အပျံသင်စ ငှက်ငယ်
ပျံစမ်းချင်တာ
သဘာဝပေမယ့်
အရွယ်သင့်တဲ့ ငှက်
သိုက်မြုံကို စွန့်ခွါဖို့
ခွန်အား စွမ်းအားနှင့်
ကြံခိုင်မှုတို့ယူ
ဥာဏ်ရည်ကို ကူလို့
လေရေနှင့် သွင်ပြင်မတူတဲ့
တစိမ်းမြေမှာ .....
ဘဝရပ်တည်မှုတွက်
ကြိုးစားရုန်းကန်ရင်း
အချိန်တွေကုန် ... အားတွေသုံးလို့
မွေးမြေကို ..
လွမ်းတဲ့စိတ်
ဖြေသိမ့်တွေးရင်း
ငါ ..... ကြီးပြင်းခဲ့ရပြီပေါ့ကွယ်။ ။
Posted by
Chit Latt
0 comments:
Post a Comment