗျာ။ ကျွန်တော်အဲဒီနေ့မှာတွေးမိတာကတော့ ဪ....ဘု၇ားက ငါ့ကို အသက်ဒီအထိ၇ှည်အောင်ထားထားပါလား။ ဘာလို့လဲ။ လူတွေကို ကောင်းကျိုးပြုစေချင်လို့၊ ဘာသာတရားလိုက်စားဖို့ကို ထပ်အသက်၇ှင်ပေးထားတာနေမှာလို့ အတွေးဝင်လာမိတယ်။ လူတွေကို ပေးဆပ်ဖို့ ငါမှာဘာတွေလိုသေးတာလည်း၊ ငါဘာမကောင်းတာတွေလုပ်ထားတာရှိသေးလဲ ဆိုပြီး ကိုယ့်ကိုယ်စမ်းစစ်ကြည့်တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော် သူများနဲ့ မတူတဲ့ မွေးနေ့ပွဲလေးများစွာကို ကျင်းပလေ့၇ှိပါတယ်။ ကျွန်တော်မွေးနေ့ကို ကျွန်တော့်မိသားစု၊ ခင်မင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေအနည်းငယ်လောက်သာ သိ၇ှိပါတယ်။

ကျွန်တော်မွေးနေ့ေ၇ာက်ရင် အရင်ဆုံးအိပ်ယာက နိုးထတာနှင့် ဘု၇ားခန်းထဲဝင်ပြီး ကန်တော့လိုက်ကာ ဘု၇ားကို အသက်ရှည်ရှည်ထားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း ဘုရားရှိခိုးအပြီးမှာ ဘု၇ားကို စူးစိုက်စွာကြည့်ပြီး ကျေးဇူးတင်ကြောင်းပြောနေမိတယ်။ ထိုနောက် မိဘတွေဆီ သွားပြီး ကျွန်တော့်ကို ဒီအရွယ်ထိလူလားမြောက်အောင် ကျွေးမွေးပြုစုထိန်းကျောင်းပြီး အသိပညာ၊ အတတ်ပညာ၊ နှင့် အသိအလိမ္မာပေးခဲတဲ့အတွက် မေ့မ၇နိုင်တဲ့၊ အနှိုင်းမရှိတဲ့ ကျေးဇူးတွေကို ပြန်ဆပ်ခွင့်ပြုပါ၊ ဆပ်နိုင်တဲ့အနေအထားလေးပေးပါလို့ ပြောပြီးကန်တော့လိုက်မိတယ်။ မိဘတွေ အသက်ဆက်၇ှည်မှ ကျွန်တော် လုပ်ကျွေးခွင့်၇မှာလေ။ ဒါကြောင့် ကန်တော့ရင်းနဲ့ ဆုတောင်းလိုက်တာပါ။

ထိုနောက် ဘုရားကို ပန်း၊ ဆီမီး၊ေ၇ချမ်း၊ ဆွမ်း၊ ဆေး ကပ်လှူကာ အလှူဒါနပြုရင်း တိတ်တဆိတ် ကိုယ်လုပ်၇ပ်များရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို တွေးတောကာ ရှေ့ဆက်၇မည့် မိမိဘဝတိုးတက်ရေး၊ လူအများအားကူညီထောက်ပံ့နိုင်သော လုပ်၇ပ်များကို တွေးတော၇င်း၊ ဘာသာတရားများကို ဖတ်ရှုလေ့လာရင်းဖြင့် ကုန်ဆုံးစေပါတယ်။

မွေးနေ့ဆိုတာ ကျွန်တော်အတွက်ကတော့ ကျွန်တော်အသက်ရှင်ရပ်တည်နိုင်အောင် ပြုလုပ်ပေးသူ မိဘတို့၏ ကျေးဇူးတရားကို ဆင်ခြင်အောက်မေ့ကာ ပြန်လည်ကျေးဇူးတရားအား ဆပ်နိုင်ဖို့ ကသာ အဓိကပါ။ ဒီ အနန္တဂိုဏ်းဝင်၊ ဘာသာတရားကိုင်းရှိုင်းသော မိဘရဲ့သားသမီးဖြစ်ခွင့်ရကာ၊ ကုသိုလ်၊ အကုသိုလ်တရားကို သိရှိအောင်လမ်းမှန်ကိုလမ်းညွှန်ပေးသော မြတ်စွာဘုရား၏ တရားအလင်းပြမှုတွေကလည်း ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သော အသိဥာဏ်တွေပါ။ ဒီအသိဥာဏ်တွေကို လက်ဆင့်ကမ်းခေါ်ဆောင်ရင်းဖြစ် သူတစ်ပါးအကျိုးသယ်ပိုးနိုင်သော သားကောင်းရတနာ တစ်ပါးဖြစ်ဖို့ရင် လက်ရှိနေနေ၇သောဘဝအချိန်တိုလေးတွင်းမှာ ရင့်ကျက်တည်ငြိမ်သော အသိတရားရှိကာ လက်တွေ့အသုံးချဖို့အရေး မြတ်စွာဘု၇ားအား ခွန်အားပေးလှည့်ပါဟု ဆုတောင်းရင်းဖြင့် မွေးနေ့ရှင်တိုင်းအားလုံး စစ်မှန်သောတရားစစ်များ၇ရှိပြီး သက်ကျော်၇ာကျော်၇ှည်စေရန် ဆုတောင်းရင်းဖြင့်.......................... ။ ။

(ကျွန်တော်မွေးနေ့ကို ဖြတ်ကျော်ပုံလေးပါ။ ဒီလဟာ ကျွန်တော့်မေမေရဲ့မွေးလလေးပေါ.။ သူသင်ပြပေးလို့သာ ကျွန်တော်ရဲ့မွေးနေ့လေးကို ဒီလိုရိုးရိုးရှင်းရှင်းနှင့် အဓိပ္ပါယ်ရှိရှိ ဖြတ်ကျော်ဖြစ်ခဲ့တာပါ။ ဒီစာလေးနဲ့ မေမေနှင့် ဖိုးဖိုးအားကန်တော့လိုက်ပါတယ်။)

0 comments:

Search This Blog

Blog Archive

Visitor

-