ပူပြင်းခြောက်သွေ့တဲ့....နွေတစ်နေ့မှာ
သေးငယ်ရွံ့ရှာဖွယ်...အဆင်းနှင့်ပိုးတုန်းလုံးခမျာ
ပြောင်းလဲရန်သင့်ချိန်မို့
ကြောက်စိတ်ကိုသွေဖယ်.... အားမာန်အပြည့်သွင်းလို့
အရဲစွန့်ကာ..ခွန်အားတွေသုံး
အသွင်မတူ...စရိုက်ခြားတဲ့...ဘဝတွက်
စွန့်စားစွာ..အရေခွံပြောင်း
ဘဝဟောင်းကို...ထားခဲ့ကာ
အလှတရားနှင့် .. ဘဝခြားတဲ့ ...လိပ်ပြာငယ်အဖြစ်
သူ့..ဘဝသစ်....စခဲ့လေပြီ။ ။
Apr
28
Posted by
Chit Latt
0 comments:
Post a Comment