Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

ငယ်ငယ်တုန်းက ရိုးသားသောသစ်ခုတ်သမားနှင့် ပေါက်ဆိန်သံုးလက် ပုံပြင်လေးဟာ လူတိုင်းကို ရိုသားမှုရှိစေရန် ဆုံးမထားသော ပညာပေးပုံပြင်လေး ဆိုတာ လူတိုင်းအသိပါ။

အခုအခါမှာတော့................

ပုံပြင်လေးက ဒီလိုပါ။ သစ်ခုတ်သမားဟာ ဇနီးသည်နှင့်အတူ မြစ်ကမ်းဘေးမှာ လမ်းလျှောက်လာရင်း မမျှော်လင့်ဘဲ ဇနီးသည်ဟာ ခြေချော်ကာ မြစ်ထဲကို ကျသွားပါလေ ရောကွယ်။ ဒီတစ်ကြိမ်မှာလည်း မြစ်စောင့်နတ်ကပေါ်လာပြီး ငိုနေတဲ့သစ်ခုတ်သမားကို အကျိုးအကြောင်းမေးမြန်းကာ ရေထဲကို ငုတ်လျှိုးပြီး ပြန်အပေါ်မှာ
Angelina Jolie ပါလာသတဲ့။ ထိုနောက် “ဒါဟါမင်းဇနီးလား” လို.မေးတဲ့အခါ သစ်ခုတ်သမားက “ဟုတ်ကြောင်း” ပြောတော့ နတ်သားက “မောင်မင်းဟာ လူလိမ်ဘဲ။ ဒါဟာ မောင်မင်းဇနီးမှ မဟုတ်တာ။” လို. ပြောသတဲ့။

ဒီမှာတင် သစ်ခုတ်သမားက “ခွင့်လွှတ်ပေးပါ နတ်မင်းကြီးရယ်။ ကျွန်တော်မျိုးကို နားလည်မှုလွဲတာကို ရှင်းပြပရစေ။
ကျွန်တော်မျိုးက မဟုတ်ဘူး ဆိုရင် နောက်တစ်ကြိမ်မှာ Lindsay Lohan ကို ခေါ်လာမယ်။ မဟုတ်ဘူး ဆိုရင် နောက်ဆုံးမှ ကျွန်တော်မျိုး ဇနီးကို နတ်မင်းကြီးကခေါ်လာပေးပြီး ကျွန်တော်မျိုးက ဟုတ်ကြောင်းပြောရင် ရိုးသားမှုလို. ဆိုပြီး ဒီအမျိုးသမီး (၃)ယောက်လုံးကို ကျွန်တော်မျိုးအား ပေးသနားရင်
ဆင်းရဲသားကျွန်တော်မျိုး ဒီအမျိုးသမီး (၃)ယောက်လုံးကို မလုပ်ကျွေးနိုင်ပါသဖြင့်
Angelina Jolie ဟာ ကျွန်တော်မျိုးရဲ. ဇနီးပါလို. ဖြေကြားခြင်း ဖြစ်ပါတယ်။”

translating from
Modern Woodcutter and Three axes by Ali [The classic textbook story]

ဒီဝတ္ထုလေးဆိုလိုတာက ဘယ်အချိန်မိျုးမှာမဆို ယောကျာ်းတိုင်းဟာ လိမ်လည်တတ်ကြပြီး ထိုလိမ်လည်မှု အတွက် သူတို.မှာ ရိုးသားကောင်းမွန်ပါတယ် ဆိုတဲ့ ဆင်ခြင်မှုတွေနဲ. သူတစ်ပါးပေါ်မှာ အနိုင်ယူအမြတ်ထုတ်တတ်ကြတဲ့ သူတွေဆိုတာ ဒီပုံပြင်က တင်ပြထားပါတယ်။

0 comments:

Search This Blog

Blog Archive

Visitor

-