လူ့ဘဝဆိုတာ ရှုပ်ထွေပွေလီလွန်းကာ ဒုက္ခတွေနှင့် မွေးဖွားလာတာပါ။ ဒုက္ခဆိုတာ လူတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကို စမ်းတာပါ။ ဘယ်လောက်စိတ်၇ှည်ရှည်ထားကာ၊ တည်တည်ငြိမ်ငြိမ်နဲ့ အ၇ာတွေကို ဖြေ၇ှင်းနိုင်မလဲ ဆိုတာပါဘဲ။ စိတ်၇ှည်ရှည်ထားနိုင်ကာ၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနေသူတွေသာ ဒီနေ့မှာ အောင်မြင်နေကြသူတွေပါ။ ဒုက္ခကို လွယ်လွယ်နဲ့ အရှုံးပေးလိုက်တဲ့သူတွေဟာ ဘဝကို စိန်ခေါ်နိုင်စွမ်း မရှိသူတွေပါ။ တစ်ခါ အရှုံးပေးလိုက်၇င် ဘယ်တော့မှ သူ့ကို အနိုင်မ၇တော့ဘူး။ ထာဝရ ရှုံးပြီ သာမှတ်လိုက်ပါ။ ဒါပေမယ့် နောက်တစ်နေရာမှာ ကြိုးစားကြည့်သေးရင်တော့ အချိန်မှီသေးတာပေါ့နော်။ တကယ်လည်းဘဲ ဒုက္ခ၊ သောကဆိုတာဟာလည်း အပေါင်းအဖော်နဲ့ လာတာပါ။ မထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်ဘဲ အပြုံလိုက်ရောက်တဲ့ ဧည့်ဆိုးတွေပါပဲ။ လူဘဝဟာ သင်္ချာတွက်နေရသလိုပါဘဲ။ တဖြည်းဖြည်းအဆင့်မြင့်တဲ့၊ ခက်ခဲတဲ့၊ ရှုပ်ထွေးတဲ့ ပုစ္ဆာတွေကို အသက်နှင့် ဥာဏ်ရည်ပေါ်မူတည်ပြီး တွက်နေသလိုမျိုးပါပဲ။ ဒီအခက်ကို မကျော်လွှားနိုင်သ၍ နောက်ထပ်ကြီးမားတဲ့ အခက်မှန်သမျှကိုလည်း မကျော်လွှားနိုင်တော့ပါဘူး။ ဒါပေမဲ့ အခက်တစ်ခုတွေ့ပြီးလျှင် နောက်ထပ်အခက်တွေလာအုန်းမှာ အမှန်ပါ။
လူတွေက အားနေ၇င်စိတ်ဆင်းရဲတယ်၊ စိတ်ပျက်တယ်နဲ့ ပြောပြောနေကြတာ ကျွန်တော် အပါအဝင်ပေါ့လေ။
လာသမျှ အပူတွေကို သေသေချာချာ စဉ်းစားရင် ဘယ်အ၇ာမှ အသက်ကိုထိခိုက်လောက်အောင် ဒုက္ခမပေးပါဘူး။
သူများကိုပူပန်ခြင်း
ပထမအပူက သူများကို ပူပန်ခြင်းပါ။ လူတွေက ငါမရှိ၇င် ဒုက္ခပါဘဲလို့သာ တွေးနေတာ၊ ပူပန်နေတာပါ။ တကယ်မရှိလျှင်လည်း သူတို့ဘာသာ သူတို့ ရပ်တည်နေနိုင်ပါတယ်။ ကိုယ်မျှော်မှန်းသလောက်ပဲ ဖြစ်မလာတာ ရှိမှာပါ။ တကယ်တမ်းတော့ လူတွေဟာ သူဟာသူချစ်သူတွေပါ။ ကိုယ်ဒုက္ခရောက်မယ့် အဖြစ်ကို မလုပ်ကြပါဘူး။ ပူပန်နေသူရှိလို့သာေ၇သာခိုနေကြတာပါ။
သူများအတွက်အပူသောကကို ရှုင်းနည်း
ကိုယ်ကပူနေတော့ကော သူတို့က ပြင်ကြမှာတဲ့လား။ ဒါကတော့ ဆိုးတဲ့သူကို ပူပန်တာလေ။ လောလောလတ်လတ် မပြင်ကြပါဘူး။ မြတ်စွာဘုရားတောင်မှ ချွတ်လို့၇သူကိုသာ ချွတ်ခဲ့တာပါ။ ဘုရားရှင် ချွတ်မ၇သူတွေ အများကြီးပါ။ ဒါတောင် အချိန်အခါကိုစောင့်စားပြီးမှ သင့်လျော်၇ာ တရားနှင့်သာ ချွတ်ခဲ့တာပါ။ ဒါကြောင့် ပုထုစဉ်လူသား ကျွန်တော်တို့က တော်တော်ကြိုးစားမှသာလျှင် ကျွန်တော်တို့ဘက်ကို ရောက်လာမှာပါ။
မိသားစု ကျန်းမာေ၇း၊ လူမှုေ၇း၊ စီးပွါးေ၇း အတွက် ပူပန်ခြင်းပါ။ သူတို့နဲ့ အနီးကပ်နေစဉ်မှာ သူတို့ကို တတ်နိုင်သလောက် လုပ်ကျွေးပြုစုမယ်၊ သူတို့ စိတ်ချမ်းသာအောင် ကိုယ်၊စိတ်နှစ်ပါးနှစ်ကာ ငွေအား၊ လူအား၊ စိတ်အား ဖြင့်ထောက်ပံ့ပေးရမယ်။ ကိုယ်ကအဝေးရောက်နေရင်တော့ ငွေအား၊ စိတ်ဓာတ်အားဖြင့် ထောက်ပံ့ပေး၇မယ်ဗျာ။ အဝေးမှာ ကိုယ်ကလည်း သူတို့ မပူပန်တတ်သူ၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာသူ တစ်ယောက်ဖြစ်အောင်နေရတော့မှာဗျ။ ဒါမှ သူတို့ကလည်း ကိုယ့်အတွက်စိတ်အေးရမှာလေ။
ဒါကိုမှ သူတို့အတွက် လှမ်းပူနေရင်လည်း သူ့ကိုကိုယ်မကူနိုင်၊ ကိုယ့်ကိုသူမကူညီနိုင်တဲ့ အနေအထားပဲ ရှိပြီး နှစ်ဖက်စလုံး သောက၊ ဒုက္ခတွေ့ရမှန် အမှန်ပါ။ ကိုယ်လုပ်စရာရှိတာကို သောကကြားမှ စိတ်အေးအေးမှန်မှန်နဲ့ မြန်မြန်လုပ်ပါမှ သူတစ်ပါးကို ကိုယ်က ကူညီနိုင်မှာလေ။ ဒါကြောင့် ကိုယ်လုပ်စရာရှိတာကို အမှားအယွင်းမရှိ လုပ်နိုင်ဖို့ကသာ အဓိကပါ။ ကိုယ့်မှာ ပြည့်မှသာ သူများကို ကူညီနိုင်မယ်လေဗျ။ မြတ်စွာဘုရားဟာ တရားသိပြီး ဘုရားရှင်ဖြစ်ပြီးမှသာ သူတစ်ပါးကို တရားဒေသနာတော်ဟောကြားတော်မူခဲ့တာပါ။
ကိုယ့်အတွက်ပူခြင်း
နောက်တစ်ချက်က ကိုယ့်အပူ၊ ကိုယ့်လောဘကြောင့် စိတ်ညစ်တာပေါ့ ဗျာ။ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ၊ ကျန်းမာေ၇းမကောင်းတာတွေ၊ စိတ်တိုင်းမကျတာတွေကြောင့်လေ။ ဒါကလည်း စဉ်းစားကြည့်ရင် လွယ်လွယ်လေးပါဗျာ။ ဘယ်အ၇ာမှ ကိုယ်လုပ်တိုင်းမ၇တာကို စိတ်ထဲမှာထည့်ထားရမယ်။ ဒါကိုသိမှ ကိုယ့်စိတ်ကို ကိုယ်ဖြေနိုင်မှာပေါ့။ ကိုယ်လုပ်တိုင်းသာ ဖြစ်နေမယ်ဆိုရင်မြတ်စွာဘုရားဟာ အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူမှာ မဟုတ်ဘူးလေ။ လုပ်တိုင်းမ၇တာ အနတ္တပေါ့ဗျ။ ဒါပေမယ့် ကိုယ်လုပ်စရာရှိတာကိုသာ သတိရှိရှိနဲ့ ဆက်လုပ်ဆောင်နေရမှာပေါ့ဗျာ။ အစကတည်းက ဘာသာတရားလုပ်တယ်ဆိုတာ သောက၊ ဒုက္ခ၊ သုခတွေ တွေ့ကြုံလာလျှင် အေးငြိမ်းစွာ ကျော်ဖြတ်ဖို့ပါ။
ဘာသာတရားလုပ်သူတိုင်းဟာ heaven (သို့) နိဗ္ဗာန်ကို ၇ည်စူးနေကြတယ်။ အခုလက်၇ှိအကျိုးဆက်ကို အသုံးချဖို့ကို မေ့လျော့နေကြတယ်ဗျ။
ဖြေရှင်းနည်း
ဒီအပူသောက၊ ဒုက္ခတွေကို ဖြေရှင်းနည်းက အဓိကကတော့ စိတ်ဓာတ်ထားတတ်ဖို့ပါ။ ပုထုစဉ်ဆိုတော့ စိတ်ညစ်တာကို ဘယ်သည်းခံနိုင်မလဲ။ ဒါကြောင့် ထွက်ပေါက်ဖြစ်တဲ့ သီချင်းနားတောင်၊ အပြင်ထွက်၊ ငို၊ သူတစ်ပါးကိုရင်ဖွင့်လိုက်တာ၊ သီချင်းအော်ဆိုတာ၊ ဂိမ်းကစားတာ၊ ဘု၇ားရှိခိုးတာ၊ အ၇က်သောက်တာ၊ night club တက်တာ စသည် စိတ်ထွက်ပေါက်တွေကို လိုက်ကြပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ စိတ်ထွက်ပေါက်၊ ကိုယ့်အတွက် အန္တရယ်မဖြစ်စေတဲ့ ထွက်ပေါက်ကိုသာလုပ်သင့်တယ်။ လုပ်ပြီးလို့ စိတ်ပေါ့သွားပြီလို့ ခံစား၇တာနှင့် ကိုယ်ပူနေလည်း ဖြေရှင်းနည်းကောင်းထွက်မှာမဟုတ်ဘူးလို့ စိတ်ထဲမှတ်ကာ လုပ်သင့်တဲ့နည်းလမ်းကောင်းများကို စာအုပ်ပေါ်မှာ ချရေးပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ကာ လုပ်သင့်ပါတယ်။ ဒီအတောအတွင်းမှာ တရားမထိုင်ပါနှင့်၊ စိတ်ကိုအနားမပေးဘဲ တစ်ခုခုကို လုပ်နေတာမျိုးကိုလုပ်ပေးပါ။ ကိုယ်ကိုအနားမပေးမှ အတွေးဆိုတာ ဝင်ရောက်မလာနိုင်ပါဘူး။ ဘာမှလုပ်စရာမရှိလျှင် ပျော်၇ွှင်စ၇ာ စာအုပ်တို့၊ အလုပ်တို့ကို concentration ရအောင်လုပ်နေတာဟာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။ ထိုနောက်မှာ အချိန်ဆိုသော အတိုင်းအတာတစ်ခုအောက်မှာ အားလုံးဟာ မကြာခင်ပြီးဆုံးသွားပါလိမ့်မယ်။ နောင်အနာဂတ်မှာတော့ ဒါတွေဟာ အမှတ်၇စရာ၊ ရီစရာ၊ သင်ခန်းစာယူစရာ အဖြစ်အပျက်လေးတွေသာ ဖြစ်နေမှာ အမှန်ပင်ဖြစ်ပါတော့သည်။ ။
(ဒါတွေကတော့ ကျွန်တော်အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသလဲ ဆိုတာပေါ့ဗျာ။ လူတစ်ယောက်မှာရှိတဲ့ လက်ချောင်းတွေတောင် အတိုအရှည်မတူကြသေးတာ၊ တစ်ယောက်နဲ့ တစ်ယောက်ဖြေရှင်းပုံခြင်းလည်း ဘယ်တူမလဲနော်။ ဒီစာကို ဖတ်အပြီးမှာ စိတ်ရွှင်မှု အနည်းငယ်ရတယ်၊ နည်းလမ်းတစ်ခုခုရသွာတယ် ဆိုရင်ပဲ ကျွန်တော်ကျေနပ်လှပါပြီ။ ထပ်ပြီး ကျွန်တော့်ရဲ့ အသိဥာဏ်နည်းပါးမှု၊ အားနည်းမှုတွေကို ဝေဖန်မယ်ဆိုရင်တော့ ဝမ်းသာစွာဖြင့် လက်ကမ်းနေပါတယ်။ )
Posted by
Chit Latt
0 comments:
Post a Comment