ကြယ် မစုံ
လ မပျယ်
နှင်းဖွဲနေတဲ့ နံနက်ခင်း
အမှတ်မထင်
ချစ်သူ့လက်ကို စွဲစဉ်
အမြဲမကွာ တစ်ဘ၀မှာဖြစ်
သက်ဆုံတိုင် တူယှဉ်တွဲ
ခရီးလမ်း အဆုံးကို
ဖြတ်ကျော်စို့ တူစုံနှစ်ဖြာ
ကတိတွေဖလှယ် အကြင်နာမပြယ်ခဲ့သမို့
အချိန်တွေပြောင်း
ရွက်သစ်တွေလည်းဟောင်းခဲ့ခါမို့
ဆံဖြူသွားကျိုး
မီးစာလည်း ကုန်လုလုမို့
နှစ်ဦးသားမှာတော့
ယခုချိန်ခါမှာဖြင့်
တောင်မွှေးကို တစ်ဘက်ကကူ
ခြားတစ်ဖက်မှာ အမယ်အို့ လက်ကိုယူလို့
နှစ်ဦးတူပြိုင် နိဗ်ဗာန်ဝင်ဖို့
ခပ်လှမ်းလှမ်းဆီက
တချက်ချက်မှ ကလူတဲ့
ဆွဲလွဲသံမြူသာချိုတဲ့
ဘုရားကျောင်းရှိရာဆီသို့
ရောင်ခြည်များ စမထိုးခင်
သွားကြပါစို့ ခင်နှမငယ်ရယ်။ ။
Posted by
Chit Latt
0 comments:
Post a Comment